စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းတွင် Eleven Media Group မှ တတိယအကြိမ် ကထိန်သင်္ကန်းကပ်အလှူတော်ပွဲကျင်းပ

စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းတွင် Eleven Media Group မှ တတိယအကြိမ် ကထိန်သင်္ကန်းကပ်အလှူတော်ပွဲကျင်းပ
Published 23 October 2017

စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းတွင် Eleven Media Group မှ တတိယအကြိမ် ကထိန်သင်္ကန်းကပ်အလှူပွဲ ကျင်းပနေစဉ်

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ နယ်ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းတွင် အောက်တိုဘာ၂၂ ရက်က Eleven Media Group မှ တတိယအကြိမ် ကထိန်သင်္ကန်းကပ် အလှူတော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်တောက်ကျေးရွာသည် ၂၀၁၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းက မုန်းချောင်းရေကြီးရေလျှံမှုကြောင့် ရွာဦးစေတီ၊ ရွာဦးကျောင်း၊ စာသင်ကျောင်းများ အပါအဝင် ရွာလုံးကျွတ်ရွှံ့နုန်း နှင့် သဲများပို့ခဲ့ပြီး မူလကျေးရွာ၏ အနောက်တောင်ဘက်ရှိ ကုန်းမြင့်ပေါ်သို့ ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

အိမ်ခြေ ၁၄၀ ကျော်ရှိသည့် ထိုကျေးရွာအတွက် ရွာလုံးကျွတ်ပျက်စီးပြီးစက Eleven Media Group နှင့် စေတနာရှင်အလှူရှင်များ ရေဘေးလှူဒါန်းမှု အစီအစဉ်က ဆန်အိတ် ၅၀၀ ကျော်နှင့် အခြားလူသုံးကုန်ပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်များ ထပ်မံကြုံတွေ့လာလျှင် ဆရာတော်သံဃာတော်များ အပါအဝင် ကျေးရွာနေ ပြည်သူများ အန္တ ရာယ်ကင်းစွာ စုဝေးနေထိုင်နိုင်ရန် Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေဘေးလှူဒါန်းမှု အစီအဉ်က ကျပ်သိန်း ၁၀၀၀ တန် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ထပ်မံတည်ဆောက်လှူဒါန်းခဲ့ကြောင်း၊ ထို့ပြင် ယင်းဘုန်းတော်ကြီးကျောင်းအတွက် ဘုရားဆင်းတုတော် အကြီးတစ်ဆူကို Eleven Media Group ၏ C.E.O ဒေါက်တာသန်းထွဋ် အောင်မိသားစုမှ လှူဒါန်းခဲ့ပြီး နှစ်ကျိပ်ရှစ်ဆူ ဘုရားဆင်းတုတော်ငယ်များကို Eleven Media Group ဝန်ထမ်းများက လှူဒါန်းခဲ့ကြောင်း ထိုကျောင်းတွင် နှစ်စဉ် ကထိန်သင်္ကန်းကပ် အလှူတော် ကျင်းပလေ့ရှိခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် တတိယအကြိမ် ကထိန်သင်္ကန်းကပ် အလှူတော်ကို ကျင်းပခြင်းဖြစ်သည်။

“Eleven Media မိသားစုကနေပြီးမှ ဘုန်းဘုန်းတို့ ရွာလုံးကျွတ် ပျက်စီးခဲ့ရချိန်ကစပြီး လှူဒါန်းမှုတွေ အများကြီးပေးခဲ့ပြီး ကျပ် သိန်း ၁၀၀၀ တန် ကျောင်းကြီးကို တည်ဆောက် လှူဒါန်းခဲ့တယ်။ အဲဒီကျောင်းကြီးမှာ ဘုန်းဘုန်းတို့ အပါအဝင် ကျေးရွာသူကျေးရွာသား တွေလည်း နေ့စဉ် မှီခိုနေကြရတော့ အဲဒီလိုလှူဒါန်းမှုတွေကြောင့် အလှူရှင်တွေမှာ ကုသိုလ်တွေ နေ့စဉ်ရနေမှာပါ။ ဒီကျောင်းမှာ နှစ်စဉ်လည်း ကထိန်အလှူလာကျင်းပပြီး အခုနှစ်မှာ လည်းသုံးကြိမ်မြောက်အထိ လှူဒါန်းခဲ့တော့ ဒီကုသိုလ်တွေကိုလည်း နေ့စဉ်နေ့စဉ် ထပ်မံခံစားကြရပြီး အလှူရှင်အားလုံးစိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုတောင်းပါတယ်” ဟု ပွင့် တောက်ကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးဝိသုဒ္ဓက မိန့်ကြားသည်။

အဆိုပါအလှူပွဲသို့ ပွင့်တောက်ကျေးရွာ နှင့် အနီးတစ်ဝိုက်ရှိ မကြီး၊ ဘူး၊ ဘိုကုန်း၊ ချီ၊ ချီချောင်း၊ ထက်လယ်ကျေးရွာများမှ သံဃာတော် ၁၁ ပါးကို လှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ပြီး ယင်းကျေးရွာနေ ပြည်သူများလည်း ကထိန်အလှူတော်သို့ လာရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent