ဘူးသီးတောင်၊ မောင်တောမြို့နယ်ရှိ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန/ ခွဲများအနက် အချို့သာ ကျန်းမာရေးစောင့်ရှောက်မှု ပြန်လည်ဆောင်ရွက်လျက်ရှိပြီး ကျန်နေရာများမှာ စတင်နိုင်ခြင်း မရှိသေး

ဘူးသီးတောင်၊ မောင်တောမြို့နယ်ရှိ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန/ ခွဲများအနက် အချို့သာ ကျန်းမာရေးစောင့်ရှောက်မှု ပြန်လည်ဆောင်ရွက်လျက်ရှိပြီး ကျန်နေရာများမှာ စတင်နိုင်ခြင်း မရှိသေး
Published 22 October 2017

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရွေ့လျားအထူးဆေးအဖွဲ့က ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးနေစဉ်

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ရှိ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေးဌာနခွဲများအနက် အချို့သာ ကျန်းမာရေးစောင့်ရှောက်မှု ပြန်လည်ဆောင်ရွက်လျက်ရှိပြီး ကျန်နေရာများမှာ ပြန်လည်စတင်နိုင်ခြင်း မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ဘူးသီးတောင်မြို့နယ်၏ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေအရ ဖြစ်စဉ်ဖြစ်ပွားချိန်မှ စ၍ လက်ရှိအထိ ဘူးသီးတောင်မြို့ နယ်ဆေးရုံမှာ ပုံမှန်အတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ ဘူးသီးတောင်မြို့နယ်၌ တိုက်နယ်ဆေးရုံနှစ်ရုံရှိပြီး ဖြစ်စဉ်ဖြစ်ပွားချိန်၌ တိုက်နယ်ဆေးရုံနှစ်ရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့ရပြီး ယခုအခါ စေတီတောင်တိုက်နယ်ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်ရာ တောင်ဘဇာတိုက်နယ်ဆေးရုံ၌မူ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည်စတင်နိုင်ခြင်း မရှိသေးကြောင်း၊ ဘူးသီးတောင်မြို့ နယ်၌ ကျေးလက်ကျန်းမာရေးဌာန ခြောက်ခုအောက်၌ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၂ ခုရှိပြီး စေတီတောင် ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ လေးခုစလုံး၊ ညောင်ချောင်း ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ လေးခုအနက် သုံးခုနှင့် သပိတ်တောင် ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ ရှစ်ခုအနက် နှစ်ခုမှာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်ပြီး ကျန်ကျေးလက် ကျန်းမာရေးဌာနခွဲများတွင်မူ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ ဘူးသီးတောင်မြို့နယ်တွင် ယာယီကယ်ဆယ်ရေးစခန်း ကိုးခုရှိပြီး ဘူးသီးတောင်အခြေစိုက် ရွေ့လျားဆေးအဖွဲ့ငါးဖွဲ့နှင့် စေတီတောင် အခြေစိုက် ရွေ့လျားဆေးအဖွဲ့တစ် ဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မောင်တောမြို့နယ် ဆေးရုံသည် ဖြစ်စဉ်ဖြစ်ပွားချိန်မှစ၍ ယနေ့ အထိ ပုံမှန်အတိုင်း ကျန်းမာရေးစောင့် ရှောက်မှုပေးလျက်ရှိကြောင်း၊ မောင်တောမြို့နယ်၌ တိုက်နယ်ဆေးရုံ လေးခုရှိပြီး တိုက်နယ်ဆေးရုံအားလုံးတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ မောင်တောမြို့နယ်၌ ကျေးလက်ကျန်းမာရေးဌာန ငါးခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၁ ခုရှိပြီး ကျေးလက်ကျန်းမာရေး ဌာနအားလုံး လုပ်ငန်းများပြန်လည် ဆောင်ရွက်နေပြီဖြစ်သော်လည်း ကျေးလက်ကျန်းမာရေးဌာနခွဲများမှာမူ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းနှင့် မောင်တောမြို့နယ်တွင် ယာယီကယ်ဆယ်ရေးစခန်း ၂၇ ခုရှိပြီး ရွေ့လျားဆေးအဖွဲ့ သုံးဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့များရှိ ဒေသခံတိုင်းရင်း သားများသည် စစ်တွေမြို့ပေါ်၌လာ ရောက်တိမ်းရှောင်ခိုလှုံခဲ့ကြသဖြင့် ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိခဲ့ပြီး ရွေ့လျားဆေးအဖွဲ့များဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ယာယီကယ်ဆယ်ရေး စခန်း ၃၀ တွင် အိမ်ထောင်စုပေါင်း ၁၁၁၃ စု၊ လူဦးရေ ၃၆၉၀ ခိုလှုံလျက် ရှိပြီး ရွေ့လျားဆေးအဖွဲ့ ၁၀ ဖွဲ့ဖြင့် အလှည့်ကျ ကျန်းမာရေးစောင့်ရှောက်  ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent