ပန်းတောင်းမြို့နယ် ပဲကြီးကျေးရွာအနီး ပုသိမ်-မုံရွာလမ်းပေါ်တွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ရာ အမျိုးသမီးနှစ်ဦး သေဆုံး

ပန်းတောင်းမြို့နယ် ပဲကြီးကျေးရွာအနီး ပုသိမ်-မုံရွာလမ်းပေါ်တွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ရာ အမျိုးသမီးနှစ်ဦး သေဆုံး
Published 23 October 2017

အောက်တိုဘာ ၂၂ ရက် နံနက် ၇ နာရီ ခန့်က ပန်းတောင်းမြို့နယ် ပဲကြီးကျေးရွာအနီး ပုသိမ်-မုံရွာလမ်း မိုင်တိုင်အမှတ် ၁၄၉/ ၆ အနီး၌ မုံရွာဘက်မှ ပုသိမ်ဘက်သို့ ယာဉ်မောင်း  ဇော်မင်းမောင်းနှင်လာသော Higer အပြာနုရောင် ဘုရားဖူးယာဉ်မှာ လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ ကျွန်းပင်အားတိုက်မိကာ တိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သတင်းစပြီးကြားတာကတော့ ရန်ကုန်နာကူအသင်းကနေပြီးတော့ ဖုန်းဆက်လို့ပါ။ ဘုရားဖူးကားတစ်စီး တိမ်းမှောက်နေတယ်ဆိုတော့ ကျွန်တော်တို့စုံစမ်းဖို့ သွားခဲ့ပါတယ်။ နဂါးလိန်တန်းက အရေးပေါ် ကယ်ဆယ်ရေးကားတစ်စီး၊ ကျွန်တော်တို့ အသင်းကနှစ်စီးပေါ့။ လမ်းတစ်ဝက်လောက် အရောက်မှာ သေချာတဲ့သတင်းရတယ်။ ပဲကြီးနားမှာဆိုတော့ ဥသျှစ်ပင်နာကူအသင်းက ရောက်နေပြီး သူတို့ကယ်ထုတ်နေတယ်။ ကားပြန်ထောင်ဖို့လုပ်နေတယ်ဆိုလို့ တစ်စီးပြန်လာတယ်။ ကျန်နှစ်စီးကိုတော့ လွှတ်လိုက်တယ်။ ကယ်ထုတ်နေဆဲမှာ တစ်ဦးဆုံးတယ်။ နောက်တစ်ဦး ထပ်ဆုံးတယ်လို့ ကြားရတယ်” ဟု မိုးမေတ္တာ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမိုးကြီးက ပြောကြားသည်။

မော်တော်ယာဉ်ပေါ်ပါလာသူ ၃၂ ဦး အနက် အမျိုးသမီးနှစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူ  ၂၀ ဦးရှိခဲ့ပြီး ရဲအုပ်ဇော်ဝင်းထွဋ်က တရားလိုပြုလုပ်ကာ ထုံးဘိုတိုက်နယ် နယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၅/ ၂၀၁၇၊ ပုဒ်မ ၃၀၄ (က)၊ ၃၃၇၊ ၃၃၈ ဖြင့် ယာဉ်မောင်း ဇော်မင်းအား အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent