မိတ္ထီလာမြို့ လူစည်ကားရာနေရာတွင် H1N1 ကာကွယ်ရန် တစ်ခါသုံးနှာခေါင်းစည်းများ ဝေငှ

မိတ္ထီလာမြို့ လူစည်ကားရာနေရာတွင် H1N1 ကာကွယ်ရန် တစ်ခါသုံးနှာခေါင်းစည်းများ ဝေငှ
Published 31 July 2017

မိတ္ထီလာမြို့ လူစည်ကားရာနေရာတွင် H1N1 ကာကွယ်ရန် တစ်ခါသုံးနှာခေါင်းစီးများ ဝေငှပေးခြင်းအစီအစဉ်ကို ဇူလိုင် ၃၁ ရက်မနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မိတ္ထီလာမြို့သူမြို့သားတွေ H1N1 ကကာကွယ်ဖို့ ကျွန်တော်တို့ငွေစုပြီး ဒီအစီအစဉ်လေး လုပ်ဖြစ်သွားတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်တွေ၊ မြို့မိမြို့ဖတွေနဲ့ ဌာနဆိုင်ရာတွေ အားလုံးပါဝင်ပါတယ်။ မျက်နှာဖုံးစုစုပေါင်း ၅၀၀၀ ကျော်လောက်ဝေငှပေးခဲ့တယ်။ ကျွန်တော်တို့ ဒီအစီအစဉ်လေးလုပ်မယ်ဆိုတော့ ယာဉ်ထိန်းက ဒုရဲမှူးမြင့်စိုးတို့အဖွဲ့ကလည်း သူတို့လည်း ကူညီပေးမယ်ဆိုပြီး ပါဝင်လာပါတယ်” ဟု မိတ္ထီလာမှ ကိုမင်းသုဝဏ်ကဆိုသည်။ ဇူလိုင် ၂၉ ရက်မွန်းလွဲပိုင်းထိ မြန်မာနိုင်ငံတစ်ဝန်းတွင် သံသယရာသီတုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက်ကုသနေရသူ ၁၃၈ ဦးရှိခဲ့ပြီး ၎င်းတို့အနက် H1N1 ရောဂါကြောင့် လူနာစုစုပေါင်း ၄၁ ဦးတက်ရောက်ကုသနေရကာ သေဆုံးသူ ခုနှစ်ဦးရှိခဲ့ကြောင့် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရသိရှိရပြီး ရန်ကုန်၊ ထားဝယ်မြို့ကြီးအချို့တွင် အဆိုပါရောဂါကြောင့် ဆေးရုံတက်ကုသရမှုများရှိနေကြောင်း သိရသည်။ အဆိုပါ နှာခေါင်းစည်းဝေငှခြင်း အစီအစဉ်ကို ဇူလိုင် ၃၁ ရက် မနက်ကိုးနာရီခန့်က မိတ္ထီလာမြို့ လူစည်ကားရာ ကန်ကူးတံတားပေါ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ကလေးငယ်များမှ ဖြတ်သန်းသွားလာနေသော ကား၊ ဆိုင်ကယ်၊ သုံးဘီးယာဉ်များပေါ်မှ ပြည်သူလူထုအား တစ်ခါသုံးနှာခေါင်းစည်းများ ဝေငှပေးခဲ့ခြင်းဖြစ်သည်။
Writer - ဝဏ္ဏ

Most Read

Most Recent