မောင်တောမြို့နယ် ရွှေဇားမြောက်၊ အနောက်နှင့် အလယ်ရွာတို့မှ လူဦးရေ ၂၆၀၀ ကျော်အား NVC ကတ်ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်

မောင်တောမြို့နယ် ရွှေဇားမြောက်၊ အနောက်နှင့် အလယ်ရွာတို့မှ လူဦးရေ ၂၆၀၀ ကျော်အား NVC ကတ်ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်
Published 22 October 2017

မောင်တောမြို့နယ်အတွင်း NVC ကတ်ထုတ်ပေးရေး တာဝန်ရှိသူတို့ စိစစ်နေစဉ် (Photo: Information Committee)

မောင်တောမြို့နယ် ရွှေဇားမြောက်၊ အနောက်နှင့် အလယ်ရွာတို့မှ လူဦးရေ ၂၆၀၀ ကျော်အား NVC ကတ်ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ခံယူမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card- NVC) များ ထုတ်ပေးနိုင်ရေး လုပ်ငန်းများကို အောက်တိုဘာ ၁၂ ရက်မှစ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်းရှိ ရွှေဇားအနောက်ရွာနှင့် အလယ်ရွာ၊ မြောက်ရွာတို့မှ လူဦးရေ ၂၆၀၀ ကျော်အား NVC ကတ်များထုတ်ပေးနိုင်ရန် လက်ဗွေနှင့်မျက်လုံးတို့ကို စစ်ဆေးမှတ်တမ်းတင်ခြင်း ဆောင်ရွက်ခဲ့ကြောင်း၊ အောက်တိုဘာ ၁၇ ရက်အထိ NVC ကတ်ထုတ်ပေးမှုတွင် အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၈၃ ဦးနှင့် NID အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၃၄ ဦးအား စိစစ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ခံယူမည့်သူ၏ သက်သေခံကတ်ပြား NVC ကတ်နှင့် NID (Biometric) လုပ်ငန်းများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များအပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များတွင် ပါဝင်သည့် နိုင်ငံသားစိစစ်ခံယူမည့်သူ၏ သက်သေခံကတ်ပြား ထုတ်ပေးနိုင်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ်၌ နိုင်ငံသားစိစစ်ခံယူမည့်သူ၏ သက်သေခံကတ်ပြား NVC ကတ်များ ထုတ်ပေးနိုင်ရေးအတွက် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်သွားမည့် ဦးဆောင်အဖွဲ့တစ်ဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်အမိန့်ဖြင့် ဖေဖော်ဝါရီ ၈ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌဖြစ်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများအပါအဝင် နိုင်ငံခြားရေးနှင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦး ပါဝင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ် မေ ၃၁ ရက်က သက်တမ်းကုန်ဆုံးသွားသည့် ယခင်က ဝှိုက်ကတ် (ခေါ်) ယာယီသက်သေခံလက်မှတ်များ ပြန်လည်အပ်နှံထားသူ လေးသိန်းနီးပါးရှိပြီးနောက်ပိုင်း NVC ကတ်များထုတ်aပးခဲ့ရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီအထိ ၆၀၀၀ ကျော်ထုတ်ပေးထားကြောင်း သိရသည်။

Most Read

Most Recent