ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖြူးအမြန်လမ်းတိုးဂိတ်တွင် လမ်းအသုံးပြုခကောက်ခံရေးဂိတ် မှန်လုံခန်းကို ခရီးသည်တင်မှန်လုံယာဉ်က ဝင်တိုက်မိရာမှ လမ်းအသုံးပြုခကောက်ခံသူ နှစ်ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖြူးအမြန်လမ်းတိုးဂိတ်တွင် လမ်းအသုံးပြုခကောက်ခံရေးဂိတ် မှန်လုံခန်းကို ခရီးသည်တင်မှန်လုံယာဉ်က ဝင်တိုက်မိရာမှ လမ်းအသုံးပြုခကောက်ခံသူ နှစ်ဦးဒဏ်ရာရ
Published 31 July 2017

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၁၅ မိုင် ဖြူးအမြန်လမ်းတိုးဂိတ်တွင် ဇူလိုင် ၃၁ ရက်နံနက်အစောပိုင်းက မကွေးမှရန်ကုန်ဘက်သို့ မောင်းနှင်လာသော ခရီးသည်တင်မှန်လုံယာဉ်က လမ်းအသုံးပြုခကောက်ခံရေးဂိတ် မှန်လုံခန်းအား ဝင်တိုက်မိရာမှ လမ်းအသုံးပြုခကောက်ခံသူနှစ်ဦး ဒဏ်ရာရခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၃၁ ရက်နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က ဖြူးမြို့နယ် အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၅ မိုင်ရှိ ဖြူးတိုးဂိတ်၌ မကွေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းဦးဝင်းမြင့် ၅၀ နှစ် (ဘ) ဦးမောင်တင် နဂါးနီလမ်း၊ နဗန်ဒါကွက်သစ်၊ ပဲခူးမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 2I/---- မိုးသောက်ရောင်နီ မော်တော်ယာဉ်မှာ ဖြူးအမြန်လမ်းတိုးဂိတ်သို့ ဝင်ရောက်စဉ် ယာဉ်၏ယာဘက်ဘေးရှိ တူးဘောက်ဘေးတံခါးပွင့်ကာ လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်မှန်လုံခန်းအား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

လမ်းအသုံးပြုခ ကောက်ခံနေသည့် မောင်သန်းထိုက်လင်း ၂၀ နှစ် (ဘ) ဦးသန်းလွင်၊ ဖြူးတိုးဂိတ်နေသူတွင် ယာနားထင်ပေါက်ပြဲ၊ ယာလက်ခုံ ပေါက်ပြဲဒဏ်ရာ၊ (ပြင်ပလူနာ-မစိုးရိမ်ရ) နှင့် မောင်စိုးဝင်းလွင် ၁၉ နှစ် (ဘ) ဦးစိုးလွင် ဖြူးတိုးဂိတ်နေသူတွင် ယာလက်ဖျံပေါက်ပြဲဒဏ်ရာ၊ (ပြင်ပလူနာ-မစိုးရိမ်ရ) ဒဏ်ရာရရှိပြီး ဖြူးဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသည်။
Writer- ဇော်ဝင်းချစ်

Most Read

Most Recent