မောင်တောမြို့နယ် လက်ဖွဲ့ကျကျေးရွာအနီး သင်္ဘောလှချောင်းကမ်းပါး၌ မိုင်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မောင်တောမြို့နယ် လက်ဖွဲ့ကျကျေးရွာအနီး သင်္ဘောလှချောင်းကမ်းပါး၌ မိုင်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
Published 20 October 2017

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့၊ လက်ဖွဲ့ကျကျေးရွာ၊ သင်္ဘောလှချောင်းကမ်းပါးအနီး လက်လုပ်မိုင်းများ တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၁၇ ရက်ညနေ ၆ နာရီ မိနစ် ၄၀ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာအား သွားရောက်စစ်ဆေးရာ အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲနိုင်သော သံပိုက်ဖြင့်ပြုလုပ်ထားသည့် အချင်း ၇ လက်မ၊ အလျား ၆ ဒသမ ၅ လက်မရှိ လက်လုပ်မိုင်း လေးလုံး၊ ကားပစ္စတင်ဖြင့် ပြုလုပ်ထားသော အချင်း ၃ လက်မ၊ အလျားရှစ်လက်မရှိ ဒေသန္တရလက်လုပ်မိုင်းအသေးတစ်လုံး၊ အချင်း ၁၁ လက်မ၊ အရှည် ၆ လက်မရှိ ဒေသန္တရလက်လုပ် မိုင်းအကြီးတစ်လုံး၊ အဝေးထိန်းခလုတ် Transmitter Remote Control ရှစ်ခု၊ Receiver Circuit နှစ်ခု၊ ဝိုင်ယာကြိုး(နီ၊ နက်) ပေ ၄၀၊ ဝိုင်ယာကြိုး(နီ၊ ဝါ) ၅၆ ပေ၊ ဝိုင်ယားကြိုး (အဖြူ) ကိုးပေနှင့် အသုံးပြု၍မရသော CDMA 450 အထိုင်ဖုန်းတစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိုင်းများ မကြာခဏတွေ့ရှိရပြီး ပြဿနာဖြစ်ပွားမှုမရှိခဲ့သည့် နေရာအချို့တွင်လည်း မိုင်းခွဲခြင်းများ ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent