ရက်သားအရွယ်ကလေးငယ်အား စွန့်ပစ်ခဲ့သောကြောင့် ပုသိမ်ဆေးရုံကြီးတွင် စောင့်ရှောက်ထားရ

ရက်သားအရွယ်ကလေးငယ်အား စွန့်ပစ်ခဲ့သောကြောင့် ပုသိမ်ဆေးရုံကြီးတွင် စောင့်ရှောက်ထားရ
Published 19 October 2017

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၃) ရပ်ကွက်အရှေ့ ကိုးသိန်းရှိ မီးရထားသံလမ်းဘေးတွင် ရက်သားအရွယ် ကလေးတစ်ဦးအား အောက်တိုဘာ ၁၇ ရက် ညပိုင်းက လာရာက်စွန့်ပစ်ခဲ့သောကြောင့် ပုသိမ်ပြည်သူဆေးရုံကြီးတွင် စောင့်ရှောက်မှုများ ပြုလုပ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကော်မတီမှ သိရသည်။

မီးရထားလမ်းတွင် နေထိုင်သူ ဒေါ်ဇင်မာသိန်းမှ နေမကောင်းသဖြင့် အိမ်တွင်ဆေးသောက်ကာ အိပ်နေစဉ် ကလေးငိုသံကြားရသောကြောင့် သွားရောက်ကြည့်ရာတွင် ရက်သားအရွယ် ယောက်ျားလေး ကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့ပြီး ရာအိမ်မှူးမှတစ်ဆင့် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီးနောက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီးနောက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီစောင့် ရှောက်ပေးရန် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးက  လေးရက်သား အရွယ်ဖြစ်ကြောင်း ဆေးရုံက အတည်ပြုပေးပြီး ခြေလက် အင်္ဂါစုံလင်တဲ့ ယောကျ်ားလေးဖြစ်တယ်။ ကလေးရဲ့ လိုအပ်တဲ့ ကျန်းမာရေးတွေ စောင်ရှောက်နိုင်ဖို့ ညတွင်းချင်းဆေးရုံပိုပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပါတယ်။ ဆေးရုံက ကာလသတ်မှတ်ချကအနေနဲ့ သုံးလထက်မပိုတဲ့အတွင်းမှာ ကျန်းမာရေး စောင်ရှောက်မှုပေးပြီး မွေးစားမယ့်သူရှိရင် ရှိ မရှိရင် လူမှုဝန်ထမ်းဦးစီးဌာနကို လွဲပြောင်းစောင်ရှောက်သွားမှာပါ” ဟု ဧရာဝတီတိုင်း ဒေသကြီး ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးမြင့်ဌေးက ပြောကြားသည်။

Most Read

Most Recent