အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအား ညစ်ညမ်းစွာဆဲဆိုပြီး အရက်ပုလင်းဖြင့် ရိုက်နှက်မှု တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွား

အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအား ညစ်ညမ်းစွာဆဲဆိုပြီး အရက်ပုလင်းဖြင့် ရိုက်နှက်မှု တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွား
Published 18 October 2017

အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ညစ်ညမ်းစွာဆဲဆိုပြီး အရက်ပုလင်းဖြင့် ရိုက်နှက်မှု တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ညောင်ဝိုင်းကျေးရွာနေ မ.... (၃၇ နှစ်) သည် အောက်တိုဘာ ၁၅ ရက် ညနေ ၄ နာရီခန့်က ၎င်း၏နေအိမ်ဈေးဆိုင်၌ ရှိနေကြောင်း၊ ထိုသို့ရှိစဉ် တစ်ရွာတည်းနေ မျိုးအောင် (၃၅ နှစ်) ရောက်ရှိလာပြီး ၎င်းဇနီးလာသေးလားဟု မေးမြန်းခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့မေးမြန်းသဖြင့် မ.....(၃၇ နှစ်) ကမလာကြောင်းပြန်ဖြေစဉ် မျိုးအောင်ဆိုသူက ညစ်ညမ်းစွာဆဲဆို၍ လက်ထဲတွင် ကိုင်ဆောင်ထားသည့် အရက်ပုလင်းဖြင့် ရိုက်ခဲ့ကြောင်း၊ ထိုသို့ရိုက်နှက်ခဲ့သဖြင့် မ...... (၃၇ နှစ်) တွင် ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားချက်များအရ သိရသည်။

ထိုသို့ မ.... (၃၇နှစ်)အားဆဲဆိုကာ အရက်ပုလင်းဖြင့် ရိုက်နှက်ခဲ့သူ မျိုးအောင် (၃၅ နှစ်) ကို တိုက်ကြီးမြို့မရဲစခန်းက (ပ) ၄၈၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

Most Read

Most Recent