မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများရှာဖွေရန်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်ရာတွင် အကူအညီပေးရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂနိုင်ငံရေးဌာနမှ Under Secretary-General ဖြစ်သူတို့တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများရှာဖွေရန်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်ရာတွင် အကူအညီပေးရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂနိုင်ငံရေးဌာနမှ Under Secretary-General ဖြစ်သူတို့တွေ့ဆုံဆွေးနွေး
Published 17 October 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂနိုင်ငံရေးဌာနမှ Under Secretary-General ဖြစ်သူ Mr. Jeffrey Feltman တို့တွေ့ဆုံစဉ် (Photo: MOFA Myanmar Facebook)

မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများရှာဖွေနိုင်ရန်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်ရာတွင် အကူအညီပေးရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂနိုင်ငံရေးဌာနမှ Under Secretary-General ဖြစ်သူ Mr. Jeffrey Feltman တို့သည် အောက်တိုဘာ ၁၆ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ကုလသမဂ္ဂနိုင်ငံရေးဌာန အကြီးအကဲ Under Secretary-General ဖြစ်သူ Mr. Jeffrey Feltman သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်လည်း ယင်းနေ့နံနက်ပိုင်းက တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် နိုင်ငံသားစိစစ်ခံမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးဆောင်ရွက်မှု၊ NV ကတ်ကိုင်ဆောင်ခြင်းအတွက် ရရှိခံစားနိုင်မည့် အကျိုးကျေးဇူးများ၊ ကချင်၊ ကရင်နှင့် ရှမ်းစသည့်ပြည်နယ်များ၌လည်း NV ကတ်ထုတ်ပေး၍ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်နေမှုလုပ်ငန်းအဆင့်ဆင့်၊ အထောက်အထားပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိသူများကိုလည်း မိမိတို့ဌာန၌ ရှိပြီးဖြစ်သည့် စာရင်းဇယား မှတ်တမ်းမှတ်ရာများဖြင့် တိုက်ဆိုင်စိစစ် လက်ခံဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ပြန်လည်ရောက်ရှိလာသူများအား နေရာချထားရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများ၊ ယင်းလုပ်ငန်းများ အောင်မြင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ ကုလသမဂ္ဂနိုင်ငံရေးဌာန အကြီးအကဲသည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနမှ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်များ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြသည့် ဒေသတွင်းနေ နှစ်ဖက်လူ့အဖွဲ့အစည်းများ၏ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများ၊ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့၏ အကြံပြုတင်ပြချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရက ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံများ၊ ပြည်ပအဖွဲ့အစည်းများပါဝင်ပြီး ကူညီထောက်ပံ့မှုလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အသိုက်အဝန်းနှစ်ခုအကြား ရေရှည်သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ရေတိုရေရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent