နေပြည်တော် လေဆိပ်တွင် သေနတ်များ ဖမ်းဆီးရမိ

နေပြည်တော် လေဆိပ်တွင် သေနတ်များ ဖမ်းဆီးရမိ
Published 16 October 2017

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အောက်တိုဘာလ ၁၅ ရက် ညပိုင်းက လေယာဉ်စီး ခရီးသည်ထံမှ  သေနတ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိဖမ်းဆီးရမိသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း အသေးစိတ်မှာ စစ်ဆေးနေဆဲဖြစ်၍ သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

“အဲဒါက ပြောလို့မရသေးဘူး။ လောလောဆယ် စိစစ်နေတုန်းပဲ” ဟု ရဲမှူးကြီးက ပြောကြားသည်။

ဖမ်းဆီးရမိသည်မှာ ပမာဏ အများအပြား မဟုတ်ပဲ အနည်းငယ်သာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"အများကြီးမဟုတ်ဘူး။ ကာကွယ်ဖို့အတွက် ဆောင်ထားတဲ့ သေနတ်တွေပါ။ ကိုယ်ပိုင်ကာကွယ်နိုင်ဖို့အတွက် ဆောင်ထားတဲ့ သေနတ်တွေပါ။ စိစစ်တုန်းပဲ ရှိသေးတယ်။ သေချာမှပြောပါမယ်" ဟု ရဲမှူးကြီးက ဆက်လက် ပြောကြားသည်။

Most Read

Most Recent