ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၃ ပွိုင့်အောက်ရောက်နေပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၃ ကျပ်ဝန်းကျင်ရှိနေ

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၃ ပွိုင့်အောက်ရောက်နေပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၃ ကျပ်ဝန်းကျင်ရှိနေ
Published 15 October 2017

အောက်တိုဘာ ၁၃ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၃ ပွိုင့်အောက်ရောက်နေပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၃ ကျပ်ဝန်းကျင်ရှိနေကြောင်း သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် စက်တင်ဘာ ၈ ရက်တွင် ၉၁ ဒသမ ၀၁ ပွိုင့်အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၅ ရက်တွင် ၉၆ ဒသမ ၂၀ ပွိုင့်အထိ ဖြစ်ပေါ်ခဲ့သော်လည်း ဇူလိုင် ၆ ရက်မှစတင်ကာ ၉၆ ပွိုင့်အောက်၊ ဇူလိုင် ၁၈ ရက်တွင် ၉၅ ပွိုင့်အောက်၊ ဇူလိုင် ၂၁ ရက်တွင် ၉၄ ပွိုင့်အောက်၊ သြဂုတ် ၁ ရက်တွင် ၉၃ ပွိုင့်အောက်၊ သြဂုတ် ၂၉ ရက်တွင် ၉၂ ပွိုင့်အောက် ကျဆင်းခဲ့သည်။ စက်တင်ဘာ ၂၇ ရက်တွင် ၉၃ ပွိုင့်အထက်သို့ ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၁ ရက်တွင် ၉၃ ပွိုင့်အောက်သို့ ပြန်လည်ကျဆင်းခဲ့သည်။

ဒေါ်လာဈေးသည် ဇူလိုင်လကုန်ပိုင်းတွင် ၁၃၅၇ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ်လအတွင်း အမြင့်ဆုံးဈေးနှုန်းမှာ ၁၃၅၈ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ၁၃၅၃ ကျပ်ဖြစ်ရာ ယခင်လများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကွာဟချက်နည်းပါးကာ တည်ငြိမ်လျက်ရှိသည်။ စက်တင်ဘာလအတွင်းတွင်လည်း အနိမ့်ဆုံးဈေးနှုန်းအဖြစ် စက်တင်ဘာ ၈ ရက်တွင် ၁၃၄၈ ကျပ်အထိ ကျဆင်းခဲ့ပြီး အမြင့်ဆုံးဈေးနှုန်းအဖြစ် စက်တင်ဘာ ၁၉ ရက်တွင် ၁၃၅၆ ကျပ်အထိ မြင့်တက်ခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် ၁၃၅၂ ကျပ်အထိ ရောက်ရှိခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် အောက်တိုဘာ ၃ ရက်မှ ၆ ရက်အထိ ၁၃၄၉ ကျပ်အထိ ကျဆင်းခဲ့ကာ အောက်တိုဘာ ၆ ရက်မွန်းလွဲပိုင်းမှ အောက်တိုဘာ ၉ ရက်အထိ ကျပ် ၁၃၅၀ ဝန်းကျင်ဖြစ်ပေးခဲ့ပြီး အောက်တိုဘာ ၁၀ ရက်တွင် ၁၃၅၁ ကျပ်၊ အောက်တိုဘာ ၁၁ ရက်တွင် ၁၃၅၄ ကျပ်အထိ ပြန်တက်ခဲ့ပြီးနောက် ယခုပြန်ကျလာခြင်းဖြစ်သည်။

Most Read

Most Recent