ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသူတစ်ဦးထံမှ ဓား၊ ဗုံးသီးနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသူတစ်ဦးထံမှ ဓား၊ ဗုံးသီးနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ
Published 12 October 2017

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသည့် အမျိုးသားတစ်ဦးထံမှ ဓား၊ ဗုံးသီးနှင့် ကျည်ဆန်များဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၁၁ ရက် နံနက် ၅ နာရီ ခွဲခန့်တွင် ဒဂုံတောင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ ဒဂုံဆိပ်ကမ်းမြို့ နယ်(၅၈)ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခု အတွင်းသို့ ဝင်ရောက်ရှာဖွေရာ ယင်းတည်းခို ခန်းရှိ အခန်းတစ်ခန်းအတွင်း တည်းခိုလျက်ရှိသည့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နေ စောကျော်လင်း(၃၃နှစ်)ဆိုသူကို တွေ့ရှိခဲ့ရပြီး အခန်းအတွင်းသို့  ဆက်လက်ရှာဖွေခဲ့ကြောင်း သိရသည်။

အဆိုပါအခန်းအတွင်းသို့ ထပ်မံဆက် လက်ရှာဖွေရာ အခန်းတွင်းရှိ ကုတင်ခြေရင်းကြမ်းပြင်ရှိ အနက်ရောင်အိတ်အတွင်းမှ ဓားအိမ်ပါ အရိုးလေးလက်မ၊ အသွားခြောက်လက်မခန့်ရှိ ဓားတစ်ချောင်း၊ လက်ပစ်ဗုံးသီး တစ်လုံး၊ ကျည်ဆန်လေးတောင့်တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“သူ့ကိုတော့ လက်ရှိမှာ စစ်ဆေးနေပါတယ်။ လက်နက်တွေ ဖမ်းဆီးရမိမှုနဲ့ပတ် သက်ပြီးတော့လည်း ဆက်လက်စစ်ဆေးနေဆဲပါ။ စစ်ဆေးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် စောကျော်လင်းဦးအား ဒဂုံဆိပ်ကမ်းမြို့မှ ရဲစခန်းက (ပ) ၁၁၁၀ လက်နက် ဥပဒေပုဒ်မ ၁၉( စ )/ ၁၉ ( က ) အမှုဖွင့်ကာ ဖမ်းဆီးထားပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent