<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဆိုင်ကယ်နှင့် ဆီဘောက်ဆာယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုင်ကယ်စီးလာသူနှစ်ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တောင်ဘက် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် အောက်တိုဘာ ၁၀ ရက် ညဦးပိုင်းက လူနှစ်ယောက်စီးလာသော ဆိုင်ကယ်နှင့် ဆီဘောက်ဆာယာဉ်တို့ မျက်နှာချင်းဆိုင် ၀င်တိုက်မိရာမှ ဆိုင်ကယ်စီးလာသူနှစ်ဦးလုံး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ရေတာရှည်မြို့မရဲစခန်းမှ သိရသည်။

“ကားက မြောက်ကနေတောင်ကို မောင်းလာတဲ့အချိန်မှာ ရှေ့ကကားကို ကျော်လိုက်တာ။ ကျော်လိုက်တော့ မျက်နှာချင်းဆိုင်မှာ တောင်ကနေမြောက်ကိုမောင်းလာတဲ့ ဆိုင်ကယ်ကိုဝင်တိုက်ပြီးတော့မှ ဆိုင်ကယ်မောင်းတဲ့လူနဲ့ နောက်ကလိုက်တဲ့လူ သေသွားတာပေါ့။ အခင်းဖြစ်နေရာမှာပဲ သေသွားတယ်။ အရေးယူတာကတော့ ကားမောင်းတဲ့လူကို။ ကားက တစ်ဖက်ယာဉ်ကြောထဲကို ရောက်သွားတာ” ဟု တာဝန်မှူးဒုရဲအုပ် အောင်ကိုကိုသန့်က ပြောကြားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ရေတာရှည်မြို့နယ် ရွှေပြည်ကုန်းကျေးရွာတောင်ဘက် လှေကွဲတံတားအနီး ရန်ကုန်-မန္တလေးလမ်းမဟောင်း မိုင်တိုင်အမှတ် ၁၈၉ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံအကြား၌ သားဖြစ်သူအား ကားဂိတ်သို့ လိုက်ပို့ရန် (တပ်ပြင်ထွက်ခွင့်ယူ၍ အရပ်ဝတ်ဖြင့်) တက ၀င်းညွန့် ၄၉ နှစ်(ဘ)ဦးစံမောင်၊ အမှတ် ၁ တပ်မတော်ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးကျောင်း၊ တောင်ငူမြို့နေသူ မောင်းနှင်ပြီး ဆိုင်ကယ်နောက်တွင် သားဖြစ်သူ အောင်သူ ရ၂၅ နှစ် လိုက်ပါစီးနင်းလာသော ဆိုင်ကယ်အမှတ် BGO—-NEWANBO ဆိုင်ကယ်မှာ ကားလမ်းမအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာစဉ် မျက်နှာဆိုင်တွင် မြောက်မှတောင်သို့ ယာဉ်မောင်းမိုးမိုး ၃၈ နှစ် (ဘ) ဦးသန်းထွန်း ပြင်စည်ကျေးရွာ နွားထိုးကြီးမြို့နယ်နေသူ မောင်းနှင်လာသောယာဉ်အမှတ် YGN/—NISSAN UD QUESTER အဖြူရောင် ၂၂ ဘီး၊ ဆီဘောက်ဆာတွဲယာဉ်မှာ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ အရှိန်မထိန်းနိုင်ဘဲ တက၀င်းညွန့် မောင်းနှင်လာသော ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်စီးလာသူ တက၀င်းညွန့်တွင် ယာမျက်ခုံးအထက်ပေါက်ပြဲဒဏ်ရာ၊ နားသွေးထွက်ဒဏ်ရာ၊ အထက်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာများနှင့် သားဖြစ်သူ အောင်သူရတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ၀ဲမျက်ခုံး အထက်ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးယိုစီးဒဏ်ရာများရရှိကာ သားအဖနှစ်ဦးလုံးမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးသူ တက၀င်းညွန့်နှင့် အောင်သူရတို့၏ အလောင်းများအား ရေတာရှည်ဆေးရုံသို့ ရဲဆေးစာဖြင့်ပေးပို့ ဆောင်ရွက်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ ရေတာရှည်မြို့မရဲစခန်းမှ ယာဉ် (ပ) ၄၄/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။