ကမ္ဘာ့ရွှေဈေး ၁၂၈၄ ဒေါ်လာအထိ ပြန်တက်လာပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၃၄၀၀၀ ဝန်းကျင်သို့ ပြန်ရောက်လာ

ကမ္ဘာ့ရွှေဈေး ၁၂၈၄ ဒေါ်လာအထိ ပြန်တက်လာပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၃၄၀၀၀ ဝန်းကျင်သို့ ပြန်ရောက်လာ
Published 10 October 2017

အောက်တိုဘာ ၉ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၈၄ ဒေါ်လာဝန်းကျင် အထိမြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၄၀၀၀ ဝန်းကျင်သို့ ပြန်ရောက်လာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့်စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ၉၃၀၀၀၀ ကျော်မှ ၉၃၅၀၀၀ ကျော်ကြားဖြစ်ပေါ်ခဲ့သည်။ အောက်တိုဘာ ၂ ရက်တွင် ကျပ် ၉၂၅၇၀၀၊ အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သော်လည်း အောက်တိုဘာ ၄ ရက်တွင် ၉၃၁၀၀၀ ဝန်းကျင်အထိ ပြန်တက်ခဲ့သည်။ အောက်တိုဘာ ၅ ရက်တွင် ၉၂၉၉၀၀၊ အောက်တိုဘာ ၆ ရက်တွင် ၉၂၆၁၀၀ အထိကျဆင်းခဲ့ပြီး အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၉ ရက်တွင် ကျပ် ၉၃၄၀၀၀ အထိပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

Most Read

Most Recent