နိုင်ငံတစ်ဝန်းတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံမှု မကြာမီ စတင်မည်ဖြစ်ပြီး သုတေသနပြု လုပ်ငန်းများ တစ်ပါတည်း လုပ်ဆောင်မည်

နိုင်ငံတစ်ဝန်းတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံမှု မကြာမီ စတင်မည်ဖြစ်ပြီး သုတေသနပြု လုပ်ငန်းများ တစ်ပါတည်း လုပ်ဆောင်မည်
Published 8 October 2017

ဆေးသုတေသန ဦးစီးဌာနမှ သုတေသီများ ရောဂါပိုးများနှင့်ပတ်သက်၍ သုတေသနပြု လုပ်ငန်းများ လုပ်ဆောင်နေစဉ်

နိုင်ငံတစ်ဝန်းတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းအစီအစဉ် မကြာမီ စတင်မည်ဖြစ်ပြီး ရောဂါပိုးနှင့် ပတ်သက်သော သုတေသနပြု လုပ်ငန်းများကိုပါ တစ်ပါတည်း လုပ်ဆောင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဂျပန်ဦးနှောက်ရောင် ရောဂါပိုးကို သယ်ဆောင်သော ခြင်နှင့်ပတ်သက်၍ သုတေသနပြုလုပ်ပြီး စောင့်ကြပ်ကြည့်ရှု သွားမည်ဖြစ်ကြောင်း၊ လာမည့် နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ အသက်ငါးနှစ်မှ ၁၅ နှစ် အတွင်း ကျောင်းနေအရွယ်ကလေးများကို ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ပထမဆုံးအကြိမ် စတင်ထိုးနှံမည်ဖြစ်ကြောင်း၊ ဂျပန်ဦးနှောက်ရောင်ရောဂါ Japanese Eneephalitis (JE) သည် JE ဗိုင်းရပ်စ်ပိုးသယ်ဆောင်သော ကျူးလက်ခြင်မျိုးကိုက် ခြင်းကြောင့်ဖြစ်ပွားပြီး မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မလေး ရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံ အပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် ဖြစ်ပွားလျက်ရှိကြောင်း၊ ရောဂါသည် အသက်အရွယ်မရွေး ကူးစက်ဖြစ်ပွားနိုင်ပြီး တစ်နှစ်ပတ်လုံး ကူးစက်တတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် Gavi၊ The Vavine Alliance၊ WHO၊ Unicef တို့က အဓိကကူညီ ပံ့ပိုးနေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်မတိုင်မီ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်တွင် ကာကွယ်ဆေး စုစုပေါင်း ၁၃ မျိုးအထိ ထိုးနှံပေးနိုင်ရန် ပြင်ဆင်လျက်ရှိသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်မတိုင်   မီ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက လုပ်ဆောင်ပေးနေသည့် ပုံ မှန်ကာကွယ်ဆေးထိုး ဆေးတိုက်အ စီအစဉ်တွင် ကလေးငယ်များတွင် ဖြစ်ပွားနှုန်းမြင့်မားသည့် ဂျပန်ဦး နှောက်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေးများနှင့် အမျိုး သမီးများတွင် ဖြစ်ပွားနှုန်းမြင့်မား သည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို အခမဲ့ထည့်သွင်း ထိုးနှံပေးနိုင်ရန် ပြင်ဆင်နေကြောင်း    ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက ပြောကြားသည်။

“လက်ရှိ ကလေးတွေအတွက် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် မှာ ကာကွယ်ဆေး ၁၀ မျိုးကို အခမဲ့ ထိုးနှံပေးနေပါတယ်။ ဒီကာကွယ် ဆေးတွေအပြင် လာမယ့်ဘဏ္ဍာနှစ် တွေမှာလည်း ထပ်တိုးချဲ့ထိုးနှံပေး သွားမယ့် ကာကွယ်ဆေးတွေလည်း ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်မတိုင်မီ ကာကွယ်ဆေးသုံးမျိုးထပ်ရဖို့ ပြင် ဆင်နေပါတယ်။ အခုလာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ခြင်ကတစ်ဆင့် ကူးစက်တဲ့ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးကို တစ်ပြည် လုံးအတိုင်းအတာနဲ့ ထိုးနှံပေးသွား မယ်။ ၂၀၁၉ မှာတော့ ပြင်းထန်ဝမ်း ပျက်ဝမ်းလျှောဖြစ်စေတဲ့ ရိုတာဗိုင်း ရပ်စ်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာ ကွယ်ဆေးဆိုတာထည့်ဖို့အတွက် ပြင် ဆင်နေပါတယ်။ နောက် သားအိမ် ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဆယ်ကျော်သက် မိန်းကလေးတွေ မှာ ထိုးပေးဖို့ စီစဉ်ထားပါတယ်။  ဒါတွေပါရပြီဆိုရင် စုစုပေါင်းကာကွယ် ဆေး ၁၃ မျိုးကို ပုံမှန်ကာကွယ်ဆေး ထိုးအစီအစဉ်မှာ ထည့်သွင်းထိုးနှံ နိုင်မှာပါ” ဟု ဒေါက်တာထားထားလင်းက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်အတွင်း တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ သန်း၊ GAVI နှင့် အစိုးရပူးပေါင်းပြီး အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၃ သန်း၊ စုစုပေါင်း ဒေါ်လာ ၅၃ သန်း အသုံးပြုထား ကြောင်းနှင့် လက်ရှိကလေးငယ်များ တွင် ဖြစ်ပွားမှုနှုန်းများသည့် ပြင်းထန် တီဘီရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ၊ ပြင်းထန် ဦးနှောက်အမြှေးရောင် ရောဂါနှင့် ပြင်းထန်အဆုတ်ရောင် ရောဂါများကို ကာကွယ်ပေးနိုင်သည့် ကာကွယ်ဆေး ၁၀ မျိုးကို ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက် အစီအစဉ်တွင် ထည့်သွင်းထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent