ကမ္ဘာ့ရွှေဈေး ၁၂၇၆ ဒေါ်လာအထိ ပြန်တက်လာပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၃၀၀၀ ဝန်းကျင်သို့ ပြန်ရောက်လာ

ကမ္ဘာ့ရွှေဈေး ၁၂၇၆ ဒေါ်လာအထိ ပြန်တက်လာပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၃၀၀၀ ဝန်းကျင်သို့ ပြန်ရောက်လာ
Published 8 October 2017

အောက်တိုဘာ ၆ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၇၆ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် အောက်တိုဘာ ၇ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၂၆၀၀၀ ကျော်အထိ ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ကျပ် ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ကျပ် ၉၃၀၀၀၀ ကျော်မှ ကျပ် ၉၃၅၀၀၀ ကျော်ကြား ဖြစ်ပေါ်ခဲ့သည်။ အောက်တိုဘာ ၂ ရက်တွင် ကျပ် ၉၂၅၇၀၀၊ အောက်တိုဘာ ၃ ရက်တွင် ကျပ် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သော်လည်း အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၃၁၀၀၀ ဝန်းကျင်အထိ ပြန်တက်ခဲ့သည်။ အောက်တိုဘာ ၅ ရက်တွင် ကျပ် ၉၂၉၉၀၀၊ အောက်တိုဘာ ၆ ရက်တွင် ကျပ် ၉၂၆၁၀၀ အထိကျဆင်းခဲ့ပြီး အောက်တိုဘာ ၇ ရက်တွင် ကျပ် ၉၃၃၀၀၀ အထိ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

ပြီးခဲ့သည့်လများက ရွှေဈေးကို ပြန်ကြည့်ပါက ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်)၊ မေလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၈၉၁၂၀၀ (မေ ၅ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၁၁၀၀၀ (မေ ၁၈ ရက်)၊ ဇွန်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၀၀၆၀၀ (ဇွန် ၃၀ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၁၃၄၀၀ (ဇွန် ၇ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၈၈၉၃၀၀ (ဇူလိုင် ၄ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၀၇၁၀၀ (ဇူလိုင် ၂၉ ရက်) တို့ဖြစ်သည်။ သြဂုတ်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၀၅၂၀၀ (သြဂုတ် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၅၈၀၀ (သြဂုတ်၂၉ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်း စက်တင်ဘာ ၈ ရက်တွင် ၁၃၅၆ ဒေါ်လာအထိ ဖြစ်ပေါ်ခဲ့ပြီးနောက် ပြန်လည်ကျဆင်းလာခဲ့သည်။

Most Read

Most Recent