ကမ္ဘာ့ရွှေဈေး ၁၂၆၇ ဒေါ်လာအထိ ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၂၆၀၀၀ ကျော်အထိ ကျဆင်း

ကမ္ဘာ့ရွှေဈေး ၁၂၆၇ ဒေါ်လာအထိ ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၂၆၀၀၀ ကျော်အထိ ကျဆင်း
Published 7 October 2017

အောက်တိုဘာ ၆ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၆၇ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၂၆၀၀၀ ကျော်အထိ ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့်လများက ရွှေဈေးကို ပြန်ကြည့်ပါက ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်)၊ မေလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၈၉၁၂၀၀ (မေ ၅ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၁၁၀၀၀ (မေ ၁၈ ရက်)၊ ဇွန်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၀၀၆၀၀ (ဇွန် ၃၀ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၁၃၄၀၀ (ဇွန် ၇ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၈၈၉၃၀၀ (ဇူလိုင် ၄ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၀၇၁၀၀ (ဇူလိုင် ၂၉ ရက်) တို့ဖြစ်သည်။ သြဂုတ်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၀၅၂၀၀ (သြဂုတ် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၅၈၀၀ (သြဂုတ်၂၉ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့်မှ ဒေါ်လာ ၈၀ ခန့်အထိ ကွာခြားခဲ့သည်။ ပြီးခဲ့သည့် ဇွန်လအတွင်း အမြင့်ဆုံးနှုန်းနှင့် အနိမ့်ဆုံးနှုန်း ကွာဟချက်သည် ဒေါ်လာ ၅၀ ကျော် ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ ဇူလိုင်လအတွင်း အမြင့်ဆုံးနှုန်းမှာ ၁၂၆၈ ဒေါ်လာဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၂၀၅ ဒေါ်လာဖြစ်ခြင်းကြောင့် ၆၃ ဒေါ်လာဝန်းကျင် ကွာဟခဲ့သည်။ သြဂုတ်လအတွင်းတွင် အနိမ့်ဆုံးနှုန်းမှာ ၁၂၅၈ ဒေါ်လာဖြစ်ပြီး အမြင့်ဆုံးနှုန်းမှာ ၁၃၂၅ ဒေါ်လာဖြစ်ခြင်းကြောင့် ၆၇ ဒေါ်လာ အတက်အကျ ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent