မီးသတ်ဦးစီးဌာန၌ ဖွဲ့စည်းပုံခွင့်ပြုချက်ရပြီးသော မြို့နယ်မီးသတ်စခန်း ၃၃၀ တွင် ၂၉၃ ခု၊ နယ်မြေမီးသတ်စခန်း ၇၀၃ ခုတွင်

မီးသတ်ဦးစီးဌာန၌ ဖွဲ့စည်းပုံခွင့်ပြုချက်ရပြီးသော မြို့နယ်မီးသတ်စခန်း ၃၃၀ တွင် ၂၉၃ ခု၊ နယ်မြေမီးသတ်စခန်း ၇၀၃ ခုတွင်
Published 6 October 2017

၁၅၃ ခု အဆောက်အအုံများ ဆောက်လုပ်ပြီးဖြစ်ပြီး မီးသတ်စခန်းများဆောက်ရန် မြေနေရာရရှိရေး သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်နေ

မီးသတ်ဦးစီးဌာန၌ ဖွဲ့စည်းပုံခွင့်ပြု ချက်ရပြီးသော မြို့နယ်မီးသတ်စခန်း ၃၃၀ တွင် ၂၉၃ ခု၊ နယ်မြေမီးသတ်စခန်း ၇၀၃ ခုတွင် ၁၅၃ ခု အဆောက်အအုံများ ဆောက်လုပ်ပြီးဖြစ်ပြီး မီးသတ်စခန်းများဆောက်ရန် မြေနေရာရရှိရေးသက်ဆိုင်ရာတိုင်း၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

မီးသတ်ဦးစီးဌာနတွင် ဖွဲ့စည်းပုံခွင့် ပြုချက်ရပြီးသော မြို့နယ်မီးသတ်စခန်း ၃၃၀၊ နယ်မြေမီးသတ်စခန်း ၇၀၃ ခုရှိသည့် အနက်မြို့နယ် မီးသတ်စခန်း ၂၉၃ ခု၊ နယ်မြေမီးသတ်စခန်း ၁၅၃ ခုတို့ကို အဆောက်အအုံများ ဆောက်လုပ်ပြီးဖြစ်ကြောင်း၊ ထို့ပြင် နယ်မြေမီးသတ်စခန်း ၆၇ စခန်း မြေနေရာရရှိပြီးဖြစ်ကြောင်း၊ အဆောက်အအုံ ဆောက်လုပ်နိုင်ရေး၊ ယာဉ်၊ စက်ပစ္စည်းများ ဖြည့်တင်းနိုင်ရေးနှင့် မြေနေရာမရရှိသေးသည့် မီးသတ်စခန်းများအတွက် မြေနေရာ ရရှိရေးကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်၌ ဖြေကြားထားသည်။

ထ့ိုပြင် ဗိုလ်ချုပ်အောင်စိုးက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် မီးသတ်ဦးစီးမှူးရုံးတစ်ရုံး၊ မြို့နယ်မီးသတ်စခန်းတစ်ခုနှင့် နယ်မြေမီးသတ်စခန်း ဖွင့်လှစ်ရန်အတွက် ဖွဲ့စည်းပုံအရ ခွင့်ပြုမိန့်ချထားပြီး ဖြစ်ကြောင်း၊ ဒဂုံမြို့နယ်တွင် မီးသတ်စခန်း ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့်အတွက် ခန့်အပ်ထားသော တပ်ဖွဲ့ဝင်များကို ကျောက်တံတားမြို့နယ် မီးသတ်စခန်းတွင် ယာယီတွဲ ဖက်တာဝန်ချထားပေးလျက်ရှိပါကြောင်း    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်၏ မေးခွန်းကို ဖြေကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးသတ်စခန်းများ ဖွင့်လှစ်ရန်ကျန်ရှိသည့် မြို့နယ် ကိုးမြို့နယ်၌ ဖွင့်လှစ်နိုင်ရေးသက်ဆိုင်ရာ မြို့နယ်အလိုက် လိုအပ်သည့်မြေနေရာ ရရှိရေးကိုလည်း ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ၂၅-၇- ၂၀၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ညှိနှိုင်းအကြောင်းကြားခဲ့ကြောင်း၊ ၂၂၈ ဦးနှင့် မီးသတ်ယာဉ်လေးစီး ပါဝင်သည့် စံကိုက်မြို့နယ် မီးသတ်စခန်း တစ်ခုဆောက်လုပ်ရန်အတွက် မြေဧရိယာအနေနှင့် မြေ ၃၀၀ ပတ်လည်လိုအပ်မည် ဖြစ်ကြောင်း၊ မြေနေရာအခက်အခဲရှိသည့် နေရာများအတွက် အနည်းဆုံးမြေဧရိယာ အကျယ်ပေ ၁၀၀ ပတ်လည်ရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သော သြဂုတ်လအတွင်း တစ်နိုင်ငံလုံး၌ မီးလောင်ကျွမ်းမှု (၉၆) ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုများကြောင့် အိမ်ခြေအဆောက်အအုံ ၁၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ကာ လူလေးဦးသေဆုံးခဲ့ပြီး ၁၀၀ ကျော် မီးဘေးဒုက္ခရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent