ကသာခရိုင်အတွင်းရှိ ပရဟိတအဖွဲ့များက အကူအညီလိုအပ်နေသော ရခိုင်ပြည်သူများအား ကူညီနိုင်ရန် ကျပ်သိန်း ၁၀၀ ကျော်နှင့် စားသောက်ကုန်ပစ္စည်းများကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ လွှဲပြောင်း

ကသာခရိုင်အတွင်းရှိ ပရဟိတအဖွဲ့များက အကူအညီလိုအပ်နေသော ရခိုင်ပြည်သူများအား ကူညီနိုင်ရန် ကျပ်သိန်း ၁၀၀ ကျော်နှင့် စားသောက်ကုန်ပစ္စည်းများကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ လွှဲပြောင်း
Published 1 October 2017

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်းရှိ ပရဟိတအဖွဲ့များ စုပေါင်းပြီး အကူအညီလိုအပ်နေသည့် ရခိုင်ပြည်သူများကို ကူညီနိုင်ရန်အတွက် ကသာခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ ငွေကျပ်သိန်း ၁၀၀ ကျော်နှင့် စားသောက်ကုန်ပစ္စည်းများကို စက်တင်ဘာ ၃၀ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဧရာကမ်းသာ လူမှုကူညီရေးအသင်းမှ ကိုကျော်မျိုးဦးက ပြောကြားသည်။

ဧရာကမ်းသာ လူမှုကူညီရေးအသင်းမှ ကိုကျော်မျိုးဦးက “ရခိုင်ပြည်နယ်အတွင်းမှာ ဒုက္ခရောက်နေပြီး အကူအညီလိုအပ်နေသူတွေကို ကူညီနိုင်ရန်အတွက် ကသာ၊ ဗန်းမောက်၊ အင်းတော်၊ မော်လူးမှာရှိတဲ့ ပရဟိတညီအစ်ကိုတွေ ပူးပေါင်းပြီး အလှူခံတယ် အလှူခံတဲ့နေရာမှာ Pandora Music Band နဲ့ Level One Music Band တို့ပူးပေါင်းပြီး တေးသီချင်းများနဲ့ အလှူခံပါတယ်။ အစပိုင်းက ရခိုင်အရောက်သွားရောက်ဖို့ရာ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ ရာသီဥတုအခြေအနေအကြောင်း အမျိုးမျိုးကြောင့် မသွားဖြစ်တော့ပဲ ကသာခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနကို ဒီနေ့လှူဒါန်းခဲ့ပါတယ်။ ကသာ၊ ဗန်းမောက်၊ အင်းတော်၊ မော်လူးမှာ ကျွန်တော်တို့စုစုပေါင်း အလှူငွေ ကျပ်သိန်း ၁၀၀ ကျော်ရရှိခဲ့ပါတယ်။ ရရှိငွေတွေကို ကသာမြို့မြို့တော်ခန်းမမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကသာခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပရဟိတညီအစ်ကိုတွေရှေ့မှာ လွှဲပြောင်းပေးအပ်ခဲ့တာပါ” ဟု ပြောကြားသည်။

ကသာခရိုင်အတွင်းရှိ ပရဟိတအဖွဲ့များမှ အကူအညီလိုအပ်နေသော ရခိုင်ပြည်သူများကို ကူညီနိုင်ရန် ကျပ်သိန်း ၁၀၀ ကျော်နှင့် စားသောက်ကုန်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ ရက် နံနက် ၁၁ နာရီမှာ ကသာမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ ကသာခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကသာ၊ ဗန်းမောက်၊ အင်းတော်၊ မော်လူးမှ ပရဟိတ လူမှုကူညီရေးအသင်းများ တက်ရောက်ခ့ြဲကကြောင်း သိရသည်။

 

Most Read

Most Recent