တာမွေမြို့နယ်၌ တရုတ်နိုင်ငံသားတစ်ဦးထံမှ အကောက်ခွန်မဲ့ ဟန်းဆက် ၆၀၀၀ ကျော် သိမ်းဆည်းရမိ

တာမွေမြို့နယ်၌ တရုတ်နိုင်ငံသားတစ်ဦးထံမှ အကောက်ခွန်မဲ့ ဟန်းဆက် ၆၀၀၀ ကျော် သိမ်းဆည်းရမိ
Published 30 September 2017

Photo: Ministry of Home Affairs, Myanmar

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ အကောက်ခွန်မဲ့ဖုန်းများ ဖြန့်ဖြူးရောင်းချနေသော တရုတ်နိုင်ငံသားတစ်ဦးထံမှ ဟန်းဆက် ၆၀၀၀ ကျော် သိမ်းဆည်းရမိကြောင်း စက်တင်ဘာ ၂၉ ရက်တွင် သက်ဆိုင်ရာမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။

တာမွေမြို့နယ် ပုဏ္ဏားကုန်းရပ်ကွက် ကျိုက္ကဆံလမ်း အမှတ် (၃၀) မြေညီထပ် ထပ်ခိုး၌နေထိုင်သည့် တရုတ်နိုင်ငံသား Wang Quxin (၁၉ နှစ်) လုပ်ငန်းဗီဇာဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသူ၏ နေအိမ်အား စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီခန့်တွင် တာမွေမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် တရုတ်နိုင်ငံလုပ် အကောက်ခွန်မဲ့ဖုန်းများ ဖြန့်ဖြူးရောင်းချနေသည်ဟု သတင်းပေးချက်အရ ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံသားနှင့်အတူ တရုတ်နိုင်ငံလုပ် ZXET အမျိုးအစား အကောက်ခွန်မဲ့ ဟန်းဆက်မျိုးစုံ ၆၆၄၇ လုံး၊ တန်ဖိုးငွေ ကျပ် ၁၃၃ ဒသမ ၅၄ သန်းတန်ဖိုးရှိ ပစ္စည်းများအား တွေ့ရှိသဖြင့် မေးမြန်းစစ်ဆေးရာ အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်းလာကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

“ဖုန်းအလုံး ၆၆၀၀ ကျော်ကို အခွန်မဆောင်ပဲ သွင်းလာလို့ ပို့ကုန်သွင်းကုန်ပုဒ်မ ၈ နဲ့ အရေးယူထားတယ်။ အခုတော့ ရမန်ယူထားတယ်” ဟု တာမွေမြို့မရဲစခန်းမှ ရဲမှူးလှဖုန်းကျော်က ပြောကြားသည်။

Most Read

Most Recent