၂၀၁၇ ခုနှစ် သြဂုတ်လအထိ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၂၆၀၀၅၀၁ ဦး တရားဝင် စေလွှတ်ခဲ့ရာ ထိုင်းနိုင်ငံသို့ အများဆုံး သွားရောက်ပြီး မလေးရှားနိုင်ငံသို့ ဒုတိယအများဆုံး သွားရောက်

၂၀၁၇ ခုနှစ် သြဂုတ်လအထိ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၂၆၀၀၅၀၁ ဦး တရားဝင် စေလွှတ်ခဲ့ရာ ထိုင်းနိုင်ငံသို့ အများဆုံး သွားရောက်ပြီး မလေးရှားနိုင်ငံသို့ ဒုတိယအများဆုံး သွားရောက်
Published 29 September 2017

၂၀၁၇ ခုနှစ် သြဂုတ်လအထိ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၂၆၀၀၅၀၁ ဦး တရားဝင် စေလွှတ်ခဲ့ရာ ထိုင်းနိုင်ငံသို့ အများဆုံး သွားရောက်ပြီး မလေးရှားနိုင်ငံသို့ ဒုတိယအများဆုံး သွားရောက်ခဲ့ကြောင်း စက်တင်ဘာ ၂၈ ရက်က သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ အာဆီယံအစည်းအဝေးအတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

၁၉၉၀ ပြည့်နှစ်မှစ၍ ပြည်ပနိုင်ငံများသို့ အလုပ်သမားများ တရားဝင်စေလွှတ်လျက်ရှိရာ၂၀၁၇ ခုနှစ် သြဂုတ်အထိ မလေးရှားနိုင်ငံသို့ ၄၂၂၂၅၃ ဦး၊ စင်ကာပူနိုင်ငံသို့ ၁၃၉၀၀၊ ထိုင်းနိုင်ငံသို့ ၂၃၄၅၁၁၅ ဦး၊ ဂျပန်နိုင်ငံသို့ ၇၁၁၁ ဦး၊ ကိုရီးယားနိုင်ငံသို့ ၃၂၈၃၄ ဦး၊ ယူအေအီးသို့ ၁၁၃၅ ဦး၊ ကာတာနိုင်ငံသို့ ၄၈၁ ဦးနှင့် ဟောင်ကောင်နိုင်ငံသို့ ၁၇၄ ဦး စုစုပေါင်း၂၆၀၀၅၀၁ ဦး စေလွှတ်ခဲ့ရာ မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံသို့ အများဆုံး သွားရောက်ခဲ့ပြီး မလေးရှားနိုင်ငံသို့ ဒုတိယအများဆုံး သွားရောက်ခဲ့ကြောင်း သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက “ပြည်တွင်းပြည်ပ အလုပ်အကိုင်နေရာချထားရေး၊ လုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်ရေး၊ အလုပ်သမားရေးရာ သုတေသနနှင့် စာရင်းဇယားများ စုဆောင်းပြုစုရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များအတွက် စည်းကြပ်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လူမှုဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးနဲ့အညီ အလုပ်သမားများ၏ ရပိုင်ခွင့်များနဲ့ လူမှုအခွင့်အရေးများ ရရှိစေရန် ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြောကြားသည်။

ပြည်ပသို့ အလုပ်အကိုင်ရှာဖွေရန် တရားဝင်လမ်းကြောင်းများ ဖွင့်ပေးပြီး သွားလာမှု လွယ်ကူစေခြင်း၊ ရွှေ့ပြောင်း အလုပ်သမားများ၏ အခြေခံအခွင့်အရေးများ ရရှိစေခြင်း၊ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ် လျှော့ချခြင်း၊ ရွှေ့ပြောင်း အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများအတွက် လူမှုစီးပွားရေး ဘဝဖွံ့ဖြိုး တိုးတက်စေခြင်း၊ ဒေသတွင်း ရွှေ့ပြောင်းသွားလာခြင်းမှ အတွေ့အကြုံ၊ ကျွမ်းကျင်မူနှင့် အသိပညာရရှိစေခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အလုပ်သမားဈေးကွက် ဖွံ့ဖြိုးတိုးတက်စေခြင်း ဆိုသည့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ထို့ပြင် အိမ်နီးနားချင်းနိုင်ငံများတွင် မြန်မာအမျိုးသမီးများသည် အိမ်တွင်း အထောက်အကူ အလုပ်သမားများအဖြစ် တရားမဝင် သွားရောက် လုပ်ကိုင်နေကြောင်း၊ ရွှေ့ပြောင်း သွားလာသူများသည် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်စေရေးတွင် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ အိမ်တွင်း အထောက်အကူလုပ်ငန်းကို ပညာအရည်အချင်းနိမ့်ပါးသည့်သူ၊ အလုပ်အကိုင်အခွင့်အလမ်း နည်းသူများ၊ မိသားစုချို့တဲ့သူများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြကြောင်း၊ လက်ရှိ ပြည်ပနိုင်ငံများတွင် လုပ်ကိုင်နေသည့် အိမ်တွင်းအထောက်အကူ အလုပ်သမားများ၏ လုပ်အားကို တန်ဖိုးထား အသိအမှတ်ပြုရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent