ကလပ်မဲ့ဖြစ်နေသည့် အာဆင််နယ်ကွင်းလယ်လူဟောင်း နာဆရီကိုခေါ်ယူရန် အဲဗာတန် စီစဉ်နေ

ကလပ်မဲ့ဖြစ်နေသည့် အာဆင််နယ်ကွင်းလယ်လူဟောင်း နာဆရီကိုခေါ်ယူရန် အဲဗာတန် စီစဉ်နေ
Published 13 October 2018

အဲဗာတန်အသင်းသည် ကလပ်မဲ့ဖြစ်နေသည့် အာဆင်နယ်နှင့် မန်စီးတီးအသင်းကွင်းလယ်လူဟောင်း နာဆရီကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

အသက်(၃၁)နှစ်ရှိ ပြင်သစ်ကွင်းလယ်လူ နာဆရီသည် တားမြစ်ဆေးအသုံးပြုကာ ဆေးကုသမှုခံယူခဲ့သောကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသော်လည်း ယခုလကုန်တွင် ယင်းပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရမည်ဖြစ်ရာ လာမည့်လမှစတင်ပြီး ခေါ်ယူလိုသည့် ကလပ်အသင်းများနှင့် လေ့ကျင့်ခန်းဆင်းနိုင်တော့မည်ဖြစ်သည်။

နာဆရီသည် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာက မန်စီးတီးအသင်းမှ ဆီဗီလာသို့ အငှားသွားရောက်ကစားနေသည့်ကာလအတွင်း အားလပ်ရက်၌ အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်မြို့ရှိဆေးခန်းတစ်ခုတွင် တားမြစ်ဆေးကိုအသုံးပြုကာ ဆေးကုသမှုခံယူခဲ့ခြင်းကြောင့် (၁၈)လပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

မန်စီးတီးအသင်းနှင့်အတူပရီးမီးယားလိဂ်ချန်ပီယံဆု (၂)ကြိမ်ရရှိခဲ့ဖူးသည့် နာဆရီသည် အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗား၏ စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းသို့လာရောက်ကစားရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ နာဆရီသည် ပြီးခဲ့သည့်ဇန်နဝါရီက တူရကီကလပ် အန်တယ်ယာစပေါအသင်းမှ ထွက်ခွာလာခဲ့ပြီးနောက် ကလပ်လက်မဲ့ဖြစ်နေပြီး ကွင်းအတွင်း တစ်ကျော့ပြန်အောင်မြင်မှုများရယူနိုင်ရန် စိတ်အားထက်သန်လျက်ရှိသည်။

နာဆရီသည် အာဆင်နယ်အသင်းတွင် ၂၀၀၈ခုနှစ်မှ ၂၀၁၁ခုနှစ်အထိိ (၃)နှစ်ကြာပါဝင်ကစားခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းတွင်လည်း (၅)နှစ်ကြာ ပါဝင်ကစားခဲ့ကာ ပရီးမီးယားလိဂ်ချန်ပီယံဆု(၂)ကြိမ်အပါအဝင် အောင်မြင်မှုများ ရယူနိုင်ခဲ့သူဖြစ်သည်။

 

Most Read

Most Recent