ရေဦးမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်ခဲ့သောကြောင့် လူနေအိမ်အချို့နှင့် ဓါတ်တိုင်များ ပြိုကျ ပျက်စီး

ရေဦးမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်ခဲ့သောကြောင့် လူနေအိမ်အချို့နှင့် ဓါတ်တိုင်များ ပြိုကျ ပျက်စီး
Published 24 September 2017

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်ခဲ့သောကြောင့် လူနေအိမ်အချို့နှင့် ဓါတ်တိုင်များ ပြိုကျပျက်စီးမှု ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၁၈ လုံးမှာ သွပ်မိုးများ လှန်ပြီး သစ်ပင်ပြိုကျမှုများ ဖြစ်ပွါးခဲ့ကြောင်း၊ လူသေဆုံး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့မြို့မှာ လေကြောင်းလေး ကျသွားတာပါ့ဗျာ့။ နေအိမ်တွေကတော့ သွပ်လေးတွေ လှန်သွားတာပါဗျာ့ ။ သစ်ပင်အချို့နဲ့ လျှပ်စစ်မီးတိုင်အချို့လည်း ပြိုကျ ပျက်စီးခဲ့တယ်။

လျှပ်စစ်မီးတိုင်ကတော့ မနေ့ကညကဘဲ အကုန်ပြုပြင် ပြီးစီးလို့ မီးပြန်လည် ပေးနိုင်ပါပြီဗျာ့။ သွပ်အချပ်ရေ တစ်ရာလေးဆယ်ငါးချပ်လောက်ဘဲ ရှိပါတယ်”ဟု ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်းက ပြောကြားသွားသည်။

Most Read

Most Recent