တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာစာ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မောင်တောမြို့သို့ နေရပ်စွန့်ခွာ ပြောင်းရွှေ့လာသူများအား တွေ့ဆုံ အားပေးစကားပြော၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး နယ်စပ်အမှတ် (၁) ဝင်/ထွက်စခန်းသို့ သွားရောက် စစ်ဆေး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာစာ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မောင်တောမြို့သို့ နေရပ်စွန့်ခွာ ပြောင်းရွှေ့လာသူများအား တွေ့ဆုံ အားပေးစကားပြော၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး နယ်စပ်အမှတ် (၁) ဝင်/ထွက်စခန်းသို့ သွားရောက် စစ်ဆေး
Published 22 September 2017

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်တင်ဘာ ၂၁ ရက်က နယ်စပ်အမှတ် (၁) ဝင်/ထွက်စခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် (Photo - Senior General Min Aung Hlaing Facebook)

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၁ ရက်တွင် အာစာ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မောင်တောမြို့သို့ နေရပ်စွန့်ခွာ ပြောင်းရွှေ့လာသူများအား တွေ့ဆုံ အားပေးစကားပြောကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး နယ်စပ်အမှတ် (၁) ဝင်/ထွက် စခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာစာ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မောင်တောမြို့ အောင်မြေဗောဓိ သာသနာ့ရိပ်သာတွင် နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား လည်းကောင်း၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ဟိန္ဒူဘာသာဝင် ဘင်္ဂါလီများအား လည်းကောင်း၊ အခြေခံပညာ မူလတန်းကျောင်း (မြို့မကညင်တန်း) ခန်းမ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီများအား လည်းကောင်း၊ အမှတ် (၂) အခြေခံပညာကျောင်းခွဲ (၄) မိုင်တွင် ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား လည်းကောင်း တွေ့ဆုံ အားပေးစကားပြောကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး နယ်စပ်အမှတ် (၁) ဝင်/ထွက် စခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အာစာ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်းနှင့် နယ်စပ်ခြံစည်းရိုး ကာရံရန်အတွက် တတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၀ ရက်တွင် ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်မိသားစုများ နှင့်တွေ့ဆုံရာ၌ ဘူးသီးတောင်၊ မောင်တော ဒေသအတွင်း လူနည်းစုဖြစ်သည့် မြို၊ ခမီ၊ သက်၊ ဒိုင်းနက် စသည့်ဒေသခံ တိုင်းရင်းသားများ၏ လုံခြုံရေးအတွက် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရမည် ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်တွင်းသို့ ခိုးဝင်ရန် ကြိုးပမ်းလာသည့် ဘင်္ဂါလီများကို ဖမ်းဆီးရမိသည့် ဖြစ်စဉ်များကို စစ်ဆေးရာတွင် တာဝန်ရှိသူအချို့ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊ မြေမျို၍ လူမျိုးမပျောက်ဘဲ လူမျိုပါက လူမျိုးပျောက်နိုင်သောကြောင့် ယင်းကိစ္စများ မဖြစ်ပွားစေရန် အားလုံးက နိုင်ငံအပေါ် သစ္စာရှိစွာ လုပ်ဆောင်ကြရန် လိုကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေသည် ရခိုင်ပြည်နယ် အရေးကိစ္စအတွက်သာ မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရေးဆွဲထားခြင်းဖြစ်၍ သစ္စာရှိစွာဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် ၂၅ ရက် ဖြစ်စဉ်တွင်လည်း တပ်ဌာနချုပ် တစ်ခုအပါအဝင် ရဲကင်းစခန်း ၃၀ အား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်များက အင်အားသုံး၍ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖော်ထုတ်ရရှိသော သတင်းများအရ အကြမ်းဖက် ဘင်္ဂါလီအင်အား ၄၀၀၀ ကျော်ဖြင့် ကြိုတင်စီစဉ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ် မတိုင်မီတွင်ပင် မေယုတောင်တန်းပေါ်တွင် အကြမ်းဖက် သင်တန်းပေးမှုများ၊ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် တပ်များဖြင့် ဝင်ရောက် ရှင်းလင်းစေခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။