<

သမိုင်းဝင်ပွဲတစ်ပွဲဖြစ်လာမည်ဟု အောင်လအန်ဆန် ပြောကြား

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က နိုဝင်ဘာ ၃ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲမှာ သမိုင်းဝင်ပွဲတစ်ပွဲ ဖြစ်လာမည်ဟု ပြောကြားသည်။ အောင်လအန်ဆန်သည် ဇွန် ၃၀ ရက် တွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ကမ္ဘာ့ချန်ပီယံလုပွဲအပြီးတွင် ပထမဆုံး ပြန်လည်ထိုးသတ်ခြင်းဖြစ်ပြီး ရန်ကုန်မြို့၌ ထိုးသတ်မည်ဖြစ်သောကြောင့် ပရိသတ် အများအပြား လာရောက်အားပေးဖွယ်ရှိနေသည်။

အောင်လအန်ဆန်က “နိုဝင်ဘာ ၃ ရက် မှာ ထိုးသတ်မယ့် MMA ပြိုင်ပွဲမှာ ကျွန်တော့်ထက် ၀ိတ်ကြီးတဲ့ ကစားသမားနဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာပါ။ သူ့ရဲ့ အဓိက လူသိများတဲ့ အချက်ကတော့ လျင်မြန်မှုနဲ့ ခြေကန်ချက်ပဲ ဖြစ်ပါတယ်။ သူဟာ လွယ်လွယ်နဲ့အနိုင်ယူလို့ရမယ့် ပြိုင်ဘက်မျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော့်ဘ၀အတွက် သမိုင်းဝင်စေမယ့် ပွဲတစ်ပွဲဖြစ်လာမှာ သေချာပါတယ်။ ပွဲကခက်ခဲပေမဲ့ မြန်မာပရိသတ်တွေရဲ့ရှေ့မှာ ယှဉ်ပြိုင်ခွင့်ရမှာဖြစ်တာကြောင့် အားတက်စေပါ တယ်။ မြန်မာ့ဂုဏ်ဆောင်တစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားသွားပါမယ်လို့ ကတိပေးပါတယ်” ဟု ပြောကြားသည်။ အောင်လအန်ဆန်နှင့်ထိုးသတ်မည့် အလိန်းအန်ဂါလာနီသည် မွေထိုင်းလက်ဝှေ့ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်နေသည့် ကစားသမားတစ်ဦးဖြစ်ပြီး ကစ်ဘောက်ဆင်နှင့် ဘရာဇီးလ် ဂျူဂျစ်ဆုပြိုင်ပွဲများတွင် ယှဉ်ပြိုင်ထိုးသတ်ဖူးကာ MMA ပြိုင်ပွဲ ငါးပွဲထိုးသတ်ရာတွင် သုံးပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားကြောင်း မှတ်တမ်းများအရ သိရသည်။

September 21, 2017














Copy Protected by Chetan's WP-Copyprotect.