မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိနေမှုကြောင့် ကလေးမြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက်များတွင် ရေများ ဝင်ရောက်လျက်ရှိပြီး ဒေသခံအချို့ ပြောင်းရွှေ့နေကြရ

မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိနေမှုကြောင့် ကလေးမြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက်များတွင် ရေများ ဝင်ရောက်လျက်ရှိပြီး ဒေသခံအချို့ ပြောင်းရွှေ့နေကြရ
Published 20 September 2017

ဓာတ်ပုံ - ချစ်ဇော်ဦး

မြစ်သာမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိခဲ့ပြီး ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက်များတွင် ရေများဝင်ရောက်လျက်ရျိကာ ဒေသခံအချို့ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့နေကြရကြောင်း သိရသည်။

မြစ်သာမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှု အခြေအနေအား ယနေ့ (စက်တင်ဘာ ၂၀ ရက်) မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ မြစ်သာမြစ်ရေသည် ပြင်သာ (ကလေးမြို့)တွင် (၄) ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၂ ပေခန့် ဆက်လက်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် မြစ်သာမြစ်ရှိ ပြင်သာ (ကလေးမြို့) အတွင်း မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် အကြံပြုထားသည်။

Most Read

Most Recent