<

မြ၀တီ – ​ကော့ကရိတ် ​​ဒေါန​တောင်​​ကျော် အာရှလမ်းသစ်​ နတ်​စင်​​ကွေ့ ကုန်းဆင်းတွင်​ ယာဉ်​သုံးစီးတိုက်​ပြီး နှစ်စီး ​ချောက်​ထဲသို့ ထိုးကျကာ ​သုံးဦး​သေဆုံး

ဓာတ်ပုံ – M.Recuse

ကရင်​ ပြည်​နယ်​ မြ၀တီ – ​ကော့ကရိတ် ​​ဒေါန​တောင်​​ကျော် အာရှလမ်းသစ်​ မိုင်​တိုင်​ ၁၅၃ – ၁၅၄ ကီလိုမီတာကြား နတ်​စင်​​ကွေ့ကုန်းဆင်းတွင်​ ယာဉ်​သုံးစီးတိုက်​ပြီး နှစ်​စီး ချောက်​ထဲသို့ကျကား သုံးဦး သေဆုံးပြီး ​လေးဦးဒဏ်​ရာရရှိခဲ့သည့်​ ဖြစ်​စဉ်တစ်​ခု စက်​တင်ဘာလ ၁၉ ရက်​​နေ့ နံနက်​ ၁၀ နာရီခန့်​က ဖြစ်​ပွား ခဲ့​ကြောင်းသိရသည်​။

မြ၀တီဘက်​မှ ​ကော့ကရိတ်​ဘက်​သို့ ယာဉ်​​မောင်း မင်း​အောင်​ ​မောင်းနှင်​လာသည့်​ အပြာ​ရောင်​ ၁၂ ဘီး ကုန်​တင်​ယာဉ်​ 6E/—- ယာဉ်​သည်​ ကုန်​ပစ္စည်းမပါဘဲ လူ​လေးဦး တင်​​ဆောင်​​မောင်းနှင်​လာစဉ်​ နတ်​စင်​​ကွေ့ ကုန်းဆင်းအရာက်​တွင်​ ဘရိတ်ပေါက်​ပြီး အရှိန်​မထိန်းနိုင်​ဘဲ ​ရှေ့ မှသွား​နေ​သော ​(သဲတင်​ကား) ၀ဲဘက်​အား ၀င်​တိုက်​ကာ အ​ရှေ့မှ လားရာတူ ယာဉ်​​မောင်းကြည်​လင်း ​မောင်းနှင်​သည့်​ ပရို​ဘောက်​ယာဉ်​အား အရှိန်​ပြင်းစွာ ၀င်​တိုက်​ကာ ကုန်​ကားနှင့်​ ပရို​ဘောက်​ကားနှစ်​စီးတို့ ​ပေ၂၀ ​ကျော်​နက်​​သော လမ်း​ဘေး​ချောက်​ထဲ့သို့ ထိုးကျသွားခဲ့​ကြောင်း သိရသည်​။

အပြာ​ရောင်​ကုန်​ကား ယဉ်​မောင်း မင်း​အောင်​နှင့်​ အမည်​မသိ နယ်​ခြားစာင့်​တပ်​မှ ရဲ​ဘော်​တစ်​ဦးတို့ ကားအတွင်း ညှပ်​​နေပြီး ကယ်​ဆယ်​ဆွဲထုတ်​ ကြ​သော်​လည်း အခင်းဖြစ်​​နေရာတွင်​ ​သေဆုံးသွားခဲ့သည်​။

အဆိုပါကား​ပေါ်ပါ ဒဏ်​ရာရရှိသူ သထုံမြို့နယ်​၊ ကျို​က္ကော်​​ကျေးရွာ​နေသူ​ အောင်​ကို ၃၂ နှစ်​ (ဘ) ဦးဝင်း​ရွှေ ( ကုန်​တင်​ ကုန်​ချ လုပ်​သား) နှင့်​ ​ကော့ကရိတ်​ မြို့​နေသူ မြင့်​ခိုင်​ ၂၁နှစ်​ ( ဘ) ဦးလှတင်​ (ကုန်​တင်​ကုန်​ချ လုပ်​သား) နှင့်​ ပဲခူးတိုင်း​ဒေသကြီး ဘုရား​လေး​ကျေးရွာနေသူ မင်းမင်း (၃၃) နှစ်​ တို့အား လူမှုကယ်​ဆယ်​​ရေး အသင်းများက ​ဆေးရုံသို့ ကူညီပို့​ဆောင်​ခဲ့ကြ​သော်​လည်း မင်းမင်းမှာ ဦး​ခေါင်းပြင်းထန်​ဒဏ်​ရာေ​ကြာင့်​​သေဆုံးသွားကြောင်း ​ကော့ကရိတ်​ရဲစခန်းမှ သိရသည်​။

ထို့အတူ သဲတင်​​ဖော့ကား ယာဉ်​​မောင်း ဦး​ငွေထွန်း ၅၅နှစ်​ ( ဘ ) ဦးထွန်း​ရွှေ၊ မြ၀တီမြို့​နေသူနှင့်​ probox ယာဉ်​​မောင်း ကြည်​လင်းနှင့်​ ယာဉ်​​ပေါ်ပါ ဇနီး မိုးစန်းဦး၊ သားငယ်​ မြတ်​​ကျော်​ဟိန်းတို့ကို ​ကော့ကရိတ်​​ဆေးရုံသို့ တင်​ပို့ကုသလျက်​ရှိ​ကြောင်း သိရသည်​။

ကရင်​ပြည်​နယ်ေ ကာ့ကရိတ်​ ရဲစခန်းအပိုင်​ ​ဒေါန​တောင်​​ကျော်​ အာရှလမ်းသစ်​ နတ်​စင်​​ကွေ့တွင်​ ယာဉ်​တိုက်​မှု ဖြစ်​ပွား ကြောင်း သတင်းအရ သက်​ဆိုင်​ရာ ​ကော့ကရိတ်​ ရဲတပ်​ဖွဲ့စခန်းမှ တာဝန်​ရှိသူများ၊ ​ကော့ကရိတ်၊​ ညီနောင်​နှင့်​ မြ၀တီ Recuse လူမှုကယ်​ဆယ်​​ရေး အဖွဲ့သားများ သွားရာက်​ကူညီ ကယ်​ဆယ်​​ရေး လုပ်​ငန်းများ လုပ်​​ဆောင်​ခဲ့ကြသည်​။

သို့ဖြစ်​ ၍ယာဉ်​အား မဆင်​မခြင်​ မောင်​နှင်​ပြီး အ​ရှေ့ယာဉ်​ကို ၀င်​တိုက်​ကာ ​သေဆုံးဒဏ်​ရာရရှိ​အောင်​​ မောင်းနှင်​ခဲ့သူ ၁၂ ဘီး ကုန်​တင်​ယာဉ်​မာင်း မင်းအာင်​( ​သေဆုံး) (ဘုရားကြီး ​ကျေးရွာ) ​နေသူအား ​ကောကရိတ်​ မြို့မရဲစခန်းမှ ယာဉ်​( ပ) ၇၁/ ၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၂၇၉/၃၃၇ /၃၃၈ / ၃၀၄/က ဖြင့်​ အ​ရေးယူ စစ်​​ဆေးလျက်​ရှိ​ကြောင်း သိရသည်​။

September 19, 2017














Copy Protected by Chetan's WP-Copyprotect.