ဘောလခဲမြို့တွင် တရားမဝင် နေထိုင်သည့် ဘင်္ဂါလီရှစ်ဦး ဖမ်းမိ

ဘောလခဲမြို့တွင် တရားမဝင် နေထိုင်သည့် ဘင်္ဂါလီရှစ်ဦး ဖမ်းမိ
Published 19 September 2017

ဘောလခဲမြို့တွင် တရားမဝင် နေထိုင်သည့် ဘင်္ဂါလီရှစ်ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား အရေးယူရန် စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၁၇ ရက်တွင် ဘောလခဲမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လွိုင်ကော်မှ မော်ချီးကျေးရွာသို့ စိုးတင် (ခ) အငယ်ကောင် (၂၂ နှစ်) ဘင်္ဂါလီ၊ အစ္စလာမ် ရွှေညောင်မြို့နေသူ မောင်းနှင်လာသော ထ/--- ဟိုင်းလပ် မော်တော်ယာဉ်အား စစ်ဆေးရာ မျိုးဇော်ထွန်း၊(၂၂)နှစ် ဘင်္ဂါလီ/အစ္စလာမ် ရွှေညောင်မြို့နေသူပါ ရှစ်ဦးကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီရှစ်ဦးတွင် ကျား ငါးဦး၊ မ တစ်ဦး၊ ကလေးတစ်ဦး ဗမာ/ဗုဒ္ဓ ကျားတစ်ဦးတို့ ဖြစ်ပြီး စစ်ဆေး မေးမြန်းရာတွင် ရွှေညောင်မြို့၊ ရွှေဘုံသာ (၁) ရပ်ကွက်၊ အိမ်အမှတ် (၁၇၃) တွင် အိမ်ငှားနေထိုင်သူများ ဖြစ်ကြောင်း၊ မော်ချီးကျေးရွာတွင် သံတိုသံစများနှင့် ပုလင်းခွံများ ဝယ်ယူရန် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

စိုးတင့် (ခ) အငယ်ကောင်ပါ ကိုးဦးသည် နိုင်ငံသား စိစစ်ရေးကတ်နှင့် အခြားအထောက်အထားများ မပါရှိသဖြင့် ဘောလခဲမြို့နယ် လဝကရုံး၌ စစ်ဆေးလျက် ရှိကြောင်းနှင့် အရေးယူ ဆောင်ရွက်နိုင်ရေး စီစဉ်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent