မြစ်ကြီးနားမြို့တွင် လူသုံးဦးအား ပစ္စတိုသေနတ်တစ်လက်၊ မူးယစ်ဆေးဝါး ကျပ်သိန်းသုံးထောင်ကျော်ဖိုးနှင့်အတူ ဖမ်းဆီးရမိ

မြစ်ကြီးနားမြို့တွင် လူသုံးဦးအား ပစ္စတိုသေနတ်တစ်လက်၊ မူးယစ်ဆေးဝါး ကျပ်သိန်းသုံးထောင်ကျော်ဖိုးနှင့်အတူ ဖမ်းဆီးရမိ
Published 15 September 2017

မြစ်ကြီးနားမြို့တွင် လူသုံးဦးကို ပစ္စတိုသေနတ်တစ်လက်၊ မူးယစ်ဆေးဝါး ကျပ်သိန်း သုံးထောင်ကျော်ဖိုးနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက် ည ၈ နာရီခွဲခန့်တွင် မြစ်ကြီးနားမြို့အဝင် ၂၁ မိုင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရေးဂိတ် တာဝန်ကျရဲအုပ်မြင့်သိန်းဦး ဦးစီးအဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု (၂) နှင့် ဌာနဆိုင်ရာ တာဝန်ကျအဖွဲ့များ ပူပေါင်းစစ်ဆေးနေစဉ် မိုးကောင်းမြို့မှ မြစ်ကြီးနားသို့ နော်ဆိုင်းမော် မောင်းနှင်လာပြီး ဂျာလီအောင်မြတ်လိုက်ပါလာသည့် မော်တော်ယာဉ်အား စစ်ဆေးရာ အံဝှက်အတွင်း သယ်ဆောင်လာသည့် YINYIN ဆေးလိပ်ဘူးအတွင်းမှ 1 စာတန်းပါ စိတ်ကြွဆေးပြား ၁၁၄ ပြားပါ တစ်ထုပ်၊ ကျပ်ငွေရောရာ ၁၅၂ သိန်း၊ ဂျာလီအောင်မြတ်ထိုင်သည့် ထိုင်ခုံအောက်မှ SEYRM-9 A1 (9×19) အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ သေနတ်အိတ်တစ်ခု၊ ကျည်အိတ်တစ်ခုနှင့် ကျည် ၂၄ တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါး ဝယ်ယူခဲ့သည့် ကွင်းဆက်များကို စစ်ဆေးရာ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၇)၊ ရာဒါကောင်း(ဘီ)မှ လဒီး (ခ) ခေါင်ဒေါင် (၂၈ နှစ်)(ဘ)ဦးဘောက်ဒီးကို ဖမ်းဆီးရမီခဲ့ပြီး ဘိန်းဖြူ ၂၅၅၇ ဂရမ်၊ ကာလတန်ဖိုး ကျပ် ၂၀၄၅၆၀၀၀၀၊ ဆေးပြား ၃၉၆၀၀၊ ကာလတန်ဖိုးကျပ် ၁၁၈၈၀၀၀၀၀ ကိုလည်းကောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုသည့် YGN-9H 7216 ပါဂျဲရိုး ကားတစ်စီး၊ ကျပ်ငွေ ငါးသိန်းနှင့် လက်ကိုင်ဖုန်းတို့ကို သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်များနှင့်ပတ်သက်ပြီး နော်ဆိုင်းမော် (ဘ) ဦးလရိန်၊ ဂျာလီအောင်မြတ် (ဘ)ဦးတူးဂျာနှင့်၊ ဦးလဒီး (ခ) ခေါင်ဒေါင် (ဘ)ဦးဘောက်ဒီးတို့အား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent