ဘင်္ဂါလီမွတ်စလင်များကို ဆက်ဆံမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား ပစ်မှတ်ထားသည့် ဆုံးဖြတ်ချက်ကို ထောက်ခံမည် မဟုတ်ကြောင်း အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလီကင်ခေါင်းဆောင် မစ်ချ်မက်ကော်နယ် ပြောကြား

ဘင်္ဂါလီမွတ်စလင်များကို ဆက်ဆံမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား ပစ်မှတ်ထားသည့် ဆုံးဖြတ်ချက်ကို ထောက်ခံမည် မဟုတ်ကြောင်း အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလီကင်ခေါင်းဆောင် မစ်ချ်မက်ကော်နယ် ပြောကြား
Published 14 September 2017

Photo: AFP

အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလီကင်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်က ဘင်္ဂါလီ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) မွတ်စလင်များအား ဆက်ဆံမှု နှင့် ပတ်သက်၍ မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပစ်မှတ်ထား သည့် ဆုံးဖြတ်ချက်ကို ထောက်ခံမည် မဟုတ်ကြောင်းနှင့် ဝါရှင်တန်အနေဖြင့် သူ (မ) အား  ပြစ်တင်ပြောဆိုမှု မပြုလုပ်သင့်ကြောင်း စက်တင်ဘာ ၁၂ ရက်က ပြောကြားခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

ရီပတ်ဘလီကင် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် ဒီမိုကရက် အထက်လွှတ်တော်အမတ် ရစ်ချတ်ဒါဘင်တို့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခကို ရှုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အရေးယူဆောင်ရွက်ရန် တိုက် တွန်းသည့် ဆုံးဖြတ်ချက်ကို ပြီးခဲ့သည့်သီတင်းပတ်က အဆိုပြုခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလီကင်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်က အဆိုပါဆုံးဖြတ်ချက်ကို မထောက်ခံကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်မှ အသွင်ကူးပြောင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်တော်တို့တွင်ရှိသော အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်သည်ဟု ယူဆကြောင်း ၎င်းက ပြောကြားသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အကဲစမ်းမှုများ ကြုံတွေ့နေရသည့် အခြေအနေတွင် ၎င်းတစ်ဦးတည်းကိုကွက်၍ ရွေးကာ အမေရိကန်ပြည်ထောင်စုက ပြစ်တင်ပြောကြားမှုသည် ကူညီဖော် မရကြောင်း မစ်ချ်မက်ကော်နယ်က ပြောကြားခဲ့သည်။

ရီပတ်ဘလီကင်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် တိုက်တွန်းဝေဖန်သူ သြဇာကြီးမားသော အမေရိကန် အထက်လွှတ်တော်အမတ် တစ်ဦးဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ (မူရင်းပေးစာတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) အရေး နှင့် ပတ်သက်ပြီး အမေရိကန်လွှတ်တော်အမတ်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စက်တင်ဘာ ၅ ရက် နေ့စွဲဖြင့် စာရေးသား ပေးပို့ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့ခဲ့သည့် အမေရိကန်လွှတ်တော် အမတ်များမှာ အမေရိကန်နိုင်ငံရေးတွင် သြဇာကြီးမားသည့် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ အက်ဒ်ရွိုက်စ်တို့ဖြစ်ကြသည်။

ဘင်္ဂါလီများအား ကျူးလွန်သည့် ရက်စက်မှုများကို တုံ့ပြန်ရာတွင် လူ့အခွင့်အရေး ဝတ္တရာများကို လိုက်နာရန် တောင်းဆိုခဲ့ပြီး ဘင်္ဂါလီများသည် မြန်မာနိုင်ငံသားများကဲ့သို့ တူညီသည့် အခွင့်အရေးနှင့် ကာကွယ်မှုကို ရရှိထိုက်တန်ကြောင်းနှင့် ၎င်းတို့နှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သောဆက်ဆံရေးဆီသို့ ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း အထက်လွှတ်တော် လက်နက်ကိုင်တပ်များဆိုင်ရာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ဂျွန်မက်ကိန်းက ပြောကြားသည်။

ထို့ပြင် ကုလသမဂ္ဂနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး မြန်မာအစိုးရ၏ လက်ရှိဆောင်ရွက်နေသော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ထောက်ခံနေပါကြောင်းလည်း ၎င်းက ပြောကြားသည်။

အမေရိကန်အိမ်ဖြူတော်က နှစ်ဖက်စလုံး၏ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောကြားကာ ဘင်္ဂါလီမွတ်စလင်များ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကို စက်တင်ဘာ ၁၁ ရက်တွင် ပြစ် တင်ရှုတ်ချခဲ့သည်။

Most Read

Most Recent