မောင်တောမြို့နယ် တုံးချောင်းဝကင်းစခန်း အနီးမှ မျက်နှာဖုံးစွပ်ပါ အနက်ရောင်ဝတ်စုံ တစ်စုံနှင့် ရီမုမိုင်းနှစ်လုံး တွေ့ရှိ

မောင်တောမြို့နယ် တုံးချောင်းဝကင်းစခန်း အနီးမှ မျက်နှာဖုံးစွပ်ပါ အနက်ရောင်ဝတ်စုံ တစ်စုံနှင့် ရီမုမိုင်းနှစ်လုံး တွေ့ရှိ
Published 14 September 2017

ဓာတ်ပုံ - သတင်းထုတ်ပြန်ရေးကော်မတီ

မောင်တောဒေသအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက တုံးချောင်း ချောင်းဝကင်းစခန်းသို့ ရောက်ရှိပြီး စခန်းပတ်လည်အား ရှင်းလင်းခဲ့ရာ ကင်းစခန်းနှင့် မီတာ ၁၀၀ အကွာရှိ လောင်းလှေတစ်စီး အပေါ်မှ ရီမုမိုင်းနှစ်လုံးနှင့် မျက်နှာဖုံးစွပ်ပါ အနက်ရောင်ဝတ်စုံ တစ်စုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ - သတင်းထုတ်ပြန်ရေးကော်မတီ

ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက မောင်တောမြို့နယ် အတွင်းရှိ ချောင်းဝကင်းစခန်းများအား လိုက်လံစစ်ဆေးပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ မီးတိုက်ချောင်း၀ ကင်းစခန်း၊ နံ့သာတောင် ချောင်းဝကင်းစခန်းနှင့် သင်္ဘောလှ ချောင်းဝကင်းစခန်းတို့အား ARSA အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးထားသည်ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

ဓာတ်ပုံ - သတင်းထုတ်ပြန်ရေးကော်မတီ

ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် နံနက်အစောပိုင်းမှ စတင်၍ မောင်တောဒေသ အတွင်းရှိ နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်အား တစ်ပြိုင်နက်တည်း အင်အားသုံး၍ အလစ်အငိုက် တိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ - သတင်းထုတ်ပြန်ရေးကော်မတီ

ထိုသို့ ARSA ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရခိုင် တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင်များအပြင် ဟိန္ဒူဘာသာဝင်များ၊ ဒိုင်းနက်လူမျိုးများ၊ မြိုလူမျိုးများ အပါအဝင် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ရပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများ နေရာဒေသ အများအပြားသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရကြောင်း သိရသည်။

ဓာတ်ပုံ - သတင်းထုတ်ပြန်ရေးကော်မတီ

Most Read

Most Recent