ရန်ကုန်လေဆိပ်၌ မြန်မာနိုင်ငံသား တစ်ဦးထံမှ မြန်မာငွေ သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ အိန္ဒိယ ရူပီးငွေများနှင့် အမေရိကန်ဒေါ်လာများ သိမ်းဆည်းရမိ

ရန်ကုန်လေဆိပ်၌ မြန်မာနိုင်ငံသား တစ်ဦးထံမှ မြန်မာငွေ သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ အိန္ဒိယ ရူပီးငွေများနှင့် အမေရိကန်ဒေါ်လာများ သိမ်းဆည်းရမိ
Published 12 September 2017

ရန်ကုန်လေဆိပ်၌ မြန်မာနိုင်ငံသား တစ်ဦးထံမှ အိန္ဒိယ ရူပီးငွေများနှင့် အမေရိကန် ဒေါ်လာမျာျး စက်တင်ဘာ ၁၀ ရက်က သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ Jetstar လေကြောင်းလိုင်းဖြင့် လိုက်ပါရန် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသော မြန်မာနိုင်ငံသား ကို....(၃၂ နှစ်) အား Terminal - 2 ပြည်ပထွက်ခွာဆောင် Main X-Ray စက်၌ ၎င်း၏ ခရီးဆောင်အိတ် နှစ်လုံးအား စစ်ဆေးခံစဉ် နိုင်ငံခြားငွေပုံရိပ်များ တွေ့ရှိရသဖြင့် ကို.... (၃၂ နှစ်) အား လုံခြုံရေးတပ်ဖွဲ့ခွဲ (ရန်ကုန် )သို့ ခေါ်ဆောင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ကို....(၃၂ နှစ်) မှာ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အောင်ဇေယျအိမ်ရာတွင် နေထိုင်သူဖြစ်ကြောင်း၊ ပတ်စ်ပို့အမှတ် MA . . . . . ကိုင်ဆောင်ထားကြောင်း သိရသည်။

စစ်ဆေးရာ ခရီးဆောင်အိတ်အတွင်းမှ အိန္ဒိယနိုင်ငံသုံး ရူပီးငွေ နှစ်ထောင်တန် ရွက်ရေ ၁၃၀၀ နှင့် ကျောပိုးအိတ်အတွင်းမှ အမေရိကန်ဒေါ်လာ ၁၀၀ တန် ၂၀ ရွက် စုစုပေါင်း တန်ဖိုးငွေ ကျပ် ၅၅၈၇ သိန်းအား တွေ့ရှိခဲ့သဖြင့် အကောက်ခွန်ဌာနက သိမ်းဆည်းပြီး ကို....(၃၂ နှစ်) အား ဥပဒေအရ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent