အမြန်လမ်း မိုင်တိုင် ၂၉၆ အနီးတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိ

အမြန်လမ်း မိုင်တိုင် ၂၉၆ အနီးတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိ
Published 9 September 2017

ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် ၂၉၆ အနီးတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သီးကုန်းအမြန်လမ်း ရဲစခန်းမှ သိရှိရသည်။

စက်တင်ဘာ ၉ ရက် နံနက် ၇ နာရီဝန်းကျင်က မလှိုင်မြို့ အမှတ် ၆ ရပ်ကွက်နေ ဦးခင်မောင်ဝင်း၊ အသက် ၅၄ နှစ် မောင်းနှင်လာသော 3K/---- နံပါတ်ပါ isuzu အမျိုးအစား မီးခိုးအဝါကြားယာဉ်သည် အမြန်လမ်း ခွင့်ြ့ပုကုန်များ တင်ဆောင်ကာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဉ် ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် ၂၉၆ အနီး ပေပင်ကန်တံတား အဝင်တွင် အိပ်ငိုက်ကာ တံတားအဝင်တိုင်များအား တိုက်မိပြီး လမ်းလက်ယာဘက်သို့ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ သုံးဦးအနက် ဦးခင်မောင်ဝင်း နှင့် ဦးခင်မောင်လင်း အသက် ၃၂ နှစ် တို့မှာ ဒဏ်ရာများရရှိခဲ့သဖြင့် မိတ္တီလာခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း သိရှိရသည်။

“ကုန်တင်ကားက အမြန်လမ်း ဖြတ်သန်းခွင့်ပြူမိန့် ပါပါတယ်၊ ညကတော့ မိုးရွာထားတယ်၊ မနက်ပိုင်းတော့ မရွာဘူး၊ အိပ်ငိုက်ပြီး တိမ်းမှောက်တယ်လို့ ယူဆပါတယ်၊ တံတားအဝင် တိုင်ခြောက်တိုင်ကို တိုက်မိပြီး မှောက်သွားတာပါ၊ ယာဉ်မောင်းကတော့ ခြေထောက်တွေ ကျိုးသွားတယ်၊ နောက်တစ်ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရတာပါ၊ ဒဏ်ရာအခြေအနေ မစိုးရိမ်ရပါဘူး” ဟု သီးကုန်းအမြန်လမ်း ရဲစခန်းတာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ အဆိုပါ အမှု့အား သီးကုန်းအမြန်လမ်း ရဲစခန်းမှ ယာဉ်(ပ)အမှတ် ၂၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

 

Most Read

Most Recent