အားကစားနယ်ပယ်မှ ထင်ရှားမှုအချို့

ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံး ကိုင်တွယ်ခွင့်ရခဲ့သည့် မြန်မာဒိုင်လူကြီး ဒေါ်သိန်းသိန်းအေး

ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် မြန်မာ့ဘောလုံးဒိုင်လူကြီး လောကအတွက် ဂုဏ်တက်စရာ သတင်းမှာ ၂၀၁၆ ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဒိုင်လူကြီးတစ်ဦး တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အသိအမှတ်ပြု အပြည်ပြည်ဆိုင်ရာ ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးသည် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ပါပူအာနယူးဂီနီနိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၁၆ ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့သည်။ မြန်မာဒိုင်လူကြီးများသည် အမြင့်ဆုံးအဖြစ် အိုလံပစ်ပြိုင်ပွဲတွင်သာ တာဝန် ထမ်းဆောင်ခဲ့ဖူးသော်လည်း ဒေါ်သိန်းသိန်းအေးသည် မြန်မာဒိုင်လူကြီးများအနက

မြန်မာ့ဘောလုံးလောကတွင် ပထမဆုံးကျင်းပသည့် အမျိုးသမီးလိဂ်ပြိုင်ပွဲ

ပြီးခဲ့သည့် နှစ်အနည်းငယ် ကတည်းက ကျင်းပနိုင်ရန် ကြိုးပမ်းခဲ့သည့် အမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပနိုင်ခဲ့သည်။ မြန်မာ့ဘောလုံးသမိုင်းတွင် အမျိုးသမီးပြိုင်ပွဲအဖြစ် ယခင်က ၀န်ကြီးဌာနပေါင်းစုံပြိုင်ပွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စသည့် ပြိုင်ပွဲများသာ ကျင်းပနိုင်ခဲ့ရာမှ ယခုနှစ်တွင် ဆီမီးပရိုစနစ်ဖြင့် ကျင်းပသည့် အမျိုးသမီးလိဂ်ပြိုင်ပွဲကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံး ကျင်းပနိုင်ခဲ့ပြီး အမျိုးသမီးဘောလုံး အဆင့်အတန်း တိုးတက်မြင့်မားစေရန် အထောက်အကူ ပြုနိုင်မည်ဖြစ်သောကြောင့် ၂၀၁၆ ခုနှစ်၏ အားကစားထင်ရှား ကျော်ကြားကဏ္ဏတွင် ထည့်သွင်

ကချင်တိုင်းရင်းသား အောင်လအန်ဆန်နှင့်အတူ မြန်မာနိုင်ငံတွင် လူကြိုက်များလာသည့် ဘက်စုံကိုယ်ခံ ပညာသုံး MMA ပြိုင်ပွဲ

ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ကျင်းပသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ကချင်တိုင်းရင်းသား အောင်လအန်ဆန် လာရောက် ယှဉ်ပြိုင်ခြင်းနှင့်အတူ ပရိသတ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပြီး အားပေးမှု စံချိန်တင်ခဲ့သည်။ အမေရိကန်နိုင်ငံ၌ နေထိုင်ပြီး MMA အားကစားနည်းဖြင့် အောင်မြင်မှုရလာသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်၏ နိုင်ပွဲများနှင့်အတူ ပရိသတ် အားပေးမှုများ ပြားလာသည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်အတွက် အားကစား ထင်ရှားကျော်ကြားကဏ္ဏတွင် ထည့်သွင်း ဖော်ပြလိုက်ပါသည်။

အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ပထမဆုံး အိမ်ရှင်ကျင်းပခွင့်နှင့် ၁၂ နှစ်အကြာတွင် ဆီမီးဖိုင်နယ်သို့ ပြန်လည် တက်ရောက်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အသင်းသည် အုပ်စုအဆင့်ကို ကျော်လွန်ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဆူဇူကီးဖလား ပြိုင်ပွဲတွင် အောင်မြင်မှု မရသေးသည့် မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ယခုပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့ပြီး ၁၂ နှစ်အကြာမှ အုပ်စုအဆင့် ကျော်လွန်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အသင်းအား ၂၀၁၆ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဏတွင် ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အသင်းဖျက်သိမ်းမှုများနှင့် MNL ပြိုင်ပွဲ အနာဂတ်

၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် MNL လိဂ်ပြိုင်ပွဲသည် ၂၀၁၆ ရာသီတွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ရာသီပိတ်သိမ်းခါနီးတွင် သတင်းဆိုးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ MNL လိဂ်ပြိုင်ပွဲ စတင်ကျင်းပခဲ့သည့် ၂၀၀၉ ခုနှစ် ကတည်းက စတင်တည်ထောင်ခဲ့သော ဇေယျာရွှေမြေ အသင်းနှင့် မနောမြေအသင်းတို့ ဖျက်သိမ်းခဲ့သောကြောင့် MNL လိဂ်ပြိုင်ပွဲ မှာ ရေရှည်ဆက်လက် ရပ်တည်နိုင်မလားဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီတို့က အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် အသင်းဖျက်သိမ်းမှုများ ရှိခဲ့သော်လည်း ဆက်လက် ကျင်းပနိုင်ရန် ကြိုးပမ်းနိုင်ခဲ့သည့် မြန