ပြည်တွင်း သတင်းများ

စီမံကိန်းတစ်ပိုင်းတစ်စဖြင့် ရပ်နားထားခဲ့သည့် ထားဝယ်-မြိတ် ရထားလမ်းစီမံကိန်းရှိ ရထားလမ်းတာပေါင်များကြောင့် ထားဝယ်မြို့အနီးတစ်ဝိုက် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်နေဟုဆို

ထားဝယ်မြို့နယ်အနီးဝန်းကျင်တွင် ယခုနှစ်ပိုင်းအတွင်း မိုးရွာသွန်းမှု များပြားချိန်တွင် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်နေရခြင်းမှာ စီမံကိန်းတစ်ပိုင်းတစ်စဖြင့် ရပ်နားထားခဲ့သည့် ထားဝယ်-မြိတ်ရထားလမ်းစီမံကိန်းရှိ ရထားလမ်းတာပေါင်များမှ ရေဆင်းလမ်းကြောင်းအား ပိတ်ဆို့ထားခြင်းကြောင့်ဖြစ်ကြောင်း ထားဝယ်ခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားသည်။
 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တကသ ကျောင်းသားများနှင့် ပြည်သူများ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ရန်ကုန်မြို့လည်ကောင်တွင် ဇွန် ၃၀ ရက်က ကျောင်းသားနှင့် ပြည်သူပူးပေါင်း၍ ဆန္ဒပြရာ ရဲတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ် ပိတ်ဆို့တားဆီးသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ 
 
 
ဆန္ဒပြသည့်ကျောင်းသားများအား တားဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
 

ပင်မသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများအနက် ၃၅ ဦးကို ထောင်ဝင်စာတွေ့ခွင့် ၂ ပတ်မှ ၆ ပတ်အထိ ပိတ်ပင်မှုအပေါ် ဆန့်ကျင်သည့်အနေဖြင့် ဖမ်းဆီးခံကျောင်းသားများအားလုံး ထောင်ဝင်စာအတွေ့မခံဘဲ သပိတ်မှောက်မည်

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း (ပင်မ) မှ ဖမ်းဆီးခံကျောင်းသားများကို ဇွန် ၃၀ ရက်က သာယာဝတီခရိုင် တရားရုံးတွင် (၇) ကြိမ်မြောက် ရုံးထုတ်ခဲ့ကာ အာမခံတင်ထားသည့် အမှုတွဲကို ခရိုင်တရားရုံးတွင် လျှောက်လဲချက်ပေးခဲ့သည်။
 

၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်းလေကြောင်းလိုင်းရှစ်ခုမှ လေယာဉ် ၁၇ စင်းဖြင့် ခရီးစဉ်ပေါင်း ငါးသောင်းကျော် ပျံသန်းခဲ့

၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်းလေကြောင်းလိုင်းရှစ်ခုမှ စုစုပေါင်းလေယာဉ် ၁၇ စီးဖြင့် ခရီးစဉ်ပေါင်းငါးသောင်းကျော်အား ပျံသန်းနိုင်ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သောသတင်းများအရ သိရသည်။

၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်းလေကြောင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း၊ အဲပုဂံ၊ အဲမန္တလေး၊ အေးရှားဝင်းစ်၊ အဲကေဘီဇက်၊ ရန်ကုန်အဲဝေးစ်၊ ရွှေမြန်မာလေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်းစသည့် ပြည်တွင်းလေကြောင်းလိုင်းရှစ်ခုမှ ပြည်တွင်းခရီးစဉ်များအား ပျံသန်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးစတင်မည့် ကျပ် သိန်း ၅၀ အထိ လျော်ကြေးရရှိနိုင်သော ကျန်းမာရေးအာမခံ ယနေ့စတင်ထားရှိနိုင်မည်

မြန်မာနိုင်ငံတွင် ပထမဆုံးစတင်မည့် ကျပ်သိန်း ၅၀ အထိ လျော်ကြေးရရှိနိုင်သော ကျန်းမာရေးအာမခံကို ၂၀၁၅ ဇူလိုင် ၁ ရက်နေ့(ယနေ့) တွင် စတင်ထားရှိနိုင်မည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

ကျန်းမာရေးအာမခံကို တစ်နှစ်စာအတွက် ပရီမီယံကြေးတစ်ယူနစ်လျှင် ကျပ်ငါးသောင်းဖြင့် ရောင်းချမည်ဖြစ်ပြီး အများဆုံး ငါးယူနစ်အထိ ၀ယ်ယူထားရှိနိုင်သောကြောင့် သေဆုံးသည့်အခါ လျော်ကြေးပေးလျော်ရာတွင် ကျပ်သိန်း ၅၀ အထိပေးလျော်မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်တတောင်မြို့နယ် အမှတ်(၂)၊ (၃) ရပ်ကွက်များရှိ မြေသိမ်းဆည်းခံထားရသူများက ထိုက်သင့်သောလျော်ကြေးရရှိရေး ၁၅ ကြိမ်မြောက် လမ်းလျှောက်ဆန္ဒထုတ်ဖော်

ဗိုလ်တထောင်မြို့နယ် အမှတ်(၂)နှင့်(၃) ရပ်ကွက်များရှိ (စီအိုဒီ၊ ဘီအေအိုဒီဝင်း)မြေသိမ်းဆည်းခံထားရသူများက ၎င်းတို့အား ထိုက်တန်သောလျော်ကြေးငွေ ပေးရန်အတွက် ဇွန် ၃၀ ရက်တွင် ၁၅ ကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်းပိုင်းပျက်စီးမှုများတွင် အမ်းမြို့၌ အများဆုံးဖြစ်

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့်အပြင် ကားလမ်းများကို ရေကျော်ခဲ့သဖြင့် လမ်းပိုင်းလေးနေရာပျက်စီးခဲ့ရာ အမ်းတွင် ပျက်စီးမှုအများဆုံးဖြစ်ခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်း ရှောင်ကွင်းလမ်းများဖြင့် လုပ်ဆောင်ခဲ့သဖြင့် ကားများယာယီသွားလာနိုင်ပြီဖြစ်ရာ ကုန်စည်နှင့် ခရီးသည်တင်ကားများ ပိတ်ဆို့နေမှုမရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကားလမ်းပိုင်းအချို့ပျက်စီးခဲ့သော်လည်း ယာယီရှောင်ကွင်းလမ်းများ ဖောက်လုပ်လိုက်ပြီဖြစ်သည့်အတွက် ကားများသွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မဟာမုနိဘုရား ရုပ်ရှင်တော်မြတ်ကြီး စံပယ်တော်မူသော ကျောင်းတော်အတွင်းရှိ တိုင်လုံးများကို ကြွေပားများအစား ကျောက်စိမ်းပြားများ ကပ်လှူပူဇော်မည်

မဟာမုနိဘုရားရုပ်ရှင်တော်မြတ်ကြီး စံပယ်တော်မူသော ကျောင်းတော်ကြီးအတွင်းရှိ တိုင်လုံးများကို ကြွေပြားများကပ်လှူပူဇော်ထားရာမှ ကျောက်စိမ်းပြားများ အစားထိုးကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ကျောင်းတော်ကြီးအောက်တွင် ကြွေပြားများကပ်လှူပူဇော်ထားသော တိုင်လုံးပေါင်း ၁၃၂ တိုင်ရှိပြီး ယင်းတိုင်များအားလုံးနှင့် မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်စမြင်ရှိ တိုင်လုံးရှည်များကို ကျောက်စိမ်းပြားများ ကပ်လှူပူဇော်သွားမည်ဖြစ်ပြီး လက်ရှိတွင် ကျောင်းတော်အရှေ့ဘက်ခြမ်းရှိ တိုင်လုံးအားလုံးနီးပါးမှာ ကျောက်စိမ်းပြားများ အစားထိုးကပ်လှူပူဇော်ပြီးဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသည့်ဒေသတွင် တိုက်နယ်ဆေးရုံချထားပေးရေး ရသေ့တောင်မြို့နယ်တွင် ဆန္ဒထုတ်ဖော်

ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသည့်ဒေသတွင် တိုက်နယ်ဆေးရုံချထားပေးရေး ရသေ့တောင်မြို့ပေါ်၌ ဇွန် ၃၀ ရက်တွင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ဆန္ဒထုတ်ဖော်ပွဲကို ရသေ့တောင်မြို့ပေါ်တွင် ဇွန် ၃၀ ရက် နံနက် ၁၁ နာရီကစတင်ခဲ့ခြင်းဖြစ်ကာ လူအင်အား ၅၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၁၂ နာရီခွဲ၌ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

မိုးရာသီ၌ စွန့်ပစ်မြေစာများလျှောကျလာမှုကြောင့် ဖားကန့်ဒေသရှိ ဥရုချောင်းမှာ အချို့နေရာများတွင် ထက်ဝက်ခန့်တိမ်ကောလာ

ဖားကန့်ဒေသတွင် မိုးများရွာသွန်းမှုကြောင့် ဥရုချောင်းတစ်ဖက်တစ်ချက်တွင်ရှိနေသော ကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ငန်းများမှ ယခင်ကစွန့်ပစ်ထားသည့် စွန့်ပစ်မြေစာပုံများ စီးပျော်ကျမှုဖြစ်ပေါ်ပြီး ဥရုချောင်းအတွင်း မြေစာများစီးဆင်းမှုကြောင့် အချို့နေရာများတွင် ချောင်းထက်ဝက်ခန့် မြေစာပိတ်ဆို့တိမ်ကောလာရာ အဆိုပါပိတ်ဆို့မှုမှာ ဖားကန့်မြို့ပေါ်ဒေသနှင့် ကျေးရွာအများအပြား ရေကြီးရေလျှံမှု ပိုမိုဖြစ်ပေါ်စေနိုင်သည့်အတွက် အမြန်ဆုံးမြေစာဆယ်ယူရန်လိုအပ်နေကြောင်း သိရသည်။

သရုပ်ဆောင်ရဲတိုက် ထောင်မှလွတ်သည်ဆိုခြင်းမှာ ကောလာဟလဖြစ်ပြီး ၎င်း၏ ထောင်ဒဏ်အတွက် အယူခံတင်သွင်းမှုလက်ခံရန် ဇူလိုင် ၈ ရက်၌် လျှောက်လဲချက်ပေးမည်

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်ရဲတိုက် ထောင်မှပြန်လည်လွတ်မြောက်သည်ဟု လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဇူလိုင် ၂၉ ရက်က ပျံ့နှံ့နေမှုမှာ ကောလာဟလသာဖြစ်ကြောင်း ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာရီဇော်က ဇူလိုင် ၂၉ ရက် ညနေပိုင်းတွင် ပြောကြားသည်။ 
 
ထို့ပြင် သရုပ်ဆောင်ရဲတိုက် ဆက်လက်ကျခံရမည့် ထောင်ဒဏ်များမှ လွတ်မြောက်ရန်အတွက် နေပြည်တော်တွင် အယူခံတင်သွင်းမည်ဖြစ်ရာ ယင်းအယူခံအား လက်ခံရန် ဇူလိုင် ၈ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်၌ ရဲတိုက် ၏ ရှေ့နေများက လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း ဒါရိုက်တာရီဇော်က ဆိုသည်။ 

ရခိုင်ဒေသအနှံ့ မိုးကြီးရေလျှံမှုကြောင့် ရေလမ်းနှင့် ကားလမ်းများ ပျက်စီးခဲ့ပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ပို့ကုန်များရပ်ဆိုင်းနေ

မိုးရွာရေလျှံမှုများကြောင့် ရေလမ်း၊ မော်တော်ကားလမ်းများ ပျက်စီးခဲ့ရသဖြင့် မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ပို့ကုန်များ ရပ်ဆိုင်းနေပြီး ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရေးကဏ္ဍတွင် အကျဘက်သို့ ဦးတည်လာနေကြောင်း သတင်းရရှိသည်။

“မိုးက တအားရွာတော့ မယူမြစ်မှာရေလျှံတယ်။ ဘူးသီးတောင်-မောင်တောကား လမ်းကလည်း မြေပြိုလို့  ခဏခဏပျက်နေတယ်။ ပုစွန်ကလည်း ဘင်္ဂလားဒေ့ရှ်ကိုမသွားတော့ ကုန်သွယ်မှုက အကျဘက်မှာရှိနေတယ်။  အခုမိုးရွာတော့ ဘာမှမပို့ရဘူး။ ကုန်သွယ်မှုက ရပ်နေတယ်” ဟု မောင်တောနယ်စပ် ကုန်သည်တစ်ဦးဖြစ်သူ ဦးထွန်းဝင်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ ၇၅ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး မည်သည့်ကတ်မျှ မကိုင်ဆောင်သူ ၁၁ သိန်းကျော်ရှိရာ လူဦးရေ၏ ၂၁ ရာခိုင်နှုန်းအထိ ရှိနေ

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ ၇၅ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး မည်သည့်ကတ်မျှ မကိုင်ဆောင်သူ ၁၁ သိန်းကျော်ရှိရာ လူဦးရေ၏ ၂၁ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရသည်။

၂၀၁၄ ခုနှစ် မတ် ၂၉ ရက်တွင် ကောက်ယူထားသော သန်းခေါင်စာရင်းအရ မန္တလေးတိုင်းဒေသကြီးအတွင်း မည်သည့်ကတ်မျှ မကိုင်ဆောင်သူဦးရေမှာ ၁၁၀၄၂၂၈ ဦးရှိပြီး တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ၏ ၂၁ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဖားကန့်-မိုးကောင်း လမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ

ဖားကန့်-မိုးကောင်း လမ်းပိုင်းရှိ ဆိုင်းဖရာ ကျေးရွာအနီးတွင် ဇွန်၂၉ ရက်က ခရီးသည်တင်ယာဉ်တစ်စီး လက်နက်ဖြင့် ပစ်ခတ်ခံခဲ့ရကာ ကားပေါ်တွင် လိုက်ပါလာသော ခရီးသည်များထဲမှ တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

Pages