ပြည်တွင်း သတင်းများ

SKY NET ရုပ်သံလိုင်းက အစိုးရသို့ တစ်လ ကျပ် ၄၀၄ သိန်းသာ ပေးသွင်းရသည့်အတွက် အလွန်နည်းပါးနေပြီး စာချုပ် ပြန်လည်ချုပ်ဆိုသင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လွှတ်တော်သို့ တင်ပြ

စကိုင်းနက်ရုပ်သံလိုင်း ၀င်ငွေအရပ်ရပ်မှ နိုင်ငံတော်သို့ တစ်လလျှင် ကျပ် ၄၀၄ သိန်းသာ ပေးသွင်းရသည့်အတွက် အလွန်နည်းပါးနေပြီး မှန်ကန်သင့်လျော်သည့် အကျိုးအမြတ် ခွဲဝေရရှိရန် စာချုပ် ပြန်လည်ချုပ်ဆိုသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ ဇန်န၀ါရီ ၃၀ ရက်တွင် တင်ပြခဲ့သည်။

Golden Myanmar လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း နေပြည်တော်လေဆိပ်သို့ ဆင်းသက်စဉ် ငှက်တစ်ကောင်နှင့် ၀င်တိုက်မိ

Golden Myanmar လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း နေပြည်တော်လေဆိပ်သို့ ဆင်းသက်စဉ် ငှက်တစ်ကောင်ဖြင့် ၀င်တိုက်မိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၃၀ ရက်က ရန်ကုန်မှ နေပြည်တော်သို့ ပျံသန်းလာသည့် Golden Myanmar လေကြောင်းလိုင်းမှ Air Bus A-320 လေယာဉ်တစ်စင်းသည် နေပြည်တော်လေဆိပ်သို့ ဆင်းသက်စဉ် ငှက်တစ်ကောင်ဖြင့် ၀င်တိုက်မိခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့လယ်တွင် စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ထားမှုကို ကန့်ကွက်ကြောင်း ရပ်ကွက်နေပြည်သူများ ဆန္ဒပြမည်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ထားရှိနေမှုအား ရပ်ကွက်နေပြည်သူများက လမ်းလျှောက်ဆန္ဒပြမည်ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် အတွင်းရှိ ရပ်ကွက်နေပြည်သူများက ပြောကြားသည်။

လေးပွင့်ဆိုင် တွေ့ဆုံရေးနှင့် ကျောင်းသားသပိတ် စစ်ကြောင်းများကို ထောက်ခံကြောင်း မန္တလေး ရတနာပုံတက္ကသိုလ်ဝင်းအတွင်း ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ လေးပွင့်ဆိုင် တွေ့ဆုံရေးနှင့် အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများ၏ ဒီမိုကရေစီ ပညာရေး သပိတ်မှောက် စစ်ကြောင်းများအား ထောက်ခံကြောင်း မန္တလေး ရတနာပုံတက္ကသိုလ် ၀င်းအတွင်း ဇန်န၀ါရီ ၃၀ ရက်က ကျောင်းသားများ လမ်းလျှောက် ဆန္ဒပြခဲ့သည်။

တိုင်းရင်းဆေးပညာ ဦးစီးဌာနက မြောက်ဥက္ကလာပရှိ ဆိုင်ခန်း ၁၄ ခန်း ဖယ်ရှားပေးရန် စတုတ္ထအကြိမ်မြောက် သတိပေးစာ ပေးပို့

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ခ-ရပ်ကွက် မြရတနာလမ်းရှိ ဆိုင်ခန်း ၁၄ ခန်းကို ဖေဖော်ဝါရီ ၃ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် တိုင်းရင်းဆေးပညာ ဦးစီးဌာနက စတုတ္ထအကြိမ်မြောက် သတိပေးစာ ပေးပို့ထားကြောင်း ဆိုင်ခန်းဖွင့်လှစ် နေသူများထံမှ သိရသည်။

ဆိုင်ခန်း ၁၄ ခန်းတွင် လက်ဖက်ရည်ဆိုင်၊ အပ်ချုပ်ဆိုင်၊ ခေါက်ဆွဲဆိုင်၊ သံပုံးရောင်းချသည့်ဆိုင်များ ပါဝင်ပြီး ၁၉၉၇ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည်။

မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်အတွင်းရှိ မြို့နယ်သမ၀ါယမ အသင်းပိုင် အဆောက်အအုံ၏ ဆိုင်ခန်းတွဲများ မီးလောင်ကျွမ်းမှု ဖြစ်ပွား

မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်အတွင်းရှိ မြို့နယ်သမ၀ါယမ အသင်းပိုင် အဆောက်အအုံရှိ ထမင်းဆိုင်ခန်းများ ဇန်န၀ါရီ ၃၀ ရက် နံနက် ၃ နာရီခန့်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် အမှတ် ၃ ရပ်ကွက်၊ အောင်သိဒ္ဒိလမ်းနှင့် အောင်သိဒ္ဓိကျောင်းလမ်းထောင့် အမှတ် ၇၁ မြို့နယ် သမ၀ါယမအသင်းပိုင် အဆောက်အအုံရှိ ထမင်းဆိုင်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားရခြင်း အကြောင်းရင်းများအနက် အစားအသောက်ကြောင့် ဖြစ်ပွားနှုန်းမှာ ၃၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်နေ

မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားရခြင်း အကြောင်းရင်းများအနက် အစားအသောက်ကြောင့် ဖြစ်ပွားနှုန်းမှာ ၃၅ ရာခိုင်နှုန်းဖြင့်  အမြင့်ဆုံးနေရာတွင် ရှိနေကြောင်း သိရသည်။ ယင်းနောက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ရာခိုင်နှုန်း ၃ဝ၊ ဗိုင်းရပ်စ်ပိုးများကြောင့် ၁ဝ ရာခိုင်နှုန်းနှင့် လိင်ဆက်ဆံမှုများကြောင့် ၇ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် နှစ်စဉ်ကင်ဆာဖြစ်နှုန်း သိသိသာသာမြင့် တက်လာပြီး လက်ရှိကင်ဆာကြောင့် လူသေဆုံးမှု ၈ ဒသမ ၂ သန်းခန့် ရှိနေပြီး နောက်ပိုင်းတွင် ၁၃ သန်းအထိ မြင့်တက်လာနိုင်ကြောင်း  ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၁၆၈ ရပ်ကွက်၌ ကျူးကျော်တဲများကို သက်ဆိုင်ရာက အင်အားသုံးဖယ်ရှားရာ နေထိုင်သူအချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ် ကမ်း)မြို့နယ် ၁၆၈ ရပ်ကွက်အတွင်းရှိ လယ်ကွင်းအတွင်း ဝင်ရောက်နေထိုင်သူများအား သက်ဆိုင်ရာမှ အင်အားတစ်ထောင်ကျော်ဖြင့် ဇန်နဝါရီ ၃ဝ ရက်နံနက် ၄ နာရီခွဲတွင် ဖယ်ရှားခဲ့ကြောင်း သိရသည်။

အဆိုပါနေရာရှိ ကျူးကျော်တဲအဖြစ် သတ်မှတ်ထားသော နေအိမ်များကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲအရာရှိများ၊ တာဝန်လက်ပတ်အနီ ဝတ်ဆင်ထားသော နေ့စားဝန်ထမ်းများက ဖယ်ရှားခဲ့သည့်အပြင် ကိုယ်တိုင်ဖယ်ရှားခိုင်းရန် သတ်မှတ်ထားသည့်အချိန် ကျော်လွန်သွားသည်ဟု ဆိုသဖြင့် ဘက်ဟိုးယာဉ်ဖြင့်ပါ နေအိမ်များအား ဖျက်ဆီးဖယ်ရှားခဲ့သည်။

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၌ ၁၀ နှစ်အတွင်း စံချိန်တင် အနိမ့်ဆုံးရေမှတ်အောက် ရောက်ရှိ

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် ၁ဝ နှစ်တာကာလအတွင်း စံချိန်တင်အနိမ့်ဆုံး ရေမှတ်အောက်ရောက်ရှိသည်အထိ ကျဆင်းလျက်ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (မန္တလေး) ၏ မှတ်တမ်းများအရ သိရသည်။

၂ဝဝ၄ ခုနှစ်အတွင်း စံချိန်တင်ကျဆင်း ခဲ့သည့် မန္တလေးမြို့ ဧရာဝတီမြစ်ရေအမှတ် မှာ ၃၆၈ စင်တီမီတာဖြစ်ပြီး လက်ရှိတိုင်းထွာမှုများအရ ဧရာဝတီမြစ်ရေ အမှတ်မှာ ဇန်နဝါ ရီ ၂၉ ရက် နံနက်ပိုင်းတွင် ၃၆၂ စင်တီမီတာ သာရှိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်ရှိ သားအမိနှစ်ဦး လည်လှီးအသတ်ခံရမှုဖြစ်စဉ်မှ ကျူးလွန်သူကို တစ်နှစ်ကျော်သည်အထိ မဖမ်းနိုင်သေး

၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် ညဥ့်နက်ပိုင်းက မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက် ဘောဂ ၂ လမ်း၌ ဖြစ်ပွားခဲ့သည့် သားအမိနှစ်ဦး လည်လှီးသတ်ခံရသည့်ဖြစ်စဉ်မှ ကျူးလွန်သူအား တစ်နှစ်ကျော်ကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရသည်။

“ကျူးလွန်သူက မွန်ပြည်နယ်ဘက်ကလို့ သိရတဲ့တွက် အဲဒီဘက်ကို ထွက်ပြေးသွားလောက်တယ်လို့ ယူဆလို့ သွားရောက်စုံစမ်းပါသေးတယ်။ အဲဒီမွန်ပြည်နယ်ဘက်ကိုလည်း မရောက်ဘူးလို့ သိရတယ်။ လက်ရှိအချိန်အထိတော့ တရားခံကို မမိသေးပါဘူး”ဟု မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၉ ရက်က ဆိုသည်။

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် နိုင်ငံတော်က ဒေါ်လာ တစ်ဘီလျံကျော် မြှုပ်နှံထားပြီး တစ်နှစ်ပတ်လုံး ရေနံစိမ်းတန်ချိန် ၂၂ သန်း ပို့လွှတ်ခ ဒေါ်လာ ၂၂ သန်းနှင့် ပိုက်လိုင်းနှစ်ခု ဖြတ်သန်းခ ဒေါ်လာ ၁၃ ဒသမ ၈ သန်းကျော်သာ ရရှိ

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် နိုင်ငံတော်က ဒေါ်လာ ၁ ဒသမ ၂ဝ၄ ဘီလျံ ပါဝင်မြှုပ်နှံထားပြီး တစ်နှစ်ပတ်လုံး ရေနံစိမ်းတန်ချိန် ၂၂ သန်း ပို့လွှတ်မှုအခကြေးငွေအဖြစ် ဒေါ်လာ ၂၂ သန်းနှင့် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းနှစ်ခု ဖြတ်သန်းခအဖြစ် တစ်နှစ်လျှင် ဒေါ်လာ ၁၃ ဒသမ ၈ သန်းကျော်သာ နှစ်စဉ်ရရှိနေမည်ဖြစ်ကြောင်း သိရသည်။

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကချင်တိုင်းရင်းသားများ သံသယဖြစ်သည့် အချက်သုံးချက်ကို မုံးပေါ်ဒေသ တပ်မတော်ဗျူဟာမှူးက ရှင်းလင်းခဲ့ကြောင်း သိရ

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကချင်တိုင်းရင်းသားများ သံသယဖြစ်သည့် အချက်သုံးချက်ကို မုံးပေါ်ဒေသ တပ်မတော်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းနိုင်ဦးက ရှင်းလင်းပြောဆိုမှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပြောဆိုမှုကို အခင်းဖြစ်ပွားရာ ကောင်းခါးရွာ၌ ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်သော အမှုမှန်ပေါ်ပေါက်ရေးအတွက် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် ဘာသာရေးခေါင်းဆောင်များ၊  တပ်မတော်ပိုင်းနှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ဒေသခံများနှင့် တွေ့ဆုံချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားသပိတ်စစ်ကြောင်းကို ကျောက်ပန်းတောင်းမြို့ရှိ ကျောင်းသူကျောင်းသားများအပါအ၀င် ဒေသခံသောင်းချီ ကြိုဆို

အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက် လမ်းလျှောက်ဆန္ဒပြနေသည့် ကျောင်းသားသပိတ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၉ ရက် ညနေ ၃ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိခဲ့ရာ ကျောင်းသူကျောင်းသားများ အပါအဝင် ဒေသခံ သောင်းချီ ကြိုဆိုခဲ့ကြသည်။

သုံးရက်ကြာပြုလုပ်မည့် မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်းများညီလာခံသို့ ပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်း ၃၀ ကျော်ကို UNA ဖိတ်ကြားမည်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) ကကြီးမှူး၍ ရန်ကုန်မြို့၌ သုံးရက်ကြာပြုလုပ်မည့် မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်းများညီလာခံသို့တက်ရောက်ရန် ပါတီနှင့်နိုင်ငံရေးအဖွဲ့အစည်း ၃၀ ကျော်ကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။  

(၁၉) ကြိမ်မြောက် ရွှေကျင်နိကာယသံဃာ့အစည်းအဝေးက "အပြည်ပြည်ဆိုင်ရာ ရွှေကျင်နိကာယသာသနာပြုဌာန" ကို ရန်ကုန်မြို့၌တည်ထောင်ရန်အပါအ၀င် ဆုံးဖြတ်ချက်ငါးရပ်ချမှတ်

(၁၉)ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကို ဇန်န၀ါရီ ၂၇ ရက်မှ ဇန်န၀ါရီ ၂၉ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင်ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးမှ ရွှေကျင်နိကာယသာသနာပြန့်ပွားရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် "အပြည်ပြည်ဆိုင်ရာ ရွှေကျင်နိကာယသာသနာပြုဌာန" ကို ရန်ကုန်မြို့၌တည်ထောင်ရန်အပါအ၀င် ဆုံးဖြတ်ချက်ငါးရပ်ချမှတ်ခဲ့ကြောင်း သိရသည်။
    

သပိတ်မှောက်ကျောင်းသားစစ်ကြောင်း တောင်သာမြို့နယ်အတွင်း၌ ဒုတိယအကြိမ် တားဆီးခံခဲ့ရသော်လည်း ပုပ္ပါးမြို့သို့အရောက် ဆက်လက်ချီတက်နိုင်ခဲ့

အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်လမ်းလျှောက် ဆန္ဒထုတ်ဖော်နေကြသည့် ကျောင်းသားများမှာ မန္တလေးမြို့မှ ရန်ကုန်မြို့သို့အရောက် သပိတ်စစ်ကြောင်းအဖြစ် ချီတက်ခဲ့ရာတွင် တောင်သာမြို့မှ ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ထွက်ခွာခဲ့ရာ တောင်သာမြို့နယ်နှင့် ကျောက်ပန်းတောင်းနယ်စပ် အရောက်တွင် လုံခြုံရေးအပြည့်ဖြင့် တာဝန်ရှိသူများဘက်က လမ်းများပိတ်ဆို့၍ တားဆီးခဲ့သော်လည်း အတားအဆီးများအား ဖယ်ရှားကာ ပုပ္ပါးမြို့သို့ ဆက်လက်ချီတက် ခဲ့ကြသည်။

စစ်အကျဉ်းထောင်မှ အစောင့်တပ်ကြပ်ကြီးကိုသတ်၍ ထွက်ပြေးသူ အကျဉ်းသားရှစ်ဦးအနက် နှစ်ဦးအား ရွှေဘိုမြို့၌ ဖမ်းမိ

ဇန်နဝါရီ ၂၅ ရက်က မန္တလေးနန်းတွင်းရှိ စစ်အကျဉ်းထောင်မှ အစောင့်တပ်ကြပ်ကြီးကိုသတ်ကာ ထွက်ပြေးလွတ်မြောက်ခဲ့သော အကျဉ်းသားရှစ်ဦးအနက် နှစ်ဦးအား ဇန်နဝါ ရီ ၂၈ ရက် နံနက် ၁ဝ နာရီတွင် ရွှေဘိုမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့နှစ်ဦးအား ရွှေဘိုမြို့အနောက်ဘက် မင်းကုန်းကျေးရွာအနီး ဘုရားကျောင်းဝင်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပြီး အသေးစိတ် သတင်းထုတ်ပြန်မှု မပြုလုပ်ဟု ၎င်းကဆိုသည်။

သုံးလသက်တမ်း အစိုးရငွေတိုက် လက်မှတ်များ ကျပ် ဘီလျံ ၅၀ ဖိုး လေလံစနစ်ဖြင့် စတင်ရောင်းချ၊ ငွေကြေးဖောင်းပွမှု မဖြစ်စေရန် တားဆီးခြင်းဖြစ်ဟု ဗဟိုဘဏ်တာဝန်ရှိသူ ပြောကြား

နိုင်ငံ၏ငွေကြေး ဖောင်းဖွမှုကို ထိန်းချုပ်ရာတွင် နည်းလမ်းတစ်ခုဖြစ်သည့် အစိုးရငွေတိုက် လက်မှတ်များကို ရောင်းချလျက်ရှိပြီး လက်ရှိတွင် သုံးလသက်တမ်း အစိုးရငွေတိုက်လက်မှတ်များကို ကျပ်ဘီလျံ ၅ဝ ဖိုး လေလံစနစ်ဖြင့် ပုဂ္ဂလိကဘဏ်များအား စတင်ရောင်းချမှုကို ဇန်နဝါရီ ၂၈ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ရောင်းချခဲ့သည်။

အစိုးရငွေတိုက် လက်မှတ်များ ရောင်းချခြင်းမှာ ငွေကြေးဖောင်းဖွမှုမဖြစ်စေရန် တားဆီးခြင်းဖြစ်ပြီး ငွေကြေးဖောင်းဖွမှုကို ထိန်းချုပ်ရာတွင် အထောက်အပံ့များစွာပေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမျိုးသားသီးသန့် အနှိပ်ခန်းများကို တရားဝင်ခွင့်ပြုပြီလား ... Menbox Health & Beauty Spa ဆိုင်ကို ၀င်ရောက်စစ်ဆေးရာ သာမန်အနှိပ် ၀န်ဆောင်မှုပေးသည့် ဆိုင်သာဖြစ်ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ပြောကြား

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်း ဖွင့်လှစ်ထားသော Menbox Health & Beauty Spa ဆိုင်အား အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းရွှေနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက်တွင် သွားရောက်စစ်ဆေးရာ သာမန်အနှိပ် ဝန်ဆောင်မှုပေးသည့် ဆိုင်သာဖြစ်ကြောင်း အဆိုပါမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ သိရသည်။

“သွားရောက်စစ်ဆေးတဲ့အခါ အနှိပ်လုပ်ငန်းပဲ လုပ်တာတွေ့ရတယ်။ ဟိုလိုမျိုး လိင်ဝန်ဆောင်မှုတွေ ပေးတယ်ဆိုတာနဲ့ ပတ်သက်ပြီး အတည်ပြုလို့ မရသေးဘူး။ ဆက်ပြီး စုံစမ်းရပါဦးမယ်” ဟု အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းရွှေက ဇန်နဝါရီ ၂၇ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားပါသည်။

သပိတ်မှောက်ကျောင်းသားများ တောင်းဆိုသည့် လေးပွင့်ဆိုင် တွေ့ဆုံရေးကို ဖေဖော်ဝါရီ ၁ ရက်ပြုလုပ်ရန် အစိုးရဘက်က လက်ခံပြီး ညှိနှိုင်းဆွေးနွေးမှု စတင်မည့်ရက်တွင် ကျောင်းသားများ သပိတ်ရပ်နားမည်ဟု ထုတ်ပြန်

အမျိုးသားပညာရေး ဥပဒေနှင့်ပတ်သက် ၍ သပိတ်မှောက်ကျောင်းသားများ တောင်းဆိုနေသည့် လေးပွင့်ဆိုင်တွေ့ဆုံရေးကို ဖေဖော်ဝါရီ ၁ ရက် ပြုလုပ်ရန် အစိုးရဘက်က လက်ခံပြီး ညှိနှိုင်းဆွေးနွေးမှု စတင်မည့်ရက်တွင် ကျောင်းသားများ သပိတ်ရပ်နားမည်ဟု ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၂၈ ရက်တွင် နေပြည်တော်၌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသားကိုယ်စားလှယ် ၁ဝ ဦး တွေ့ဆုံဆွေးနွေးခဲ့ကာ ထိုတွေ့ဆုံမှုအပြီး ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါအချက်များ ပါဝင်ခဲ့ခြင်းဖြစ်သည်။

ဆေးတက္ကသိုလ်များရှိ ဘွဲ့ကြိုသင်တန်းများ၌ သင်ကြားရန်မလိုသည့် ဘာသာရပ်အချို့ကို ထားရှိရန် လိုမလို ကျန်းမာရေး ၀န်ကြီးဌာနက သက်ဆိုင်ရာ ပညာရှင်များနှင့် ဆွေးနွေး

ဆေးတက္ကသိုလ်များတွင် ဘွဲ့ကြိုသင်တန်းများ၌ သင်ကြားရန်မလိုအပ်သည့် ဘာသာရပ်အချို့ကို ချန်လှပ်ခြင်း သို့မဟုတ် ဘွဲ့ကြိုသင်တန်းများ ထားရှိရန် လိုမလိုကို ကျန်းမာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာပညာရှင်များနှင့် ဆွေးနွေးလျက်ရှိပြီး အသေးစိတ် အချက်အလက်များကို လွှတ်တော်သို့ တင်ပြနိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မန္တလေးမြို့ရှိ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ မနေထိုင်ဘဲ လွှဲပြောင်းရောင်းချပါက တိုက်ခန်းအပြီးအပိုင် ပြန်သိမ်းမည်

မန္တလေးမြို့ရှိ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတိုက်ခန်း ဝယ်ယူခွင့်ရရှိသူများသည် မနေထိုင်ဘဲ ပြန်လည်ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက အပြီးအပိုင် တိုက်ခန်းပြန်လည် သိမ်းယူသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ၏ ကြေညာချက်အရ သိရသည်။

ထိုသို့ ကြေညာထားသော်လည်း မဲနှိုက်ချထားပေးပြီးသားသူ အချို့သည် တစ်ဆင့်အမြတ်ယူ ပြန်လည်ရောင်းချမှုများ ရှိနေကြောင်း၊ ထိုသို့အမြတ်ယူ ပြန်လည်ရောင်းချမှုများကြောင့် တိုက်ခန်းဈေးများ အဆမတန် မြင့်မားနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

မြစ်သာမြစ် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုများလာပြီး လက်ရှိတွင် ကာကွယ်ထိန်းသိမ်းမှုများ မရှိခြင်းကြောင့် နတ်နန်းကျေးရွာ ဒေသခံများ စိုးရိမ်မှုရှိနေ

မြစ်သာမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ များပြားလာပြီး ယခုအချိန်အထိ ကာကွယ်ထိမ်းသိန်းမှုများ ပြုလုပ်ပေးနိုင်မှု မရှိသေးသောကြောင့် ကလေးမြို့နယ် နတ်နန်းကျေးရွာရှိ ဒေသခံများ စိုးရိမ်မှုရှိနေကြောင်း သိရသည်။

Pages