တူရကီကလပ် ဘာဆက်ဆီဟာအသင်းနှင့် ကလစ်ချီ ဆွေးနွေးနေ

တူရကီကလပ် ဘာဆက်ဆီဟာအသင်းနှင့် ကလစ်ချီ ဆွေးနွေးနေ
Published 6 July 2017

မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းစေ့၍ လမ်းခွဲခဲ့သော ပြင်သစ်နောက်ခံလူ ကလစ်ချီသည် တူရကီကလပ် ဘာဆက်ဆီဟာ အသင်းနှင့် ဆွေးနွေးလျက် ရှိနေကြောင်း သိရှိရသည်။

ကလစ်ချီသည် မန်စီးတီးအသင်းတွင် ၂၀၁၁ ခုနှစ်မှ စတင်၍ (၆)ရာသီကြာကစားခဲ့ပြီးနောက် အသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ပြီး ၎င်းအား
ပြင်သစ်လီဂူးကလပ်အသင်းများကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

ဘာဆက်ဆီဟာအသင်းသည် ပြီးခဲ့သည့်ရာသီက တူရကီလိဂ်ပြိုင်ပွဲ တွင် အဆင့်(၂)ရခဲ့ပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ခြေစစ်ပွဲ ဝင်ခွင့် ရရှိထားသည်။

Most Read

Most Recent