ဝိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံခြင်း

ဝိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံခြင်း
Published 29 November 2017

'ဝိုင်းစုရဲ့တစ်ကိုယ်တော်ပွဲလေးအတွက် အချိန်တွေအများကြီးယူပြီး ပြင်ဆင်နေပါတယ်။ ပရိသတ်တွေလည်း ကျေနပ်မယ့်ပွဲမျိုး၊ တင်ဆက်မှုမျိုးဖြစ်အောင် ကြိုးစားသွားမှာပါ'

သရုပ်ဆောင်တေးသံရှင်အဖြစ် ဂီတနှင့်ရုပ်ရှင် အနုပညာလုပ်ငန်းနှစ်ခုအား တွဲဖက်လုပ်ကိုင်နေသည့် အနုပညာရှင် များစွာအနက် ပရိသတ်နှစ်သက်အားပေးသည့် တေးသီချင်းများစွာကို သီဆိုထားနိုင်သည့် သရုပ်ဆောင်တေးသံရှင် ဝိုင်းစုခိုင်သိန်းလည်း အပါအဝင်ဖြစ်သည်။ အောင်မြင်သည့် တစ်ကိုယ်တော် တေးစီးရီးများအား ထွက်ရှိထားပြီးဖြစ်သည့် ဝိုင်းစုခိုင်သိန်းက  ဒီဇင်ဘာ ၂၄ ရက် ၎င်း၏ မွေးနေ့တွင် ရန်ကုန်မြို့၌ တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်ထားသည့်အပြင် ဇန်နဝါရီလအတွင်းတွင်လည်း မန္တလေးမြို့၌ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်ရန် စီစဉ်ထားပြန်သည်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲများ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည့် သရုပ်ဆောင်တေးသံရှင် ဝိုင်းစုခိုင်သိန်းနှင့်တွေ့ဆုံ၍ တစ်ကိုယ်တော်ပွဲအတွက်ပြင်ဆင်နေမှုများ၊ ယခင်ပြုလုပ်ခဲ့ပြီးသည့် တစ်ကိုယ်တော်ပွဲများနှင့် ကွာခြားသွားမည့်တင်ဆက်မှုများ၊ တေးသံရှင်အောင်လနှင့် စုံတွဲတေးသီချင်းတွဲဖက်တင်ဆက်ရန် ပြင်ဆင်ထားမှုများ အပါအဝင် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - ဝိုင်းစုရဲ့တစ်ကိုယ်တော်ပွဲတွေကိ ုစီစဉ်ဖြစ်တာလေး အရင်ဆုံးပြောပြပေးပါဦး။

ဖြေ - ဝိုင်းစုတစ်ကိုယ်တော်ပွဲမလုပ်ဖြစ်တာလည်း နည်းနည်းကြာသွားပြီ။ ကြား ထဲမှာလည်း သီချင်းအသစ်တွေတော့ ထွက်ဖြစ်တယ်ပေါ့နော်။ ဒီနှစ်မှာတော့ ပရိ သတ်တွေနဲ့လည်းဆုံချင်တာကြောင့် တစ်ကိုယ်တော်ပွဲလုပ်မယ်လို့ စိတ်ကူးတဲ့အခါ ပရိသတ်တွေကိုမေးကြည့်တော့ ပိုပြီးအမှတ်တရဖြစ်အောင် မွေးနေ့ဖြစ်တဲ့ ဒီဇင် ဘာ ၂၄ ရက်မှာလုပ်ဖို့ အားလုံးကဝိုင်းပြီးတိုက်တွန်းကြတာနဲ့ စီစဉ်ဖြစ်သွားတာပါ။

မေး - မန္တလေးမှာလုပ်ဖို့ပါ စီစဉ်ဖြစ်သွားတာကရော။

ဖြေ - ရန်ကုန်မှာ မွေးနေ့ကို ပွဲလုပ်ဖို့စီစဉ်တဲ့အခါ မန္တလေးကပရိသတ်တွေကလည်း  တစ်ပွဲလုပ်ဖို့ ဝိုင်းပြောကြတယ်။ နှစ်ပွဲဆက်တိုက်လုပ်တဲ့အတွက် ပင်ပန်းမှာဖြစ်ပေ မယ့် ပရိသတ်တွေကလည်း အရမ်းတောင်းဆိုကြတာကြောင့် လုပ်ဖြစ်သွားတာပါ။

မေး - သီချင်းတွေအများကြီးရှိတယ်ဆိုတော့ သီချင်းရွေးချယ်တဲ့အပိုင်းကိုရော ဘယ်လိုစီစဉ်ထားလဲ။

ဖြေ - ဝိုင်းစု ဒီပွဲလုပ်မယ်လို့စပြီးဆုံးဖြတ်ပြီးကတည်းက ပရိသတ်တွေနားထောင် ချင်တဲ့ သီချင်းလေးတွေကို Facebook ကနေ မေးထားတာတွေရှိတယ်။ သူတို့နား ထောင်ချင်တဲ့သီချင်းတွေလည်းဆိုမှာဖြစ်သလို ဝိုင်းစုဆိုပြချင်တဲ့သီချင်းတွေလည်း ဆိုဖြစ်မယ်။ ပွဲတွေမှာ မဆိုဖြစ်တာကြာတဲ့ သီချင်းလေးတွေလည်း ဆိုပြချင်ပါတယ်။ သီချင်းတွေကတော့ ရွေးထားတာအများကြီးပါပဲ။ ပွဲမလုပ်ဖြစ်တာကြာပြီဆိုတော့  သီချင်းတွေတဝကြီး ဆိုချင်ပါတယ်။

မေး - ရန်ကုန်ပွဲနဲ့ မန္တလေးပွဲက သီချင်းတွေ အတူတူပဲ ဆိုမလား။ ဒါမှမဟုတ် ပြောင်းဖြစ်မလား။

ဖြေ - အားလုံးတစ်ပုံစံတည်းတော့ တူမှာမဟုတ်ပါဘူး။ ရန်ကုန်မှာဆိုတဲ့သီချင်းတွေ ထဲက တချို့တစ်ဝက်ကို မန္တလေးမှာလည်း ဆိုဖြစ်မှာပါ။ တချို့သီချင်းတွေလည်း ပြောင်းပြီးဆိုဖြစ်မယ်။

မေး - တစ်ကိုယ်တော်ပွဲမှာ တခြားအနုပညာရှင်တွေရော ပါဝင်အားဖြည့်ဖို့ရှိမလား။

ဖြေ - ပါဖြစ်မှာပါ။ ဝိုင်းစု ကြိုတော့ကြေညာမထားချင်ဘူး။ ပရိသတ်တွေ အံ့အားသင့် စရာဖြစ်အောင် တင်ဆက်ချင်တာကြောင့်ပါ။ ဝိုင်းစုရဲ့အနုပညာမောင်နှမတွေက လည်း ပါဝင်အားဖြည့်ဖို့အဆင်သင့်ရှိပါတယ်။ ပရိသတ်တွေအတွက် ထူးခြားတဲ့ တင်ဆက်မှုတွေဖြစ်အောင် ကြိုးစားတင်ဆက်သွားမှာပါ။

မေး - အောင်လနဲ့ရော စုံတွဲသီချင်းအနေနဲ့ တင်ဆက်ဖို့ရှိမလား။

ဖြေ - ရှိပါတယ်။ သူနဲ့လည်း စုံတွဲသီချင်းတွဲဖက်သီဆိုဖို့စီစဉ်ထားတာရှိတယ်။ ပရိသတ်တွေတောင်းဆိုထားတဲ့ သီချင်းတွေလည်းရှိတယ်။ လောလောဆယ်တော့ ပြင်ဆင်နေကြပါတယ်။

မေး - အရင်လုပ်ခဲ့တဲ့ တစ်ကိုယ်တော်ပွဲတုန်းက ပါဖောမန့်စ်တွေအရမ်းများတော့ ပင်ပန်းခဲ့တယ်နော်။  အခုတစ်ခေါက်ပွဲအတွက်ရော ဘယ်လိုကြိုတင်ပြင်ဆင်ထားလဲ။

ဖြေ - အရင်လုပ်ခဲ့တဲ့ပွဲတုန်းက ပရိသတ်တွေအတွက် လုပ်ပြချင်တဲ့ ပါဖောမန့်စ်တွေအရမ်းများတဲ့အတွက် စိတ်ရောလူပါ  ပင်ပန်းခဲ့ရတယ်။ ကျန်းမာရေးလည်း အရမ်းကြီး ဂရုမစိုက်နိုင် ခဲ့ဘူးပေါ့။ အခုတစ်ခေါက်ကတော့ အချိန်ယူပြင်ဆင်ထားပါတယ်။ အသံပိုင်းဆိုင်ရာအတွက်လည်း လေ့ကျင့်ပြင်ဆင်ထားသလို ပါဖောမန့်စ် ပိုင်းအတွက်လည်း သေချာလေးပြင်ဆင်ထားပါတယ်။ ပရိသတ်တွေ ပွဲအစအဆုံး စီးဝင်မျောပါနိုင်အောင် တင်ဆက်နိုင်ဖို့ စီစဉ်ထားပါတယ်။

မေး - တစ်ကိုယ်တော်ပွဲလုပ်တယ်ဆိုတာ ပရိသတ်နဲ့ကိုယ့်ကြားက မှတ်တိုင်ဆိုတော့ အခုတစ်ခေါက်ပွဲတွေအတွက်ရော ဘယ်လောက်ထိမျှော်လင့်ထားလဲ။

ဖြေ - အဓိက,ကတော့ မှတ်တိုင်ဆိုတာထက် အမှတ်တရပါ။ ဝိုင်းစုကို ချစ်တဲ့ပရိသတ်တွေအတွက် ဝိုင်းစုရဲ့ပွဲလေးမှာ ပျော်စေချင်တယ်။ သူတို့နားထောင်ချင်တဲ့သီချင်းလေးတွေကို တဝကြီးဆိုပြချင်တယ်။ ပွဲ အစအဆုံး အပေးအယူမျှမျှနဲ့ အမှတ်တရတွေအများကြီး ဖြစ်တာမျိုးကိုတော့ မျှော်လင့်ပါတယ်။ အဲဒီလိုဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီတစ်ခေါက်ပွဲက အရင်အတွေ့အကြုံတွေရှိပြီးသားဆိုတော့ အရင်ကြုံခဲ့ဖူးတဲ့အား နည်းချက်တွေ၊ အမှားအယွင်းတွေကို ပြင်ဆင်နိုင်အောင်လည်း ကြိုးစားထားတယ်။ အကောင်းဆုံးတင်ဆက်နိုင်အောင် ကြိုးစားနေတဲ့အတွက် အမှတ်တရတွေအများကြီးနဲ့ ပျော်စရာကောင်းတဲ့ပွဲလေးဖြစ်ဖို့ တော့ မျှော်လင့်ပါတယ်။

မေး - ရုပ်သံကနေလွှင့်ဖို့အစီအစဉ်ရော ပါဖြစ်မလား။

ဖြေ - အဲဒါတော့ သိပ်မသေချာသေးပါဘူး။

မေး - ပွဲကိုလာကြည့်မယ့်ပရိသတ်တွေကို အကြိုသတင်းစကား ပါးချင်တာရှိမလား။

ဖြေ - ဝိုင်းစုရဲ့တစ်ကိုယ်တော်ပွဲလေးအတွက် အချိန်တွေအများကြီးယူပြီး ပြင်ဆင်နေပါတယ်။ ပရိသတ်တွေလည်း ကျေနပ်မယ့်ပွဲမျိုး၊ တင်ဆက်မှုမျိုးဖြစ်အောင် ကြိုးစားသွားမှာပါ။ ဝိုင်းစုနဲ့အတူ အမှတ် တရအချိန်လေးတွေဖြတ်သန်းဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်။

မေး - အချစ်ရေးနဲ့ပတ်သက်လို့ရော သတင်းစကား ပါးချင်တာများရှိမလား။

ဖြေ - အချစ်ရေးကတော့ အေးဆေးပါပဲ။ နှစ်ယောက်စလုံးက အနုပညာအလုပ်တွေကို အာရုံစိုက်ပြီးလုပ်နေကြသလို တစ်ယောက်ကို တစ်ယောက်လည်း နားလည်မှု အပြည့်အဝရှိတာကြောင့် စိတ်ချမ်းသာ ရပါတယ်။ ဝိုင်းစုလည်း ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို အစွမ်းကုန်ကြိုးစားနေပါတယ်။

Most Read

Most Recent