Mr.Vijay Thangavelu (မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ Country Manager) နှင့် တွေ့ဆုံခြင်း

Mr.Vijay Thangavelu (မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ Country Manager) နှင့် တွေ့ဆုံခြင်း
Published 2 August 2017

 

ပြည်တွင်းမိုဘိုင်းဈေးကွက်မှာ အောင်မြင်မှုတွေရရှိခဲ့ပြီး ပျောက်ကွယ်သွားခဲ့တဲ့ နိုကီရာမိုဘိုင်းဖုန်းတွေကို အခုပြည်တွင်းဈေးကွက်မှာ ပြန်လည်တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ ဆန်းသစ်တဲ့ဒီဇိုင်းနဲ့ အဆင့်မြှင့်ထားတဲ့ နည်းပညာမြင့် နိုကီရာစမတ်ဖုန်း ထုတ်လုပ်ရောင်းချသူူ HMD Global မှ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ Country Manager Mr.Vijay Thangavelu နဲ့ နိုကီရာစမတ်ဖုန်း အကြောင်းနှင့် ပြည်တွင်း စမတ်ဖုန်းဈေးကွက်အပေါ် သုံးသပ်ချက်များအကြောင်း မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြအပ်ပါတယ်။

 

မေး - နိုကီရာအနေနဲ့ အချိန်အကြာကြီး ပြည်တွင်းဈေးကွက်ထဲကနေ ပျောက်သွားပြီး အခုမှ ဘာကြောင့် မြန်မာနိုင်ငံ မိုဘိုင်းဈေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာတာပါလဲ။

ဖြေ - နိုကီရာက မြန်မာနိုင်ငံမှ ပျောက်သွားတယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်းမိုဘိုင်းဖုန်း အသုံးပြုတဲ့သူတွေနဲ့ အတူရှိနေပါတယ်။ ပြီးတော့မှ နိုကီရာက မြန်မာနိုင်ငံကိုခြေလှမ်းအသစ်နဲ့ ပြန်လည်ဝင်ရောက်လာတာပါ။ မြန်မာပြည်က မိုဘိုင်းဖုန်းအသုံးပြုသူတဲ့သူတွေကိုလည်း အဆင့်မြှင့်ထားတဲ့ နိုကီရာ စမတ်ဖုန်းတွေကို ပြန်ပြီးတော့အသုံးပြုစေချင်ပါတယ်။ ဒါကြောင့် ခြေလှမ်းအသစ်တွေနဲ့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

 

မေး - အချိန်ဘယ်လောက်အထိယူပြီးမှ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဈေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာတာလဲ။

ဖြေ - အချိန်ကတော့ ယူရတာပေါ့။ ဒီလိုမျိုး နိုကီရာစမတ်ဖုန်းတွေကို ပြည်တွင်းမှာ မိတ်ဆက်ပေးတယ်ဆိုတာ ဈေးနှုန်းသင့်ပြီး အရည်အသွေးကောင်းတဲ့ နိုကီရာစမတ်ဖုန်းတွေကို  ကိုင်စေချင်လို့ပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံကို

ပြန်လည်ရောက်ရှိလာတာပါ။

 

မေး - နောက်ထပ် ဘယ်လိုနိုကီရာ စမတ်ဖုန်း ဆက်လက် ထုတ်လုပ်ဖို့ရှိပါသလဲ။

ဖြေ - ရှိပါတယ်။ နိုကီရာမှ နောက်ထပ် ဘယ်လို ထုတ်ကုန်တွေကို ထုတ်လုပ်မယ်ဆိုတာက Plan တွေ အများကြီးရှိပါတယ်။ အသုံးပြုတဲ့သူတွေကို Suprise  ဖြစ်စေမယ့် ထုတ်ကုန်မျိုးတွေကို ထုတ်လုပ်သွားမှာပါ။

 

မေး - လက်ရှိ ပြည်တွင်း မိုဘိုင်းဈေးကွက်မှာဆိုရင် အခြား မိုဘိုင်းတံဆိပ်တွေက ဈေးကွက်နေရာယူထားတာဆိုတော့ နိုကီရာအနေနဲ့ သူတို့နဲ့အပြိုင် ရောင်းအား ကောင်းနိုင်မယ်လို့ ယုံကြည်ပါသလား။

ဖြေ - နိုကီရာကတော့ အခြား စမတ်ဖုန်းထုတ်ကုန်တွေနဲ့ ပြိုင်ပြီးတော့ ရောင်းချသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်တွင်းက မိုဘိုင်းဖုန်း အသုံးပြုတဲ့သူတွေ အားလုံးရဲ့လက်ထဲမှာ နိုကီရာ စမတ်ဖုန်းတွေကို ကိုင်ဆောင်အသုံးပြုစေချင်ပါတယ်။ ဒါကြောင့် နိုကီရာက ပြည်တွင်း မိုဘိုင်းဈေးကွက်ထဲကို ရောက်လာတာ အခြားထုတ်ကုန်တွေနဲ့ ပြိုင်ဆိုင်ဖို့ရောက်လာတာ မဟုတ်ပါဘူး။ နိုကီရာစမတ်ဖုန်းတွေကို အသုံးပြုစေချင်လို့ရောက်လာတာပါ။

 

မေး - အခု မိတ်ဆက်ထားတဲ့ နိုကီရာစမတ်ဖုန်းတွေက မြန်မာနိုင်ငံအတွက်ပဲ ရည်ရွယ်ပြီး ထုတ်လုပ်တာလား အခြားနိုင်ငံတွေမှာရော ရောင်းချထားပြီးပြီလား။

ဖြေ - အခြားနိုင်ငံတွေမှာလည်း ထုတ်လုပ် မိတ်ဆက် ရောင်းချပြီးသွားပါပြီ။ အမေရိကန်၊ ဘန်ကောက်၊ မလေးရှား စတဲ့နိုင်ငံမှာတွေမှာလည်း ရောင်းချနေပါတယ်။ ပြီးတော့ ပြည်တွင်းအတွက် ဘယ်လောက် ထုတ်လုပ်ထားတယ်ဆိုတာ အကန့်အသတ်ရှိပါတယ်။ ဒါပေမဲ့ လိုသေလောက်ကို ရောင်းချပေးသွားမှာပါ။ နိုကီရာဖုန်း ကိုင်ချင်လို့ ဝယ်လို့မရဘူးဆိုတာ မရှိစေရပါဘူး။

 

မေး - အရင်တုန်းကလိုပဲ ပြည်တွင်းမှာ အောင်မြင်မှုတွေ ရရှိမယ်လို့ မျှော်လင့်ပါသလား။

ဖြေ - နိုကီရာက ဖုန်းတွေထဲမှာ အကြမ်းခံနိုင်တဲ့ ဖုန်းအမျိုးအစားပါ။ အရင်တုန်းက ပြည်တွင်းဈေးကွက်မှာ နိုကီရာဆိုတာ အောင်မြင်ခဲ့တဲ့ မိုဘိုင်းဖုန်းပါ။ အခု ထုတ်လုပ်ထားတဲ့နို ကီရာစမတ်ဖုန်းတွေကို ပြည်တွင်းသူတွေနှစ်သက် သဘောကျမယ်လို့ ယုံကြည်မျှော်လင့်တယ်။ ဒါကြောင့် အရင်လိုပဲအောင်မြင်မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်။ နိုကီရာစမတ်ဖုန်းတွေက ငယ်ရွယ်တဲ့လူငယ်ပိုင်းတွေကို ဦးစားပေးပြီး ထုတ်ထားပါတယ်။

မေး - Cyber City ကုမ္ပဏီအပြင် အခြားကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိပါသလား။

ဖြေ - နိုကီရာစမတ်ဖုန်းတွေကို ဇူလိုင် ၂၆ ရက်က ရန်ကုန်နဲ့ မန္တလေးမှာ ရောင်းချမှာပါ။ ဖြန့်ဖြုးရောင်းချဖို့အတွက် Cyber City ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမှာပါ။ Cyber City ကုမ္ပဏီက ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ မိုဘိုင်းအရောင်းဆိုင်တွေကိုဖြန့်ဖြူးပေးသွားမှာပါ။ နောက်ပိုင်းကျရင် မြန်မာပြည်တစ်ဝန်းလုံး ကိုင်ဆောင်အသုံးပြုနိုင်အောင် ရောင်းချပေးမှာပါ။ လက်ရှိမှာတော့ အခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းဖို့မရှိသေးပါဘူး။

 

မေး - မြန်မာနိုင်ငံရဲ့ မိုဘိုင်းဈေးကွက်အခြေအနေကို  ဘယ်လိုမြင်ပါသလဲ။

ဖြေ - မြန်မာနိုင်ငံမှာက မိုဘိုင်းဖုန်းအသုံးပြုတဲ့သူတွေက တစ်နှစ်ထက်တစ်နှစ် အများကြီး တိုးတက်လာတာကိုတွေ့ရပါတယ်။ အခုချိန်မှာ နိုကီရာရယ်လို့ မဟုတ်ပါဘူး။ နည်းပညာမြင့်ပြီး ဈေးနှုန်းသက်သာတဲ့ အခြားထုတ်ကုန်ဆိုရင်လည်း ပြည်တွင်းက သုံးစွဲသူတွေက အသုံးပြုကြမှာပါပဲ။ အသုံးပြုတဲ့သူတွေက နည်းပညာတွေကို စမ်းချင်နေကြတာပါ။ နည်းပညာတွေက ပြည်သူတွေကို အများကြီးတိုးတက်စေပါတယ်။ အခုချိန်မှာနည်းပညာ အသစ်တစ်ခုထွက်တိုင်း လူတွေစမ်းသပ်သုံး စွဲကြမှာပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံ အသုံးပြုတဲ့သူတွေက အစွဲအလမ်းကြီးတယ်။ တံဆိပ်တစ်ခုကိုကြိုက်ပြီဆိုရင် အဲဒီတံဆပ်ကိုပဲ မရမက ဝယ်ကြတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ ရောင်းလိုအားနဲ့ ဝယ်လိုအားက မမျှတာတွေ ဖြစ်လာတာပါ။

 

ကိုယ်ရေးအကျဉ်း

အမည် - Mr. Vijay Thangavelu

ရာထူး -HMD Global  မှ မြန်မာနိုင်ငံနှင့်

မလေးရှားနိုင်ငံတို့၏ Country Manager

Most Read

Most Recent