Property Guru အာရှအိမ်ခြံမြေဆုပေးပွဲ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာတယ်ရီဘလက်ဘန်းနှင့် တွေ့ဆုံမေးမြန်းခြင်း . . .

လတ်တလောတွင် ပြည်တွင်းအိမ်ခြံမြေ လုပ်ငန်းဈေးကွက်အတွင်း အခက်အခဲများတွေ့နေရသော်လည်း လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံသည် အာရှအိမ်ခြံမြေလုပ်ငန်းအတွက် ထိပ်တန်းရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမည့် နေရာတစ်ခု ပြန်ဖြစ်လာမည်ဖြစ်ကြောင်း၊ အစိုးရက စီးပွားရေးကို ဆက်လက်ဖွင့်ပေးပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တိုက်တွန်းအားပေးလာသည်နှင့်အမျှ ဈေးကွက်ခိုင်မာလာမည်ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသဖြင့် Property Guru အာရှအိမ်ခြံ မြေဆုပေးပွဲ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာတယ်ရီဘလက်ဘန်းနှင့် တွေ့ဆုံမေးမြန်းထားမှုများကို ပြန်လည်ဖော်ပြအပ်ပါသည်။

မြန်မာဈေးကွက်အနေနဲ့က ဘာအဓိကလိုအပ်တာလဲဆိုတော့ ဥပဒေတွေ စည်းကမ်းဥပဒေတွေမှာ ရှင်းရှင်းလင်းလင်း ဖြစ်မှုပေါ့နော်။ ဒါကလည်း နောက်ထပ်လိုအပ်တဲ့ အချက်ပေါ့နော်။

အိမ်ခြံမြေဈေးကွက်နဲ့ ပတ်သက်လို့ရှိရင်ပေါ့ . . .

 

■ မေး ။ လက်ရှိမြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက် အခြေအနေနဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဘယ်လိုမြင်ပါသလဲ။

■ဖြေ ။ ပထမဆုံးအနေနဲ့ဘာပြောချင် လဲဆိုရင်တော့ အဓိက,က လက်ရှိ ဈေးကွက်က အရင်ကနဲ့ ယှဉ်လို့ရှိရင် အရည်အသွေးကောင်းတဲ့ စီမံကိန်းတွေ အရည်အသွေးကောင်းတဲ့ လူနေအိမ်တို့ အရည်အသွေးကောင်းတဲ့ ပရောဂျက်တွေ ပိုများလာတယ်။ အဲဒါကို အဓိက တွေ့ရတယ်ပေါ့နော်။ ဒါကလူတွေအတွက်လည်း ရင်းနှီးမြှုပ်နှံတဲ့အခါမှာ  အရမ်းကောင်းတယ်။ ပိုပြီးတော့လည်း အလားအလာ ပိုရှိတာပေါ့နော်။ နောက်တစ်ခုကတော့ မြန်မာဈေးကွက်အနေနဲ့က ဘာအဓိကလို အပ်တာလဲဆိုတော့ ဥပဒေတွေ စည်းကမ်းဥပဒေတွေမှာ ရှင်းရှင်းလင်းလင်း ဖြစ်မှုပေါ့နော်။ ဒါက လည်းနောက်ထပ်လိုအပ်တဲ့ အချက်ပေါ့နော်။ အိမ်ခြံမြေဈေးကွက်နဲ့ ပတ်သက်လို့ရှိရင်ပေါ့။ နောက်တစ်ချက်ကတော့ Finance ပေါ့နော်၊ ၀ယ်သူတွေအနေနဲ့ ၀ယ်လိုအားများလာဖို့ဆိုရင် လူတွေက ၀ယ်နိုင်ဖို့အတွက် ပိုက်ဆံရှိမှရမှာလေ။ အဲဒီလိုမျိုး Mortgage လို့ခေါ်တဲ့ နိုင်ငံခြားမှာရတဲ့ အိမ်ခြံမြေ အိမ်နဲ့ပတ်သက်တဲ့ ချေးငွေတွေ၊ အဲဒီလိုချေးငွေတွေကို ပြည်သူတွေက ရလာမယ်ဆိုရင် ဈေးကွက်က သူ့အလိုလို ကောင်းလာမှာပဲပေါ့။

■ မေး ။ ဘယ်အချိန်လောက်မှာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်က ပြန်ကောင်းလာနိုင်မယ်လို့ ခန့်မှန်းထားပါသလဲ။

■ ဖြေ ။ အရေးအကြီးဆုံးကတော့ ခုနကပြောတဲ့ Mortgage ပေါ့နော်။ Finance အဲဒါရှိမှ လူတွေက ၀ယ်နိုင်မှာလေ၊ အခု မြန်မာပြည်ရဲ့ ဈေးကွက်ဘယ်လိုဖြစ်နေလဲဆိုတော့ ပိုက်ဆံကို အပြည့်အကုန်လုံးတစ်ခါတည်း ပေးပြီးတော့ ၀ယ်ရတဲ့ဟာမျိုး ဖြစ်တဲ့အခါကျတော့ ချမ်းသာတဲ့သူတွေပဲ အိမ်တွေပိုင်ရသလို ဖြစ်တာပေါ့နော်။ တစ်နိုင်ငံလုံး လူတန်းစားမရွေး အိမ်ပိုင်ဖို့ဆိုရင် အိမ်တွေဝယ်နိုင်ဖို့ ၀ယ်လိုအားမြင့်လာဖို့အတွက် လူတွေအနေနဲ့ Mortgage လို့ခေါ်တဲ့ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ချေးငွေတွေ။ အဲဒါမျိုးကို ပိုပိုပြီးတော့ ရနိုင်မယ့် အနေအထားရှိတော့မှ ဈေးကွက်ကလည်း ပိုပြီးတော့ ကောင်းလာမယ်။ နောက်တစ်ခုက Condominium Law/ Condominum Law ရှိလာမယ်။ သူကလည်း အသက်ဝင်လာမယ်ဆိုရင် အဲဒါကလည်း အများကြီးအကျိုးရပြီး ပံ့ပိုးမှု ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမယ့်သူတွေကို စိတ်ဝင်စားလာအောင်ပဲ လုပ်ပေးလို့ရတယ်။ အမှန်တကယ် ရင်းနှီးမြှုပ်နှံလို့ရမယ့် အနေအထားတွေကလည်း ဒီမှာရှိဖို့ လိုတာပေါ့နော်။ အဲဒီအတွက်ဆို ခုနက ပြောတာတွေလိုမယ်။ သေချာတဲ့တိကျတဲ့ ရှင်းလင်းပြီး ခိုင်မာတဲ့ဥပဒေတွေရှိဖို့ လိုတယ်။ ဒါတွေရှိလာတော့မှ ရင်းနှီးမြှုပ်နှံသူက ၀င်လာပြီး ဒီမှာရင်းနှီးမြှုပ်နှံချင်မှာပေါ့နော်။ ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတွေကိုလည်း တိုင်းပြည်က ဖွင့်ပေးဖို့ လိုတယ်။ အဲဒါမှ ဒီဈေးကွက်က အများကြီး ထောင်တက်လာမှာပဲ။

■ မေး ။ လက်ရှိမြန်မာနိုင်ငံမှာ ကွန်ဒိုဝယ်နိုင်တဲ့သူတွေက အရမ်းနည်းတယ်။ ဆောက်လုပ်ရေး ဈေးကွက်ကလည်း ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သလို ဖြစ်နေတယ်ဆိုတဲ့ သုံးသပ်မှုတွေရှိပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

■ ဖြေ ။ အဓိကတော့ Finance ကိုပဲ ပြောချင်ပါတယ်။ နောက်ထပ် ထပ်ထည့်ပြီး ပြောချင်တာကတော့ အရှေ့တောင်အာရှနဲ့ အာရှမှာဆိုလို့ရှိရင် အိမ်တွေဝယ်နိုင်တဲ့ဟာက ၁၅ နှစ်ပေါ့နော် အိမ်တွေဝယ်နိုင်ဖို့ အတွက် ချေးငွေထုတ်ပေးတာ။ ဥရောပနဲ့ အခြားနိုင်ငံတွေမှာဆိုရင် ၂၅ နှစ်၊ ၃၅ နှစ် အဲဒီလိုမျိုးတွေ အများကြီးရှိတယ်။ လူတွေအတွက် အိမ်တစ်လုံးဝယ်ဖို့အတွက် ဒီလိုနှစ်ရှည် ချေးငွေတွေရှိတော့ ပိုပြီးဝယ်နိုင်တာပေါ့နော် ဒါတွေတော့ မြင်တယ်။

■ မေး ။ ဒီမှာက အိမ်ဝယ်မယ့်သူတွေကိုရော ဆောက်လုပ်မယ့်သူတွေရောကို ဘဏ်တွေကနေ ပိုက်ဆံချေးပေးတာတွေဆို အားလည်းနည်းတယ်၊ အစိုးရကရောင်းတဲ့ တန်ဖိုးနည်းအိမ်ရာတွေမှာတော့ ဘဏ်နဲ့ချိတ်ဝယ်နိုင်တာတွေ ရှိလာပါပြီ။ ဒါတွေကရော အိမ်ခြံမြေဈေးကွက်ကို ဘယ်လိုမျိုးတွေ သက်ရောက်ပါလဲ။

■ ဖြေ ။ အဓိကပြောချင်တာကတော့ အခြားနိုင်ငံတွေမှာကျတော့ ဘဏ်တွေကတစ်အား Strong ဖြစ်တယ်။ ပိုက်ဆံရှိတယ်ပေါ့နော် ချေးဖို့အတွက် ပိုက်ဆံရှိတယ်။ အဲဒီပြည်တွင်း ဘဏ်လုပ်ငန်း အရမ်းဖွံ့ဖြိုးပြီး အဲဒီဘဏ်တွေက ပိုက်ဆံအများကြီးရှိပြီးတော့ လူတွေကို ချေးပေးနိုင်တော့မှ ဒီလိုဟာမျိုးကလုပ်ဖို့ ဖြစ်တာပေါ့နော်။ အဲလိုမျိုးဖြစ်ဖို့တော့ လိုအပ်တယ်။ ဒါမျိုးကလည်း  Law ရှိမှ အဆင်ပြေမှာ ပိုက်ဆံချေးတဲ့ အခါမှာလဲ ပိုက်ဆံရှိနေပေမယ့်လည်း Law က ကောင်းကောင်းမွန်မွန် မရှိဘူး။ တိကျရေရာတဲ့ဟာ မရှိဘူးဆိုရင်လည်း ချေးဖို့က အဆင်မပြေနိုင်ဘူး။ ဒါတွေအကုန်လုံးက ဆက်ဆက်နေတာပေါ့။ Condominium Law ထွက်လာပြီ ဆိုရင်တော့ ဘဏ်တွေကလည်း ယုံယုံကြည်ကြည်နဲ့ ချေးလာနိုင်မှာပေါ့နော်။ အဲဒါနှစ်ခုက ဆက်ဆက်နေတယ်။

■ မေး ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အိမ်ခြံမြေဈေးကွက်ကို ပိုပြီးဝင်လာရင် ပြည်တွင်း အိမ်ခြံမြေဈေးကွက်က ဘယ်လိုဖြစ်လာနိုင်မလဲ။ ဒီထက်ပိုဝင်လာဖို့ဆိုရင် မြန်မာနိုင်ငံအနေနဲ့က ဘယ်လိုမျိုး ဆောင်ရွက်သင့်လဲ။

■ဖြေ ။ အဓိက,က ဘာလဲဆိုတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတဲ့အခါမှာ အဲဒါကတော့ အမြဲတမ်း အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုပဲ။ ဈေးအတက်အကျဆိုတဲ့ ကိစ္စဆိုတာတွေကလည်း ဗီယက်နမ်မှာဆိုလို့ရှိရင် အရင်တုန်းက ဒနန်းဆိုတဲ့ မြို့ပေါ့နော် အဲဒီမြို့မှာဆို စစချင်းက Lacal ကပဲ ရင်းနှီးမြှုပ်နှံတယ်။ သူတို့နိုင်ငံတကာကို  Foreign Ownership Law နိုင်ငံခြားသားလဲ ပိုင်ဆိုင်ခွင့်ရှိတဲ့ ဥပဒေ ထုတ်လိုက်တဲ့အခါမှာ Regional က နိုင်ငံခြားသားတွေ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ အဲဒီမှာလာပြီးတော့ သူတို့ရဲ့အားလပ်ရက် အပန်းဖြေစရာအိမ် လာဆောက်တဲ့ ကိစ္စရပ်တွေ အများကြီးပေါ့ လုပ်လာကြတဲ့အခါမှာ အဲဒီဈေးကွက်က တစ်အားကို Bomb ဖြစ်လာတယ်။ အဲဒီနယ်မှာနေတဲ့သူတွေကိုလည်း အရမ်းအကျိုးပြုတယ်။ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံထားတဲ့သူတွေအတွက်လည်း အကျိုးဖြစ်သွားတယ်။ အဲဒီလိုဟာမျိုးဆို မြန်မာပြည်မှာ ငပလီ လိုဟာမျိုးကို အဲဒီလိုမျိုးသာ ဖွင့်ပေးလိုက်လို့ရှိရင် လူတွေအနေနဲ့  Beach တွေလို့ နိုင်ငံကာက လူတွေအနေနဲ့ Beach တွေလို့ဟာမျိုးမှာ ရင်းနှီးမြှုပ်နှံလာလို့ရှိရင် သူတို့နေဖို့ပဲ ဖြစ်ဖြစ်ပေါ့နော်။ အဲဒါမျိုးတွေ လုပ်လာနိုင်တဲ့ အနေအထားတွေ ရှိတယ်။ ဒါမျိုးဆိုရင် နိုင်ငံတကာကို ဖွင့်ပေးမှပဲ အဲဒါမျိုးက အဆင်ပြေမှာပေါ့နော်။ ဒါမျိုးကိစ္စမျိုးတွေ လုပ်လို့ရတာပေါ့နော်။ ဒါတွေဝင်လာဖို့ဆိုရင် အစိုးရအနေနဲ့ ဥပဒေအားနည်းချက်တွေကို ပြင်ဆင်သင့်တယ်။ ဥပမာ ထိုင်းဆိုနိုင်ငံခြားသား ကိုအိမ်ပိုင်ဆိုင်ခွင့်ပေးတာ ၃၅ နှစ် ရှိတယ်။ သူတို့ဈေးကွက်က အဲဒါကြောင်းမို့လည်း အာရှမှာ အရမ်းကြီးတာ။ နောက်ဗီယက်နမ်ဆိုရင် ၁၅ နှစ်ပေးတယ်။ စင်ကာပူဆိုလို့ရှိရင် နိုင်ငံခြားသားဝယ်လို့ရှိရင် အခွန်ကို အရမ်းမြှင့်ထားတယ်။ ဒါကြောင့် နိုင်ငံရဲ့ဝင်ငွေ အခွန်ကပိုရတယ်။

■ မေး ။ နောက်ထပ် ဖြည့်စွက်ပြောကြားချင်တာ ရှိရင်လည်း ပြောပြပေးပါ။

■ ဖြေ ။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ မြန်မာပြည်အတွက် အလားအလာ အကောင်းဆုံး ကဏ္ဍအိမ်ခြံမြေမှာ Resource ပေါ့နော်။ နိုင်ငံခြားသားတွေကလည်း ဒီကို ခရီးသွားတွေလာတယ်။ Resource Market က တကယ်ဖွင့်ပေးမယ်ဆိုရင် အဲဒီနေရာတွေမှာ ဒီထက်ပိုပြီး Bomb ဖြစ်နိုင်ဖို့ အလားလာတွေ အများကြီးရှိနေတာကို ကျွန်တော်အတွေ့အကြုံအရ မြင်ပါတယ်။

■မေး ။ ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

■ ဖြေ ။ ကျေးဇူးတင်ပါတယ်။