မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်ကိစ္စအတွက် ထိုင်းဝန်ကြီးချုပ်က မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်ကိစ္စအတွက် ထိုင်းဝန်ကြီးချုပ်က မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေး
Published 1 September 2017

ရခိုင်ပြည်နယ်အနောက်ပိုင်းတွင် အကြမ်းဖက်မှုများဖြစ်ပေါ်ပြီး ထောင်နှင့်ချီသောလူများ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ထွက်ပြေးခဲ့ရပြီးနောက် မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်ကိစ္စအတွက် ထိုင်းအစိုးရအဖွဲ့ ခေါင်းဆောင်များ နှင့် သြဂုတ် ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝေါင်ဆူဝမ်တို့နှင့် သီးခြားစီတွေ့ဆုံကာ ထိုင်းခေါင်းဆောင်များအား အခြေအနေရပ်များနှင့်ပတ်သက်၍ အကျဉ်းချုပ် ရှင်းပြခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်သော အခြားအကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့သည်။

ယင်းကဲ့သို့ ရှင်းလင်းမှုအရ မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များ၏ အနေအထားသည် ယခုအခါ ထိန်းချုပ်မှုအောက်၌ ရှိနေပြီဖြစ်ပြီး ထိုင်းနိုင်ငံအား ဂယက်ရိုက်စေနိုင်မှု ရှိမည်မဟုတ်ကြောင်း သိရသည်။ ပရာဝတ်က “သူတို့ ထိုင်းနိုင်ငံကို ရေယာဉ်တွေနဲ့ ရောက်လာဖွယ် မရှိနိုင်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ရောက်လာပါက လူသားချင်းစာနာထောက်ထားမှု အခြေခံသဘောအရ ထိုင်းနိုင်ငံအနေဖြင့် လိုအပ်သည့် အကူအညီ အထောက်အပံ့များပေးရန် လိုအပ်သည်ဟု ဆိုသည်။

ပရာယွတ်က “ဒါပေမဲ့ အခြေအနေက ပုံမှန်ပြန်ရောက်သွားရင်တော့ ကျွန်တော်တို့ အနေနဲ့ သူတု့ိကို နေရပ်ပြန်ပို့ရပါလိမ့်မယ်”  ဟုဆိုသည်။

လက်လုပ်ဖောက်ခွဲရေးပစ္စည်းများ၊ ဓားရှည်များနှင့် လက်နက်ငယ်အနည်းငယ်တို့ ကိုင်ဆောင်ထားသည့် ARSA ဟုခေါ်သော  စစ်သွေးကြွများသည် ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များမှ လုံခြုံရေးစခန်း ၃၀ ကို သြဂုတ် ၂၅ ရက်မှစ၍ တိုက်ခိုက်ခဲ့ကြပြီးနောက် ဘင်္ဂါလီ မွတ်စလင် ၁၈ç၅၀၀ ထက်မနည်းသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ထွက်ပြေးခဲ့ကြရသည်။

မြန်မာတပ်မတော်က ပြင်းထန်သော စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ခဲ့ရာ မြန်မာလုံခြုံရေးအရာရှိ တစ်ဒါဇင်အပါအဝင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာတပ်မတော်သည်လည်း တိုက်ပွဲ၌ ထိခိုက်ဆုံးရှုံးမှုများရှိသည်ဟု ပြောကြားခဲ့ကြောင်း ပရာဝတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်ကို ဖြန့်ချိခဲ့သည့် ၂၀၁၂ ခုနှစ် မှစ၍ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။ အကြမ်းဖက်မှုများကြောင့် လူများရာနှင့်ချီလျက် သေဆုံးပြီး ယင်းအချိန်မှစ၍ လူပေါင်း ၁၀၀,၀၀၀ ကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ယင်းတို့ထဲမှ အများအပြားသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်းထိစပ်နေသော ပြည်နယ်နှင့်ဒေသများမှနေ၍ အိန္ဒိယသမုဒ္ဒရာကိုဖြတ်ကာ ထိုင်းနိုင်ငံအပါအဝင် အခြားအရှေ့တောင်အာရှ နိုင်ငံများသို့ အန္တရာယ်များလှသော ခရီးစဉ်ဖြင့် သွားရောက်ခဲ့ကြသည်ဟု ဆိုသည်။

Ref း The Nation

Most Read

Most Recent