အင်ဒိုနီးရှားအိမ်အကူများကို ရောင်းချသည့် စင်ကာပူအွန်လိုင်းကြော်ငြာ ပြစ်တင်ဝေဖန်ခံရ

အင်ဒိုနီးရှားအိမ်အကူများကို ရောင်းချသည့် စင်ကာပူအွန်လိုင်းကြော်ငြာ ပြစ်တင်ဝေဖန်ခံရ
Published 20 September 2018

၂၀၁၂ ခုနှစ် မတ် ၆ ရက်တွင် စင်ကာပူ၌ အိမ်အကူအေဂျင်စီတစ်ခုသို့သွားရန် စောင့်ဆိုင်းနေသည့် အင်ဒိုနီးရှားအိမ်အကူများကို တွေ့ရစဉ် (Photo: AFP)

စင်ကာပူတွင် အင်ဒိုနီးရှားအိမ်အကူများကို ရောင်းချသည့် အွန်လိုင်းကြော်ငြာသည် မတရားသည့် သိက္ခာချမှုဖြစ်သည်ဟု စက်တင်ဘာ ၁၉ ရက်တွင် ပြစ်တင်ဝေဖန်ခံခဲ့ရသည်။ ယင်းသည် အိမ်အကူများနှင့် ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံများအကြား မကြုံစဖူး တင်းမာမှုတစ်ခုဖြစ်သည်။

စင်ကာပူသည် အိမ်အကူ ၂၅၀,၀၀၀ နီးပါးရှိသည့် နိုင်ငံဖြစ်ပြီး အများစုသည် အင်ဒိုနီးရှား (သို့မဟုတ်) ဖိလစ်ပိုင်တို့၏ ဆင်းရဲသောဒေသများမှဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် မလေးရှားနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အိမ်အကူများ ညှဉ်းပန်းနှိပ်စက်ခံရပြီး ခေါင်းပုံဖြတ်ခံရမှုတို့ကို ပုံမှန်ကန့်ကွက်ခဲ့သော်လည်း စည်းကမ်းတင်းကျပ်သော စင်ကာပူနိုင်ငံတွင် အိမ်အကူများကို ဆက်ဆံမှုနှင့် ပတ်သက်သည့် တိုင်ကြားချက်သည် နည်းပါးလှသည်။

အင်ဒိုနီးရှား အိမ်အကူများသည် မြို့ပြနိုင်ငံစင်ကာပူ၏ အွန်လိုင်းဈေးကွက် Carousell တွင် ရောင်းချခံနေရသည်ဆိုသော သတင်းများကို လူ့အခွင့်အရေးအဖွဲ့များက ပြစ်တင်ဝေဖန်ခဲ့ကြသည်။ အသုံးပြုသူအမည် “maid. recruitment” အောက်ရှိ ကြော်ငြာများတွင် အင်ဒိုနီးရှားမှ အိမ်အကူများ၏ ဝန်ဆောင်မှုများကို ဖော်ပြထားပြီး အချို့ကြော်ငြာများတွင် အိမ်အကူများကို ရောင်းချပြီးပြီဟု ပြသထားသည်။

အိမ်အကူများကို စင်ကာပူအခြေစိုက် အွန်လိုင်းဈေးကွက် Carousell တွင် မလျှော်မကန် ရောင်းချသည့် ဖြစ်စဉ်များကို သတိပြုမိကြောင်း၊ ယင်းကြော်ငြာများကို ဖြုတ်ချခဲ့ပြီး စုံစမ်းစစ်ဆေးမှု စတင်နေကြောင်း စင်ကာပူအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Ref: AFP

Most Read

Most Recent