ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံမည်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံမည်
Published 19 September 2018

Photo: AP

မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အတွက် စက်တင်ဘာ ၁၉ ရက်တွင် ရောက်ရှိလာသော ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရမီးဟန့် သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးက ထုတ်ပြန်ခဲ့သည်။ ဂျရမီးဟန့် သည် စက်တင်ဘာ ၂၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။

ဟန့်သည် နိုင်ငံရေးအကျဉ်းသားများ ထောက်ပံ့ကူညီရေးအသင်းသို့လည်း သွားရောက်တွေ့ဆုံပြီး လူ့အခွင့်အရေး ကာကွယ်သူများအကြောင်း ဆွေးနွေးသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်သို့လည်း သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးရုံး၏ ကြေညာချက်က ဆိုသည်။

Most Recent