ဗောက်စ်ဝက်ဂွန်က ပြယုဂ်ဖြစ်သော Beetle ကားများထုတ်လုပ်မှုကို ၂၀၁၉ ခုနှစ်တွင် ရပ်ဆိုင်းမည်

ဗောက်စ်ဝက်ဂွန်က ပြယုဂ်ဖြစ်သော Beetle ကားများထုတ်လုပ်မှုကို ၂၀၁၉ ခုနှစ်တွင် ရပ်ဆိုင်းမည်
Published 15 September 2018

ဇွန် ၂၄ ရက်တွင် ဘန်ဂလိုး၌ ဗောက်စ်ဝက်ဂွန်၏ Beetle ကားများကို တွေ့ရစဉ် (Photo - AFP)

ဂျာမနီကားကုမ္ပဏီကြီး ဗောက်စ်ဝက်ဂွန်သည် ပိုးကောင်များကို အခြေပြုသော ကားများ၏ နောက်ဆုံးပုံစံနှစ်မျိုးကို မိတ်ဆက်ရန်စီစဉ်ခဲ့ပြီးနောက် ၎င်းတို့၏ ပြယုဂ်ဖြစ်သော Beetle ကားများ ထုတ်လုပ်မှုကို ၂၀၁၉ ခုနှစ်တွင် ရပ်ဆိုင်းမည်ဟု စက်တင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။ ဗောက်စ်ဝက်ဂွန်က လျှပ်စစ်ကားများနှင့် ပိုမိုကြီးမားသော မိသားစုစီးကားများကို အာရုံစိုက်နေစဉ် အမိုးခုံးအမျိုးအစား ထိုဆီဒင်ကားများသည် ဘေးဖယ်ခံထားရသည်။

သို့သော် ၂၀၁၅ ခုနှစ်တွင် ထိခိုက်ဆုံးရှုံးမှု ကြီးမားသော ဒီဇယ်ဂိတ် အရှုပ်တော်ပုံ ကြုံခဲ့ရအပြီး အခန်းကဏ္ဍသစ်ဖွင့်လှစ်ရန် ကြိုးပမ်းနေဆဲဖြစ်သည့် ဗောက်စ်ဝက်ဂွန်က ဖင်လျှောတံခါးနှစ်ပေါက်ကားနှင့် ခေါက်အမိုးကားပုံစံများ၏ နောက်ဆုံးပုံစံနှစ်မျိုးကို မိတ်ဆက်ရန် စီစဉ်နေပြီး ယခင်ဗားရှင်းများ နှင့်တူညီမှုများရှိသည့် ထိုကားများ၏ ဈေးနှုန်းများသည် ဒေါ်လာ ၂၃၀၄၅ အနည်းဆုံး ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Beetle ကားများကို နာဇီခေတ်တွင် အာဏာရှင် အဒေ့ါဟစ်တလာထံမှ ထောက်ပံ့မှုရထားသော ဖာဒီနန်ပေါ်ရှေးက ပထမဆုံး ဖန်တီးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် ထိုဆီဒင်ကားများကို အမေရိကန်၌ ပွဲဦးထွက်ရောင်းချခဲ့သော်လည်း နာဇီနှင့် ဆက်စပ်မှု ရှိနေခြင်းကြောင့် ရောင်းလိုအားသည် အားနည်းခဲ့သည်။ ထိုကားသည် ၁၉၆၈ ခုနှစ်တွင် ဒစ္စနေ၏ ရုပ်ရှင် The Love Bug တွင် ပါဝင်ခဲ့ပြီး ပိုမိုထင်ရှားလာခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် အမေရိကန်၌ ထိုကားများ ရောင်းချမှုကို ရပ်ဆိုင်းခဲ့သော်လည်း မက္ကဆီကိုနှင့် ဘရာဇီးတို့တွင် ဆက်လက်ထုတ်လုပ်ခဲ့ကြောင်း Car and Driver က ထုတ်ပြန်ခဲ့သည်။

Ref ; AFP

Most Read

Most Recent