အာဖဂန်စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုအတွက် ICC တရားသူကြီးများအား ပိတ်ဆို့အရေးယူမည်ဟု အမေရိကန်တုံ့ပြန်

အာဖဂန်စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုအတွက် ICC တရားသူကြီးများအား ပိတ်ဆို့အရေးယူမည်ဟု အမေရိကန်တုံ့ပြန်
Published 11 September 2018

နယ်သာလန်ရှိသည် ဟိဂ်မှ အိုင်စီစီရုံး၏ အပြင်ဘက် မြင်ကွင်း (Photo: Reuters)

အာဖဂန်နစ္စတန်တွင် အမေရိကန်တို့ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုကို ရှေ့ဆက်ဆောင်ရွက်မည်ဆိုပါက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ၏ တရားသူကြီးများအား ပိတ်ဆို့အရေးယူမည်ဟု အမေရိကန်အစိုးရက စက်တင်ဘာလ ၁၀ ရက်တွင် ခြိမ်းခြောက်ခဲ့ပြီး ICC ကို ဒေါသတကြီး ရင်ဆိုင်ခဲ့သည်။

ဝါရှင်တန်ရှိ ရှေးရိုးစွဲအင်အားစု Federalist Society ကို ပြောကြားသော မိန့်ခွန်းတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က အမေရိကန်နိုင်ငံသားများနှင့် မဟာမိတ်များအား တရားမဝင်ခုံရုံးတစ်ခုမှ မမျှမတ အရေးယူမှုကို ကာကွယ်ရန် အမေရိကန်က နည်းလမ်းမျိုးစုံ အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။

ICC ကို ထူထောင်ခဲ့သည့် ရောမသဘောတူညီချက်ကို ၂၀၀၂ ခုနှစ်တွင် ယင်းအချိန်က အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က ဆန့်ကျင်ပြီး အတည်ပြု လက်မှတ်မထိုးခဲ့ပေ။ လက်ရှိသမ္မတဒေါ်နယ်ထရန့်မတိုင်မီ သမ္မတဟောင်း ဘာရက်အိုဘားမားလက်ထက်တွင် ထိုတရားရုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် ခြေလှမ်းအချို့ကို လှမ်းခဲ့သည်။

Most Read

Most Recent