ကြိုတင်ကာကွယ်၍ ရနိုင်သောရောဂါဖြင့် သေဆုံးသူ ၁၀ ဦးတွင် ခြောက်ဦးသည် ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းကြောင့် သေဆုံးခဲ့ရ

ကြိုတင်ကာကွယ်၍ ရနိုင်သောရောဂါဖြင့် သေဆုံးသူ ၁၀ ဦးတွင် ခြောက်ဦးသည် ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းကြောင့် သေဆုံးခဲ့ရ
Published 7 September 2018

၂၀၁၇ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် တရုတ်နိုင်ငံ လျောင်နင်းပြည်နယ် ရှန်းယန်ရှိ တရုတ်ဆေးတက္ကသိုလ်၏ ပထမဆေးရုံအတွင်းပိုင်းကို တွေ့ရစဉ် (Photo: AFP)

ကုသမှုများအား လုံလောက်စွာ မရရှိခြင်းထက် ပိုမိုဆိုးရွားသော အရည်အသွေး နိမ့်ပါးသည့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြောင့် ဝင်ငွေနိမ့်နှင့် အလယ်အလတ်ရှိသော နိုင်ငံများတွင် ကြိုတင်ကာကွယ်နိုင်သည့် အခြေအနေများနှင့် သေဆုံးမှု ၁၀ ဦးတွင် ခြောက်ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း Lancet ဆေးပညာဂျာနယ်တွင် စက်တင်ဘာ ၅ ရက်၌ ဖော်ပြခဲ့သည့် လေ့လာမှုတစ်ခုတွင် သုတေသနပညာရှင်များက ပြောကြားထားသည်။

နှစ်စဉ်နှစ်တိုင်း ထိုနိုင်ငံများတွင် စံမမီသော ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြောင့် လူငါးသန်းခန့် သေဆုံးနေရကြောင်း ထိုလေ့လာမှုတွင် ဖော်ပြခဲ့သည်။ ယင်းသည် ကုသနိုင်သော အခြေအနေများ၌ စုစုပေါင်း သေဆုံးမှု ၈ ဒသမ ၆ သန်းထဲတွင် ပါဝင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရရှိခြင်းကြောင့် သေဆုံးခဲ့မှု ၃ ဒသမ ၆ သန်းထက် ပိုမိုများပြားနေကြောင်း ယင်းအစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ ခြုံငုံပြောရလျှင် ကုသနိုင်သော အခြေအနေများ၌ သေဆုံးရမှုများကြောင့် ၂၀၁၅ ခုနှစ် တစ်နှစ်တည်း၌ ကမ္ဘာ့စီးပွားရေးကို ဒေါ်လာ ၆ ထရီလျံခန့်အထိ ဆုံးရှုံးစေခဲ့ကြောင်း ထိုပညာရှင်များက ပြောကြားခဲ့ကြသည်။

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်သည် အရည်အသွေးမြင့် စောင့်ရှောက်မှုအား လုံလောက်သော အာရုံစိုက်မှုမရှိဘဲ ထိုစောင့်ရှောက်မှုအား လူအများ ပိုမိုလက်လှမ်းမီနိုင်ရေးအတွက်သာ အာရုံစိုက်ခဲ့ကြကြောင်း ထိုအစီရင်ခံစာကို ပူးတွဲရေးသားသူနှင့် Lancet Global Health Commission ပူးတွဲဥက္ကဋ္ဌလည်းဖြစ်သူ မူဟာမက်ပိတ်က ပြောကြားခဲ့သည်။

အနိမ်ဆုံး အရည်အသွေးကို အာမ,မခံနိုင်ဘဲ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းသည် ထိရောက်မှုမရှိ၊ အချည်းနှီးနှင့် ကျင့်ဝတ်နှင့်မညီကြောင်း၊ အရည်အသွေးနိမ့်သော ကျန်းမာရေးစောင့်ရှောက်မှုများသည် ပျံ့နှံ့နေကြောင်း ၎င်းက သတိပေးခဲ့သည်။

စံမမီသော ကျန်းမာရေးစောင့်ရှောက်မှုများသည် နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါကြောင့် သေဆုံးမှုများ၏ ၈၄ ရာခိုင်နှုန်း၊ ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်နိုင်သည့် ရောဂါများဖြင့် သေဆုံးမှု ၈၄ ရာခိုင်နှုန်း၊ ကလေးမွေးပြီးနောက် ရောဂါများကြောင့် သေဆုံးမှုများ၏ ၆၁ ရာခိုင်နှုန်းကို ကိုယ်စားပြုနေကြောင်း သိရသည်။ စံမမီသော ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြောင့် သေဆုံးမှုများသည် အိန္ဒိယတွင် အမြင့်ဆုံးဖြစ်ပြီး တစ်နှစ်လျှင် ခန့်မှန်းခြေ သေဆုံးမှု ၁.၆ သန်းအတွက် တာဝန်ရှိကြောင်း ပညာရှင်များက ပြောကြားခဲ့ကြသည်။

Ref: AFP

Most Read

Most Recent