တရုတ်လုပ် ကားများအား အမေရိကန်၌ ရောင်းချမည့်အစီအစဉ်ကို Ford က ပယ်ဖျက်

တရုတ်လုပ် ကားများအား အမေရိကန်၌ ရောင်းချမည့်အစီအစဉ်ကို Ford က ပယ်ဖျက်
Published 2 September 2018

၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ကင်တက်ကီပြည်နယ်၌ Ford ၏ ကားပစ္စည်း တပ်ဆင်စက်ရုံအတွင်းပိုင်းကို တွေ့ရစဉ်

အမေရိကန်၏ အခွန်စည်းကြပ်မှုနှုန်းထားမှာ မြင့်တက်လာမည့် အလားအလာရှိသည့်အတွက် တရုတ်နိုင်ငံလုပ် ယာဉ်ငယ်များအား အမေရိကန်တွင် ရောင်းချရန် အစီအစဉ်ကို Ford Motor ကုမ္ပဏီက ဖျက်သိမ်းခဲ့သည်ဟု Ford ၏ မြောက်အမေရိကလုပ်ငန်းများဆိုင်ရာ အကြီးအကဲက သြဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သည် နောက်ထပ်ဒေါ်လာ ဘီလျံ၂၀၀ တန်ဖိုးရှိသော တရုတ်သွင်းကုန်များအပေါ် အခွန်များစည်းကြပ်ရန် ခြိမ်းခြောက်နေပြီး တရုတ်နှင့် အမေရိကန်ကြားမှ ကုန်သွယ်ရေးစစ်ပွဲမှာ အရှိန်မြင့်တက်လာစဉ် Ford က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထရန့်အစိုးရသည် တရုတ်ထုတ်ယာဉ် များအပေါ် မူလကတည်းက အခွန်၂၅ ရာခိုင်နှုန်း ချမှတ်ထားပြီးဖြစ်သည်။ ထို့ပြင် အမျိုးသား လုံခြုံရေးရှုထောင့်မှကြည့်ပြီး နိုင်ငံခြားမှ တင်သွင်းလာသည့် ယာဉ်များအားလုံးအပေါ် အခွန်စည်းကြပ်ရန် အဆိုပြုချက်ကိုလည်း ထရန့်က ချင့်ချိန်နေသည်။

တရုတ်၌ ထုတ်လုပ်သော Ford Active ကားကို လာမည့်နှစ်တွင်အမေရိကန်၌ ဖြန့်ရန်အစီအစဉ်အား ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ကြောင့် Ford ၏ အမေရိကန်ကား ရောင်းချရမှုအပေါ် သိသိသာသာမသက် ရောက်စေဘဲ အလုပ်အကိုင်များကိုလည်း ထိခိုက်မည်မဟုတ်ကြောင်း မြောက်အမေရိကဆိုင်ရာ Ford အကြီးအကဲ ကူမာဂေဟိုထရာက ပြောကြားခဲ့သည်။

 

Most Read

Most Recent