<

ဘင်္ဂါလီ ပဋိပက္ခကြောင့် ဒေါ်အောင်ဆန်းစုကြည် နုတ်ထွက်သင့်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဝေဖန်

Photo: AP

လွန်ခဲ့သောနှစ်က လူနည်းစုဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟု ဖော်ပြထား) မွတ်စလင်များကို မြန်မာတပ်မတော် ရက်စက်ကြမ်းတမ်းသော စစ်ဆင်ရေးနှင့်ပက်သက်၍ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နုတ်ထွက်သင့်ကြောင်း ရာထူးကထွက်ခွာတော့မည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက ပြောကြားသည်။

ဘင်္ဂါလီနှိပ်ကွပ်မှုကို လုပ်ဆောင်ရန် နိုဘယ်ဆုရ ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှုများသည် အလွန်နောင်တရစရာကောင်းသည်ဟု ဇာအစ်ရာအက်အယ်ဟူဆိန်က ဘီဘီစီကို ပြောကြားခဲ့သည်။

မျိုးဖြုတ်သတ်ဖြတ်ဖွယ်ရာ အလားအလာအတွက် မြန်မာ့စစ်ခေါင်းဆောင်များကို တရားစီရင်ရမည်ဟု ဖော်ပြထားသော ကုလသမဂ္ဂ အစီရင်ခံစာထွက်ပေါ်လာခဲ့ပြီးနောက် ၎င်း၏ဝေဖန်ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် သည်းခံသွားမည် မဟုတ်ကြောင်း ပြောဆိုလျက် အဆိုပါ အစီရင်ခံစာကို မြန်မာအစိုးရက ပယ်ချခဲ့သည်။

စနစ်တကျ လူမျိုးဖြုတ်သတ်သည်ဟု စွပ်စွဲခံနေရသော မြန်မာစစ်တပ်ကလည်း ၎င်းတို့အနေဖြင့် အပြစ်ကျူးလွန်ခဲ့ခြင်းမရှိဟု ယခင်က ပြောဆိုခဲ့သည်။

ဘင်္ဂါလီပဋိပက္ခကို တားဆီးရန် ပျက်ကွက်ခဲ့သည့်အတွက် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂအစီရင်ခံစာက အပြစ်တင်ခဲ့သည်။

“သူဟာ တစ်ခုခုလုပ်ပေးလို့ရတဲ့ အနေအထားမှာ ရှိနေတာပါ။ သူ့အနေနဲ့ ငြိမ်ငြိမ်လေးနေခဲ့သင့်တာပါ။ ဒါမှမဟုတ် ရာထူးကနေ နုတ်ထွက်သွားရင်တောင် ပိုကောင်းမှာပါ။ မြန်မာစစ်တပ်အတွက် ပြောရေးဆိုခွင့်ရှိသူတစ်ဦး
လုပ်ပေးဖို့ သူ့မှာဘာမှမလိုအပ်ပါဘူး။ ဒီနိုင်ငံရဲ့ နာမည်ခံခေါင်းဆောင်ဖြစ်လာဖို့ ကျွန်မပြင်ဆင်နေတာပါ။ ဒီလိုအခြေအနေမျိုးတွေမှာတော့ ကျွန်မကခေါင်းဆောင်မဟုတ်ကပါဘူးလို့ သူပြောခဲ့ရမှာ။” ဟု ဘီဘီစီ၏
အိုင်မိုဂန်ဖူးလ်ကက်စ်နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ဇာအစ်ရာအက်အယ်ဟူဆိန်က ပြောကြားခဲ့သည်။

Ref: bbc

August 30, 2018














Copy Protected by Chetan's WP-Copyprotect.