ကြွေးမြီမြင့်တက်လာသော ဆေးကျောင်းသားအားလုံးကို အခမဲ့ ကျောင်းတက်ခွင့်ပေးမည်ဟု နယူးယောက်တက္ကသိုလ် ကမ်းလှမ်း

ကြွေးမြီမြင့်တက်လာသော ဆေးကျောင်းသားအားလုံးကို အခမဲ့ ကျောင်းတက်ခွင့်ပေးမည်ဟု နယူးယောက်တက္ကသိုလ် ကမ်းလှမ်း
Published 18 August 2018

ပေးသွင်းနိုင်ခြင်းမရှိသော ကြွေးမြီများ မြင့်တက်လာခြင်းကို ဖြေရှင်းရန်နှင့် ကျောင်းသားသစ်များ ပိုမိုဝင်ရောက်လာနိုင်စေရန် လက်ရှိဆေးဘက်ဆိုင်ရာကျောင်းသားများ နှင့် နောင်တက်ရောက်မည့် ဆေးကျောင်းသားများကို ကျောင်းလခအခမဲ့နှင့် တက်ရောက်ခွင့်ပေးမည်ဟု သြဂုတ် ၁၆ ရက်တွင် နယူးယောက်တက္ကသိုလ်က ပြောကြားခဲ့သည်။

တက္ကသိုလ်အုပ်ချုပ်သူများ၊ ကျောင်းသားဟောင်းများနှင့် မိတ်ဆွေများ၏ စေတနာဖြင့် ငွေကြေးမတည်ပေးခဲ့သော အခမဲ့ ကျောင်းတက်ခွင့်သည် ငွေကြေးလိုအပ်ချက်များ သို့မဟုတ် ပညာရေးထူးချွန်မှုများနှင့် မသက်ဆိုင်ဘဲ နှစ်စဉ်ကြေးများတွင် ဒေါ်လာ ၅၅၀၁၈ အထိ လျှော့ချပေးလိုက်ခြင်း ဖြစ်သည်။ တစ်နှစ်ကို ပျမ်းမျှ ဒေါ်လာ ၂၇၀၀၀ ကုန်ကျသော နေထိုင်စရိတ်နှင့် အုပ်ချုပ်ရေးစရိတ်များ အကျုံးဝင်မည် မဟုတ်ပေ။

“ကြွေးမြီကြောက်ခမန်းလိလိမြင့်လာလို့ ဆရာဝန်ဖြစ်ချင်နေသူတွေ၊ ခွဲစိတ်ဆရာဝန် ဖြစ်ချင်နေသူတွေဆေးပညာရပ်ကို အသက်မွေးဝမ်းကျောင်း တစ်ခုအနေနဲ့ သင်ယူချင်ကြတာကို အဟန့်အတားလိုမျိုး မဖြစ်အောင်လို့ နယ်ပယ်အသီးသီးက ကျွန်တော်တို့လို ဆရာဝန်တွေက အကောင်းဆုံးဆောင်ရွက်ပေးတာလို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု နယူးယောက်တက္ကသိုလ် ဆေးပညာသင်ကျောင်း ဌာနမှူး ဒေါက်တာရောဘတ် ဂရောစမန်းက ပြောကြားခဲ့သည်။ အမေရိကန်တွင် ဆေးဘက်ဆိုင်ရာ ကျောင်းသားတစ်ဦးဘွဲ့ရရှိရေးအတွက် ပျမ်းမျှအကြွေးသည် ဒေါ်လာ ၂၀၂၀၀၀ ရှိနေချိန်တွင် နယူးယောက် တက္ကသိုလ်ကဲ့သို့သော ပုဂ္ဂလိက ကျောင်းတွင် ဒေါ်လာ ၃၀၀၀၀၀ ကျော် ကုန်ကျသည်ဟု သိရသည်။

 

 

Most Read

Most Recent